News

ဦးခေါင်းဒဏ်ရာ ပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း

ဦးခေါင်းဒဏ်ရာ ပြင်းထန်လွန်းတာကြောင့် အသက်အန္တာရာယ် စိုးရိမ်ဖွယ်ဖြစ်နေတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဖြစ်စဉ်တွင် Myanmar Press Photo Agency (MPA) မှ သတင်းထောက် ၂ ဦးလည်း ဒဏ်ရာရရှိပြီး အမျိုးသမီးသတင်းထောက်မှာ ဒဏ်ရာ အလွန်ပြင်းထန်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ ဆန္ဒပြမှုဖြစ်စဉ်များကို လိုက်ပါ သတင်းရယူနေသူ Myanmar Pressphoto Agency ၏ ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်းနှင့် ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကြည့်မြင်တိုင်ဖြစ်စဉ်တွင် ဖမ်းဆီးသွားခဲ့ကြောင်း MPA ဘက်က သတင်းထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် ကိုကောင်းဆက်လင်းနှင့် မမှူးရတနာခက်မို့မို့ထွန်းတို့ ရောက်ရှိသတင်း ရယူခဲ့သည်

Myanmar Pressphoto Agency ၏ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တွေ့မြင်ရပြီး မမှူးရတနာမှာ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း ပြောသည်။

“ကျနော်တို့တွေ့တာတော့ သတင်းထောက်အမက ကတ်နဲ့ လူနာတင်ကားပေါ်တင်သွားတယ်။ ဒဏ်ရာ အခြေအနေ အရမ်းဆိုးတဲ့ပုံပဲဗျ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက‌ ပြောသည်။

ကိုကောင်းဆက်လင်းနှင့် မမှူးရတနာခက်မို့မို့ထွန်းတို့သည် MPA သတင်းဌာနမှဖြစ်ပြီး လက်ရှိအချိန်တွင် သတင်းအစအန တစ်စုံတစ်ရာရရှိခြင်းမရှိဘဲ မိသားစုနှင့် မိတ်ဆွေများက စိတ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။

Zawgyi

ဦးေခါင္းဒဏ္ရာ ျပင္းထန္လြန္းတာေၾကာင့္ အသက္အႏၲာရာယ္ စိုးရိမ္ဖြယ္ျဖစ္ေနတဲ့ သတင္းေထာက္ မမႉးရတနာခက္မို႔မို႔ထြန္း

ရန္ကုန္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ျဖစ္စဥ္တြင္ Myanmar Press Photo Agency (MPA) မွ သတင္းေထာက္ ၂ ဦးလည္း ဒဏ္ရာရရွိၿပီး အမ်ိဳးသမီးသတင္းေထာက္မွာ ဒဏ္ရာ အလြန္ျပင္းထန္ေၾကာင္း သိရွိရသည္။

ရန္ကုန္ၿမိဳ႕ရွိ ဆႏၵျပမႈျဖစ္စဥ္မ်ားကို လိုက္ပါ သတင္းရယူေနသူ Myanmar Pressphoto Agency ၏ ဓာတ္ပုံ သတင္းေထာက္ ကိုေကာင္းဆက္လင္းႏွင့္ ႐ုပ္သံသတင္းေထာက္ မမႉးရတနာခက္မို႔မို႔ထြန္းတို႔ကို ဒီဇင္ဘာလ ၅ ရက္ေန႔တြင္ ျဖစ္ပြားခဲ့သည့္ ၾကည့္ျမင္တိုင္ျဖစ္စဥ္တြင္ ဖမ္းဆီးသြားခဲ့ေၾကာင္း MPA ဘက္က သတင္းထုတ္ျပန္သည္။

ယေန႔ ဒီဇင္ဘာ ၅ ရက္ေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ပန္းပင္ႀကီးလမ္းတြင္ ျပဳလုပ္ခဲ့သည့္ စစ္အာဏာရွင္ဆန႔္က်င္ေရးသပိတ္တြင္ ကိုေကာင္းဆက္လင္းႏွင့္ မမႉးရတနာခက္မို႔မို႔ထြန္းတို႔ ေရာက္ရွိသတင္း ရယူခဲ့သည္

Myanmar Pressphoto Agency ၏ ဓာတ္ပုံသတင္းေထာက္ ကိုေကာင္းဆက္လင္းကို ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ေတြ႕ျမင္ရၿပီး မမႉးရတနာမွာ အဆက္အသြယ္ မရဘဲ ေပ်ာက္ဆုံးေနေၾကာင္း ေျပာသည္။

“က်ေနာ္တို႔ေတြ႕တာေတာ့ သတင္းေထာက္အမက ကတ္နဲ႔ လူနာတင္ကားေပၚတင္သြားတယ္။ ဒဏ္ရာ အေျခအေန အရမ္းဆိုးတဲ့ပုံပဲဗ်” ဟု မ်က္ျမင္ေတြ႕ရွိသူတစ္ဦးက‌ ေျပာသည္။

ကိုေကာင္းဆက္လင္းႏွင့္ မမႉးရတနာခက္မို႔မို႔ထြန္းတို႔သည္ MPA သတင္းဌာနမွျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ သတင္းအစအန တစ္စုံတစ္ရာရရွိျခင္းမရွိဘဲ မိသားစုႏွင့္ မိတ္ေဆြမ်ားက စိတ္ပူပန္လ်က္ရွိေၾကာင္း သိရွိရသည္။
Crd