News

အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များအတွက် စားနပ်ရိက္ခာဖိုး​များ အလေးထားထောက်ပံ့လျက်ရှိ


ဒီဇင်ဘာလ ၄ ရက်နေ့။















အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များအတွက် စားနပ်ရိက္ခာဖိုး​များ အလေး ထားထောက်ပံ့လျက်ရှိ

ဒီဇင်ဘာလ ၄ ရက်နေ့။

ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)​တွေကို အ မျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရိက္ခာဖိုး​တွေ စတင်ထောက်ပံ့​ပေးနေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ​ပြောပါတယ်။

ထောက်ပံ့ရာမှာ တပ်ရင်းတစ်ခုချင်းစီရဲ့ လူဦးရေအလိုက်ထော က်ပံ့တာဖြစ်ပြီး လက်ရှိမှာ ရိက္ခာဖိုးအဖြစ် တစ်ဦးကို ကျပ် ၂,၀၀၀ နှုန်းထောက်ပံ့ပေး​နေတာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ရက်ကပဲ ကျနော်တို့တပ်ရင်းအတွက် ရိက္ခာဖိုးထုတ်ယူပြီးပါပြီ။ တပ်ရင်းထဲမှာရှိတဲ့လူဦးရေအလိုက် ရရှိတာဖြစ်ပါ သည်။ တစ်ယောက်ကို ၂,၀၀၀ နှုန်းနဲ့ပါ။

နောက်ပိုင်းမှာလဲ လက်နက်တပ်ဆင်ရေးအစီအစဉ် ထပ်လာမယ်လို့မျှော်လင့်ရပါတယ်”လို့ ကျောင်းသားခေါင်းဆောင်တစ်ဦးလည်းဖြစ် လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ကိုဇေယျာလွင်က သူ့ရဲ့လူမှု့ကွန်ရက်္မှာ အသိ​ပေးရေးသားထားပါသည်။

ဒါ့အပြင် Dawna Brothers PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း သူတို့တပ်ဖွဲ့ထံ NUGက ထောက်ပံ့မှု့ ဝင်ရောက်လာပြီဖြစ်တယ်လို့ အများပြုသူ​တွေကို အသိပေးထားပါတယ်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဆောင်သူတစ်ဦးကလည်း NUG ရဲ့ ရိက္ခာဖိုးထောက်ပံ့ငွေ​တွေ သူတို့တပ်ဖွဲ့ထံ ရေ ာက်ရှိလာပြီဖြစ်တယ်လို့ ​ပြောပါသည်။

“လူဦး​ရေ​ပေါ်မူတည်ပြီးခွဲတမ်းနဲ့ ထောက်ပံ့တာ”လို့ သူက ပြောပါသည်။

အမျိုးသားညီညွတ်ရေးအစိုး(NUG)ရဲ့ ကာကွယ် ရေးဝန်းကြီး ဦးရည်မွန်နဲ့ လူထုနွေဦးသတင်းဌာနတို့ ဆက်သွယ်မေး မြန်းချက်္မှာလည်း သူတို့အနေဖြင့် ရရှိလာတဲ့ ဘဏ္ဍာရေးအခြေအနေပေါ်မူတည်ပြီး PDF ​တွေကို ထောက်ပံပေးနေတယ်လို့ ဖြေကြားထားတာတွေ့ရပါသည်။

လက်ရှိမှာ ခုခံစစ်အတွက် အရေးတကြီးလိုအပ်​နေတဲ့လက်နက်တပ်ဆင်ပေးရေးအပိုင်းမှာလည်း PDF သင်တန်း ဆင်းအား လုံးကို လက်နက်တပ်ဆင်ပေးနိုင်ရေးမှာ ကြီးမားတဲ့ စိန်ခေါ်မှု့တစ်ရပ်ဖြစ်တယ်လို့ဝန်ကြီးက ပြောပါသည်။

“အဲဒီတော့ အခုလက်နက်တပ်ဆင်နိုင်မှုဆိုတာက ရန်ပုံငွေရရှိမှုနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ရန်ပုံငွေက ခွင့်ပြုသလောက်ရနိုင်သမျှ လက်နက်တွေကို ကျွန်တော်တို့ ဦးစားပေးအစီအစဉ်တိုင်း တပ်ဆင်ပေးနေတယ်လို့ပဲ ပြောချင်ပါတယ်”ဟု သူက​ပြောပါသည်။

NUGကရရှိထားတဲ့ စာရင်း​တွေအရ လက်ရှိမှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်​တွေ နိုင်ငံအနှံ့အ​ပြားမှာ တိုက်ပွဲဝင်နေပြီး ပုံစံသုံးမျိုးဖြင့် တည်ရှိနေပါတယ်။

တပ်မတော်တစ်ရပ်အ​နေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၊မြို့နယ်အလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ လူငယ်​တွေအစုအဖွဲ့အလိုက်လှုပ်ရှားနေတဲ့ LDF စသည်တို့ဖြစ်ပါသည်။

credit myanmarcelebrilitytv