Celebrity News

အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု(၁၀၀) ကို စားသောက်စရာနဲ့ အဝတ်အထည်တွေ လှူဒါန်းခဲ့တဲ့ ကလေးသရုပ်ဆောင် အားကိုးရာ

အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု(၁၀၀) ကို စားသောက်စရာနဲ့ အဝတ်အထည်တွေ လှူဒါန်းခဲ့တဲ့ ကလေးသရုပ်ဆောင် အား ကိုးရာ

ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့အတွက် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ စက်အဖွဲ့သားတွေနဲ့ တည်းဖြတ်သူတွေနဲ့ ဒါရိုက် တာကအရေးကြီးသလို သရုပ်ဆောင်တွေဟာလည်း အရေးအကြီးဆုံးအခန်းကဏ္ဍကနေ ပါဝင်နေကြတာပဲဖြစ်ပါတယ်။

အထူးသဖြင့် ကလေးသရုပ်ဆောင်တွေဟာလည်း အသက်ငယ်ပေမယ့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးစားရတာပဲဖြစ်ပါတယ်။

လက်ရှိ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပေးနေတဲ့ ကလေးသရုပျဆောာငျ အားကိုးရာကိုလည်း ပရိသတ်ကြီးသိကြမယ် ထင်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၄) ရက်နေ့ကတော့ ကလေးသရုပ်ဆောင် အားကိုးရာရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ အားကိုးရာဟာ သရုပ်ဆောင်ဝေလုရဲ့အကူအညီနဲ့

အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု (၁၀၀) ကို ဆန်၊ ဆီ နဲ့ အ ဝတ်အထည်တွေကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

အားကိုးရာကတော့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ကျွန်မကမဟေသီ ဇာတ်လမ်းတွဲမှာလည်း ကလေးသရုပ်ဆောင်တစ်ယောက်ထက်ပိုမိုပြီး အစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

Source: Wai Lus fb

Crd