News

အကြမ်းဖက်စစ်တပ်မှ ယမန်နေ့ညက ဆိုင်ကယ်မောင်းနှင်းလာသူအမျိုးသားနှစ်ဦးကို သေနတ်ဖြင့် ၄ချက်ပစ်ခတ်၊အလောင်းကို ဒီကနေ့နေ့လည် စစ်တပ်မှလာသိမ်းသွား

အကြမ်းဖက်စစ်တပ်မှ ယမန်နေ့ညက ဆိုင်ကယ်မောင်းနှင်းလာသူအမျိုးသားနှစ်ဦးကို သေနတ်ဖြင့် ၄ချက်ပစ်ခတ်၊အအျိုးသားတစ်ဦးဗိုက်ပွင့်သေဆုံး၊အလောင်းကို ဒီကနေ့နေ့လည် စစ်တပ်မှလာသိမ်းသွား

စစ်ကိုင်းတိုင်း၊မုံရွာမြို့ သာစည်လမ်း မြို့မရွှေဂူကျောင်းအနီးမှာ မနေ့က ဒီဇင်ဘာ၂ရက်နေ့ ည၈နာရီဝန်းကျင်ခန့်က အမျိုးသားလူငယ်နှစ်ဦး အလုပ်ကပြန်လညစဉ် ဆိုင်ကယ်နှစ်ယောက်ပိုးစီးလို့ အကြမ်းဖက်စစ်တပ်မှ လိုက်လံပစ်ခတ်ရာ တစ်ဦးဗိုက်ပွင့်ကျည်ထိမှန်ပြီး နေရာမှာတွင်သေဆုံးသွား၍ ကျန်အမျိုးသားတစ်ဦးမှာ လွတ်မြောက်သွားတယ်လို့ သိရှိရပါတယ်၊၊

အဲ့ဒီလူငယ်နှစ်ဦးသည် အလုပ်ကပြန်လာစဉ် အကြမ်းဖက်စစ်တပ်မှ ဆိုင်ကယ်တားရာ ရပ်မပေးလို့ နောက်ကနေ လိုက်လံပစ်ခတ်ခဲ့တာဖြစ်ပြီး ဗိုက်ပွင့်ကျည်ထိမှန်သည့် အမျိုးသားတစ်ဦးက “သူငယ်ချင်း၊ငါ့ကိုထားခဲ့၊မင်းလွတ်အောင်ပြေး”လို့ ပြောခဲ့သည်ဟု နီးစပ်ရာအသိုင်းအဝိုင်းထံမှ RNAသိရှိရပါတယ်၊၊

သေဆုံးသူ၏အလောင်းကို မိသားစုဝင်များက ညတွင်းချင်းပြန်ရခဲ့သော်လည်း ဒီကနေ့နေ့လည်ပိုင်းမှာ ဖက်ဆသ်စစ်တပ်မှ အလောင်းကို လာရောက်သိမ်းဆည်းသွားပြီး အလောင်းကိုပြန်လိုချင်လျှင် ထွက်ပြေးလွတ်မြောက်သွားနှင့်လာရောက်လှဲလှယ်ရမည်ဖြစ်ပြီး၊လာရောက်မလှဲလျှင် သေဆုံးသူ၏ရပ်ကံက်အတွင်းကို တစ်အိမ်တစ်ဆင်း ဝင်ရောက်ရှာဖွေမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်၊၊

၊RNA News
=====================================





RNA News