Celebrity News

ပြည်သူ့အချစ်တော်မင်းသား ရဲတိုက်ဟာ ရုံးချိန်းထွက်ချိန် ခဏအတွင်း ပရိတ်သတ်အတွက် အမှာစကားပြောကြား…

သဘာဝက်ၿပီး ထိမိပိုင္နိုင္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိတ္သတ္ေတြအၾကား ခ်စ္ခင္အားေပးမွုကို အျပည့္အဝရရွိခဲ့တဲ့ မင္းသားတစ္ဦးလို့ ဆိုလာရင္ေတာ့ မင္းသားရဲတိုက္ ကိုပဲဆိုရမွာျဖစ္ပါတယ္။

(Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

သူဟာ တကယ္ကို သဘာဝဆန္တဲ့ အႏုပညာဖန္တီးမွုမ်ားေၾကာင့္ စတင္ေရပန္းစားေက်ာ္ၾကားခဲ့တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ သူဟာ ျမန္မာနိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ အာဏာထိန္းခ်ဳပ္မွုျဖစ္စဥ္တြင္

ျပည္သူႏွင့္တစ္သားတည္းရပ္တည္ကာ ေတာ္လွန္ေရးလုပ္ငန္းအခ်ိဳ့ကို လွုပ္ရွားေဆာင္ရြက္ခဲ့မွုေၾကာင့္ စစ္ေကာင္စီရဲ့ ဖမ္းဆီးထိန္းသိမ္းျခင္းကိုခံေနရတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ယမန္ေန႔ နိုဝင္ဘာ(၂၄)ရက္ေန႔တြင္

မရမ္းကုန္းၿမိဳ့နယ္၌ သူ႔ရဲ့ ႐ုံးခ်ိန္း ရွိခဲ့တယ္လို့ၾကားသိရပါတယ္။ ထို႐ုံးခ်ိန္းမွ ေခတၱခဏထြက္လာခဲ့ရခ်ိန္တြင္ မင္းသားရဲတိုက္က ပရိတ္သတ္ႀကီးအား “ fighting ” လို့ေျပာေပးရန္ေတာင္းဆိုခဲ့ေၾကာင္း

႐ုံးခ်ိန္းသြားေရာက္ခဲ့သူတစ္ဦးကဆိုလာတာျဖစ္ပါတယ္။တစ္တိုင္းျပည္လုံးမွ စိုးရိမ္ပူပန္ေနရတဲ့ မင္းသားရဲတိုက္အေနနဲ႔လည္း သိပ္မၾကာခင္မွာ ျပန္လည္လြတ္ေျမာက္ပါေစလို့ဆုေတာင္းေပးလိုက္ရပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

သဘာဝကျပြီး ထိမိပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေအကြား ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ မင်းသားတစ်ဦးလို့ ဆိုလာရင်တော့ မင်းသားရဲတိုက် ကိုပဲဆိုရမှာဖြစ်ပါတယ်။

သူဟာ တကယ်ကို သဘာဝဆန်တဲ့ အနုပညာဖန်တီးမှုများကြောင့် စတင်ရေပန်းစားကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အာဏာထိန်းချုပ်မှုဖြစ်စဉ်တွင်

ပြည်သူနှင့်တစ်သားတည်းရပ်တည်ကာ တော်လှန်ရေးလုပ်ငန်းအချို့ကို လှုပ်ရှားဆောင်ရွက်ခဲ့မှုကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံနေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ယမန်နေ့ နိုဝင်ဘာ(၂၄)ရက်နေ့တွင်

မရမ်းကုန်းမြို့နယ်၌ သူ့ရဲ့ ရုံးချိန်း ရှိခဲ့တယ်လို့ကြားသိရပါတယ်။ ထိုရုံးချိန်းမှ ခေတ္တခဏထွက်လာခဲ့ရချိန်တွင် မင်းသားရဲတိုက်က ပရိတ်သတ်ကြီးအား “ fighting ” လို့ပြောပေးရန်တောင်းဆိုခဲ့ကြောင်း

ရုံးချိန်းသွားရောက်ခဲ့သူတစ်ဦးကဆိုလာတာဖြစ်ပါတယ်။တစ်တိုင်းပြည်လုံးမှ စိုးရိမ်ပူပန်နေရတဲ့ မင်းသားရဲတိုက်အနေနဲ့လည်း သိပ်မကြာခင်မှာ ပြန်လည်လွတ်မြောက်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ ခရက်ဒစ်