Celebrity News
ယွန်းယွန်းနဲ့ အကြောင်းတွေကို facebook ပေါ်မှာ မတင်ဖို့ မြတ်နိုးအိမ့်ကို တောင်းပန်ခဲ့တဲ့ စည်သူဝင်း ရဲ့ စာလေး
ယွန်းယွန်းနဲ့ အကြောင်းတွေကို facebook ပေါ်မှာ မတင်ဖို့ မြတ်နိုးအိမ့်ကို တောင်းပန်ခဲ့တဲ့ စည်သူဝင်း ရဲ့ စာလေး
ပရိတ်သတ်ကြီးရေ အခုဖော်ပြပေးမှာကတော့ လတ်တလော ခေတ်စားနေတဲ့ စည်သူဝင်းနဲ့ ယွန်းယွန်းတို့ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ စည်သူဝင်းဟာ ၆ နှစ်ကျော်လက်တွဲလာခဲ့တဲ့ ချစ်သူ မြတ်နိုးအိမ့်ကို သစ္စာဖောက်ပြီး
ငယ်ငယ်ကတည်းက အနုပညာ လောကမှာ အောင်မြင်မှု မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော် ယွန်းယွန်းနဲ့ ဖောက်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
အဲ့ဒီအကြောင်းတွေကို ချစ်သူဖြစ်တဲ့ မြတ်နိုးအိမ့်က သိရှိသွားလို့ လူမှုကွန်ယက်ပေါ်မှာ မတင်ဖို့ တောင်းဆိုလာခဲ့ပါတယ်။ စည်သူဝင်းရဲ့ တောင်းပန်စာလေးကတော့ “facebook ပေါ်လည်း တော်တော်ပွနေပါပီ ကဲ ရယ် ကိုယ်တောင်းပန်ပါတယ် ကိုယ်မကောင်းခဲ့ပေမယ့်
ကောင်းခဲ့ဖူးတာလေးတွေ တွေးပြီး တစ်ခါလောက်တော့ ငဲ့ပေးပါနော် ကိုယ်တို့အချင်းချင်း အပြင်မှာ ဖြေရှင်းလို့ရပါတယ်။ facebook ပေါ်တော့ မတင်ပါနဲ့ ကဲရယ် ကိုယ်တောင်းပန်ပါတယ် post လေး ပြန်ဖျက်ပေးပါနော်
ရှင်းမရဘဲ ပြဿနာတွေ အရမ်းကြီးသွားမှာ စိုးလို့ပါကဲရယ် ကိုယ့်မျက်နှာလေး ထောက်ပေးပါနော် ပြီးတော့ အဲ့လိုတေ တင်လို့ ကဲနဲ့ကိုယ် ပိုဝေးသွားမှာ ကြောက်လို့ပါ စိုးရိမ်လို့ပါ ကဲရယ် ကိုယ်တောင်းပန်ပါတယ် တကယ်ပါ ထပ်ပြီး မပတ်သက်တော့ပါဘူး
ကိုယ် ကတိပေးပါတယ် ဒါမျိုးထပ်ဖြစ်ရင် ကဲ လက်နဲ့ပဲ သတ်ပစ်လိုက်ပါ ကိုယ်တော်တော် တုံလှုပ်သွားပါပြီ ကဲနဲ့ ပြတ်တုန်း အကြံလည်းတောင်းရင်း ခဏတာ စိတ်ဖြေဖျောက်ဖို့အတွက် လုပ်မိတဲ့ အရာက ကဲနဲ့ လဲရမယ်ဆို ကိုယ်သေလိုက်ပါတော့်မယ်”
စည်သူဝင်းရဲ့ တောင်းပန်စာလေးကတော့ အဲ့လိုပါ။ ပရိတ်သတ်ကြီးလည်း စည်သူဝင်းနဲ့ ယွန်းယွန်းတို့နှစ်ယောက်ကို ဝေဖန်အကြံပြုပေးခဲ့ပါအုံးနော်။
crd