News
မြင်းမူမြို့နယ် မိဘပြည်သူများသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ကိုယ်စားအရေးပေါ်သတိပေးချက် ထုတ်ပြန်​ခြင်း
မြင်းမူမြို့နယ် မိဘပြည်သူများသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ကိုယ်စားအရေးပေါ်သတိပေးချက် ထုတ်ပြန်​ခြင်း ။
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
28/11/21
အကြမ်းဖက်စစ်ကောင်စီတပ်များသည် လူစိတ်ကင်းမဲ့စွာဖြင့် ကျေးဇူးရှင်ပြည်သူများအပေါ် ရက်စက် မှု့နည်းမျိုးစုံဖြင့် တိုက်ခိုက်လျှက်ရှိသည်။
သို့ဖြစ်ပါသောကြောင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်သူများ၏လုံခြုံစွာအသက်ရှင်နိုင်ရေးအတွက်ခုခံ ကာကွယ်တိုက်ခိုက် မှု့များဆောင်ရွက်ပေးခဲ့ပါသည်။
ထို့ကြောင့် ပြည်သူများအနေနဲ့အောက်ပါအရေးပေါ်ကြေညာချက် များကို တိကျစွာလိုက်နာပေးကြရန် ကြေညာပါသည်။
၁။လေကြောင်းတိုက်ခိုက် မှု များ ကြုံတွေ့နေချိန် ပြည်သူများအချင်းချင်း အဆောက်အဦး အမိုးအကာအောက်သို့ ဝင်ရောက်ခိုလှုံခွင့်ပြုကြပါရန်။
၂။ကျေးရွာများကိုစွန့်ခွာထွက်ပြေးနေရသူများ လယ်ကွင်းများထဲတွင် အစုလိုက် နေထိုင်ခြင်းများကိုရှောင်ရှားကြပါရန်။
၃။ဒေသအလိုက် ကာကွယ်ရေးအဖွဲ့များမှ စီမံဆောင်ရွက်ပေးသော နေရာများ၊ကျေးရွာများအတွင်းနေထိုင်ကြပါရန်။
၄။ပြည်သူများဆုတ်ခွာရာလမ်းကြောင်းများတွင် ကာကွယ်ရေးအဖွဲ့များမှ ထောင်ထားသောမိုင်းကွင်းများရှိပါသဖြင့် ကာကွယ်ရေးအဖွဲ့များခွင့်ပြုပေးသောလမ်းများကိုသာအသုံးပြု သွားကြရန်။
၅။အကြမ်းဖက်စစ်ကောင်များ အများအပြား (မိုးကာအုပ်ကားများဖြင့်)ဝင်ရောက်နေပါသဖြင့် ပြည်သူပြည်သား ကားပိုင်ရှင်များအနေဖြင့်မိုးကာအုပ်မောင်းနှင်ခြင်းလုံးဝ (လုံးဝ)မပြုကြပါရန်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့များကိုယ်စား
#မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး
#mmpdf
**************
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
28/11/21
#mmpdf
**************