Celebrity News

အိမ်ထောင်သက်(၁၆) နှစ်ပြည့်တဲ့အထိ သူမကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတဲ့ ခင်ပွန်းရဲ့သိတတ်မှုတွေကို ချီးကျူးခန်းဖွင့်လိုက်တဲ့ ရတနာခင်


တစ်ခေတ်တစ်ခါက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူကတော့ မင်းသမီးချောလေး ရတနာခင်ပဲ ဖြစ်ပါတယ်။

သူမကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလှုပ်ရှားမှုတွေ များစွာလုပ်ခဲ့ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ သရုပ်ဆောင်အဖြစ်ကနေ အပြီးတိုင်အနားယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ချစ်ရတဲ့ ခင်ပွန်း၊ သားလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ မနေ့ကတော့ ရတနာခင်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁၆) နှစ်ပြည့်တဲ့

နေ့ရက်လေး ဖြစ်ပါတယ်။ မကြာသေးခင်က ရတနာခင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်အိမ်ထောင်သက်(၁၆) နှစ်ပြည့်တဲ့အထိ သူမကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတဲ့ ခင်ပွန်းရဲ့သိတတ်မှုတွေကို ချီးကျူးခန်းဖွင့်လိုက်တာ ဖြစ်ပါတယ်။

” Happy 16 years Anniversary ပါ ယောက်ျားရေနှစ်ယောက်အတူတူမရှိရပေမယ့်စိတ်ချင်း ကတော့အနီးဆုံးမှာအတူတူရှိနေပါတယ်အခုချိန်မှာဆုတွေ အများကြီးမတောင်းတော့ပါဘူး

မိသားစုအေးချမ်းပျော်ရွှင်စွာ နှင့်အမြန်ဆုံးအတူတူပြန်ဆုံချင်ပါပြီ” ဆိုပြီး ရေးသားထားပြီး ပရိသတ်တွေအတွက်ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်

#credit