News

ကျောင်းဆရာမ ဘဝကနေ PDF အမျိူးသမီးငယ်လေးဖြစ်လာတဲ့ isla Jui

ကိုယ်က PDF Kalay တပ်ရင်း 2 က တပ်သားတစ်ယောက်ပါအရင်ကတော့ ကျောင်းဆရာမတစ်ယောက်ပေါ့Febလကတည်းက CDMလှုပ်ရှားမှုမှာပါဝင်ပြီးစစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တယ်CDM လုပ်ထားတော့ မိဘတွေက အဖမ်းခံရမှာစိတ်ပူကြတယ် အဲလိုနဲ့ Aprilလ ရောက်တော့ပညာရေးရုံးက Non CDM လုပ်ရင် လစာပြန်ပေးမယ်

ဝန်ခံကတိနဲ့ လက်မှတ်လာထိုးပါပေါ့ ပြန်ခေါ်တယ်အိမ်ကလူတွေကလည်း လက်မှတ်သွားထိုးဖို့ နေ့တိုင်းညတိုင်း မဲဆွယ်ကြတာအဲဒါနဲ့ ကိုယ်လည်းလက်မှတ်သွားထိုးမယ်လို့ပြောပြီး အိမ်ကနေ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဆင်းလာခဲ့လိုက်တယ် အိမ်ကလူတွေကိုလည်းအကုန်လုံးအဆက်အသွယ်ဖြတ်ပစ်ခဲ့တာ

အဲလိုပဲ အလေအလွင့်ဘဝနဲ့ နေလာရင်းစစ်သင်တန်းသွားရဖို့ အမြဲစုံစမ်းနေခဲ့တာJune လရောက်တော့ သူငယ်ချင်းရဲ့အဆက်အသွယ်နဲ့ CNF_CNA မှာ သင်တန်းသွားတက်ခဲ့တယ်ကိုယ်တို့ အပတ်စဉ်က 2လ တက်ရတဲ့အခြေခံစစ်သင်တန်းပေါ့ ဒီဘက်နယ်မှာတော့2လ အခြေခံသင်တန်းဆင်းတာ ကိုယ်တို့ကပထမဆုံးပေါ့

August လမှာ သင်တန်းဆင်းပြီးPDF Kalay တပ်ရင်း 2 မှာ တပ်သားအဖြစ်ဝင်ကြတယ်ကိုယ်တွေက တပ်စုတစ်စုအနေနဲ့ပေါ့ကိုယ်တို့တပ်စုက သင်တန်းသာဆင်းထားရတာဘယ်ကမှ အထောက်အပံ့မရှိလို့ လက်နက်လည်းမဝယ်နိုင်ဘူး တိုက်ပွဲတွေဖြစ်ရင်လည်းလက်နက်မရှိတော့ ဝင်မကူနိုင်ဘူး

တိုက်ပွဲဖြစ်တာနဲ့ တစ်ဖွဲ့လုံးပုန်းရတဲ့အနေအထားမှာပဲ ဖြစ်နေတယ်‘ငါတို့လည်း ပြန်ခံတိုက်ချင်တယ် မပုန်းချင်တော့ဘူး’ ဒီစကားကိုပဲ ခနခနပြောနေရတယ်ဒါကြောင့် မိဘပြည်သူများအနေနဲ့ ကိုယ်တတ်နိုင်သလောက်လေး လှူပေးကြစေချင်ပါတယ်

ဒီအဖွဲ့ကိုရော ဒီလူကိုရော ယုံလို့ရပါတယ်တော်လှန်ရေးအတွက်လှူတဲ့ငွေကိုတော်လှန်ရေးအတွက်ပဲဖြစ်စေရပါမယ်ပြည်သူတွေအတွက် အလုပ်ကိုရော အသက်ကိုရောပေးအပ်ထားပါတယ်ဗျာ…ကျေးဇူးပြုပြီး 50_100က အစ လှူပေးကြပါအုန်းလို့မေတ္တာရပ်ခံပါတယ်မရှင်းတာတို့ မေးချင်တာတို့ရှိရင်လည်းCbမှာ လာမေးလို့ရပါတယ်။

Credit