News

စစ်ဆင်ရေးအောင်မြင်ရန် အောင်သပြေပန်းပင် များစိုက်ပျိုး၍ ဘုရားလှူရန် စစ်ကောင်စီညွှန်ကြား

စစ်ဆင်ရေးအောင်မြင်ရန် အောင်သပြေပန်းပင် များစိုက်ပျိုး၍ ဘုရားလှူရန် စစ်ကောင်စီညွှန်ကြား

ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၈ ရက်

စစ်ကောင်စီက ၄င်းတို့၏လက်အောက်ခံတပ်ဖွဲ့ဝင်များ စစ်ဆင်ရေး(ရှေ့တန်း) ထွက်ရာတွင် အောင်မြင်နိုင်ရန်အတွက်တပ်ရင်း/တပ်ဖွဲ့များတွင် တည်ထားသည့် ဘုရား၊စေတီများ၊ ဓမ္မာရုံနှင့်တပ် ရင်းမှူးအိမ်ရှိဘုရားတို့တွင် အောင်သပြေပန်းများ ဝေဝေဆာဆာကပ်လှူကြရန် ကြေးနန်းစာဖြင့်ညွှန်ကြားထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှေ့တန်းထွက်ချိန်တွင် လည်း ကျန်ရစ်သည့်မိသားစုများမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား အောင်သပြေပန်းများဖြင့် ဝေ ဝေဆာဆာ ပို့ဆောင်ပေးရမည်ဟု ညွှန်ကြားထား သည်။

ထို့ပြင် တပ်ရင်း/တပ်ဖွဲ့များတွင်လည်း အောင်သ ပြေပန်းပင်များ အောင်မြင်ရှင်သန်အောင် စိုက် ပျိုးသွားရန်နှင့် စိုက်ပျိုးထားရှိမှုအခြေအနေအား ဗီဒီယိုဖိုင်နှင့်ပြန် လည်တင်ပြသွားရမည်ဟု ရေး သားထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့များတွင်လည်း စစ်သည်မိန်းမများ စုရုံး၍ တပတ်လျှင်တကြိမ် ဓမ္မာစကြာသုတ်များနှင့် မဟာသမယသုတ်များကိုလည်း ရွတ်ဖတ်ရန်ညွှန်ကြားထား ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံတဝှမ်း တိုင်းရင်းသားလက် နက်ကိုင်များ၊ ဒေသအလိုက်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက် ပွဲများပြင်းထန်နေပြီး မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များ၏ ဝင်ရောက်ပစ် ခတ်မှုများကြောင့် ထိ ခိုက်ကျဆုံးမှုများ များပြားလျက်ရှိသည်။

လက်ရှိတွင် စစ်ကောင်စီမှ စစ်ကိုင်းတိုင်းနှင့်ချင်း ပြည် နယ်တို့တွင် အလောင်းမင်းတရားစစ်ဆင် ရေးနှင့် အနော်ရထာစစ်ဆင်ရေးဟု အမည်ပေး ကာ တိုင်း၊ တပ်မ၊ တပ် ရင်း/တပ်ဖွဲ့ အများအပြားအသုံးပြု၍ ထိုးစစ်ဆင်နေကြောင်း သိရသည်။

စစ္ဆင္ေရးေအာင္ျမင္ရန္ ေအာင္သေျပပန္းပင္ မ်ားစိုက္ပ်ိဳး၍ ဘုရားလႉရန္ စစ္ေကာင္စီညႊန္ၾကား

ဧရာဝတီတိုင္းမ္ နိုဝင္ဘာ ၁၈ ရက္

စစ္ေကာင္စီက ၄င္းတို႔၏လက္ေအာက္ခံတပ္ဖြဲ႕ဝင္မ်ား စစ္ဆင္ေရး(ေရွ႕တန္း) ထြက္ရာတြင္ ေအာင္ျမင္နိုင္ရန္အတြက္တပ္ရင္း/တပ္ဖြဲ႕မ်ားတြင္ တည္ထားသည့္ ဘုရား၊ေစတီမ်ား၊ ဓမၼာ႐ုံႏွင့္တပ္ ရင္းမႉးအိမ္ရွိဘုရားတို႔တြင္ ေအာင္သေျပပန္းမ်ား ေဝေဝဆာဆာကပ္လႉၾကရန္ ေၾကးနန္းစာျဖင့္ညႊန္ၾကားထားေၾကာင္း သိရသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေရွ႕တန္းထြက္ခ်ိန္တြင္ လည္း က်န္ရစ္သည့္မိသားစုမ်ားမွ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားအား ေအာင္သေျပပန္းမ်ားျဖင့္ ေဝ ေဝဆာဆာ ပို႔ေဆာင္ေပးရမည္ဟု ညႊန္ၾကားထား သည္။

ထို႔ျပင္ တပ္ရင္း/တပ္ဖြဲ႕မ်ားတြင္လည္း ေအာင္သ ေျပပန္းပင္မ်ား ေအာင္ျမင္ရွင္သန္ေအာင္ စိုက္ ပ်ိဳးသြားရန္ႏွင့္ စိုက္ပ်ိဳးထားရွိမႈအေျခအေနအား ဗီဒီယိုဖိုင္ႏွင့္ျပန္ လည္တင္ျပသြားရမည္ဟု ေရး သားထားေၾကာင္း သိရသည္။

စစ္ေကာင္စီတပ္ရင္း၊တပ္ဖြဲ႕မ်ားတြင္လည္း စစ္သည္မိန္းမမ်ား စု႐ုံး၍ တပတ္လၽွင္တႀကိမ္ ဓမၼာစၾကာသုတ္မ်ားႏွင့္ မဟာသမယသုတ္မ်ားကိုလည္း ရြတ္ဖတ္ရန္ညႊန္ၾကားထား ေၾကာင္း သိရသည္။

စစ္ေကာင္စီအေနျဖင့္ နိုင္ငံတဝွမ္း တိုင္းရင္းသားလက္ နက္ကိုင္မ်ား၊ ေဒသအလိုက္ဖြဲ႕စည္းထားသည့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ တိုက္ ပြဲမ်ားျပင္းထန္ေနၿပီး ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕ဝင္မ်ား၏ ဝင္ေရာက္ပစ္ ခတ္မႈမ်ားေၾကာင့္ ထိ ခိုက္က်ဆုံးမႈမ်ား မ်ားျပားလ်က္ရွိသည္။

လက္ရွိတြင္ စစ္ေကာင္စီမွ စစ္ကိုင္းတိုင္းႏွင့္ခ်င္း ျပည္ နယ္တို႔တြင္ အေလာင္းမင္းတရားစစ္ဆင္ ေရးႏွင့္ အေနာ္ရထာစစ္ဆင္ေရးဟု အမည္ေပး ကာ တိုင္း၊ တပ္မ၊ တပ္ ရင္း/တပ္ဖြဲ႕ အမ်ားအျပားအသုံးျပဳ၍ ထိုးစစ္ဆင္ေနေၾကာင္း သိရသည္။