Celebrity News

ယနေ့ချင်းပြည်နယ်ထန်တလန်းမြို့အတွက် ဒေါ်လာ ၂၀၀၀၀ လှူဒါန်းပေးခဲ့တဲ့ အဆိုတော်ကျားပေါက်

နိုင်ငံကျော်အဆိုတော် ကျားပေါက်လက်နဲ့ရေးဆွဲထားတဲ့ Doodle Art အိတ် ၉ လုံးကို ယနေ့ည ရး၃၀ အချိန်ကစပြီးမနက်ဖြန် နိုဝင်ဘာ ၉ ရက်ည ရး၃ဝအချိန်ထိ အိတ်ပိတ်တင်ဒါနဲ့ ပန်ဆယ်လိုက ရောင်းချနေပါတယ်။

အိတ်ရောင်းရငွေကနေရရှိတဲ့ ငွေကြေးအားလုံး ချင်းပြည်နယ် ထန်တလန်မြို့ ပြည်သူတွေအတွက် ပေးလှူသွားမယ်လို့လည်းဖော်ပြထားပါတယ်။

အိတ်ဟာ ၁၀ အိတ်သာထုတ်လုပ်ထားပြီး ၁ အိတ်ကိုတော့ Bipolar Bear Page ကနေ မဲဖောက်ပေးမှာပါတယ်။အိတ်ရဲ့ ကြမ်းခင်းစျေးကို ဒေါ်လာ ၅၀၀ သတ်မှတ်ထားပြီး ဝယ်ယူလိုပါက

မိမိပေးနိုင်တဲ့ အမြင့်ဆုံးစျေးနှုန်းကိုအိတ်နံပါတ်နဲ့အတူ ပန်ဆ ယ်လို မေဆင်ဂျာကိုပေးပို့ရမှာဖြစ်ပါတယ်။ စျေးအမြင့်ဆုံးပေးတဲ့သူကို နောက်ဆုံးနာရီတွင်သာ ကြေညာသွားမှာဖြစ်ပါတယ်။

တစ်နာရီအတွင်းမှာ ကမ်းလှမ်းလာသူ ၃၀ ကျော်ရှိပြီး အိတ်တစ်လုံးအတွက် ဒေါ်လာ ၂၀၀၀ အထိ ပေးဝယ်ချင်တဲ့သူတွေရှိကြောင်းသိရတယ်။

Zawgyi/

နိုင်ငံကျော်အဆိုတော် ကျားပေါက်လက်နဲ့ရေးဆွဲထားတဲ့ Do odle Art အိတ် ၉ လုံးကို ယနေ့ည ရး၃၀ အချိန်ကစပြီးမနက်ဖြန် နိုဝင်ဘာ ၉ ရက်ည ရး၃ဝအချိန်ထိ အိတ်ပိတ်တင်ဒါနဲ့ ပန်ဆယ်လိုက ရောင်းချနေပါတယ်။

Crd