Knowledge

နှစ်(၃၀)မှာတစ်ခါ ကျောက်ဥတွေ ဥတယ်ဆိုတဲ့ တရုတ်နိုင်ငံက ချောက်ကမ်းပါးတစ်ခု

တရုတ်နိုင်ငံ၊ Qiannan Buyei နဲ့ Miao Autono mous ဒေသအတွင်းမှာတည်ရှိတဲ့ ကျောက်တောင်တစ်ခုမှာ မည်သည့် အကြောင်းကြောင့် ဖြစ်ပေါ်နေတယ်ဆိုတာ မသိရသေးတဲ့

ဥသဏ္ဍာန် ကျောက်တုန်းကြီးတွေ ဖြစ်တည်နေပါတယ်။ အဆို ပါ ကျောက်လုံးကြီးတွေဟာ အတော်အတန် ကြီးမားပြီး၊ ပြောင်ချောနေကြောင်း The Sun က ဆိုပါတယ်။

ဒေသခံတွေရဲ့အဆိုအရ အဲဒီ ကျောက်လုံးကြီးတွေဟာ ချော က်ကမ်းပါးမှ ရွာဆီကို လိမ့်လိမ့်ကျလာတာမျိုးတောင် ရှိလို့ အန္တရာယ်လည်း ရှိတယ်လို့ သိရပါတယ်။ တော်တော်များများကတော့ ကျောက်လုံးကြီးတွေဟာ ကျောက်တောင်ရဲ့ အသားထဲမှာ မြှုပ်ဝင်နေဆဲပါ။

ဘူမိပညာရှင်တွေကတော့ ဒီကျောက်လုံးကြီးတွေကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး၊ ဖြေရှင်းချက်တော့ မထုတ်ပြန်နိုင်သေးပါဘူး။ ဒေသခံတွေကတော့ ကျောက်တောင်ကနေ ကျောက်ဥတွေ ဥတာလို့ ယူဆနေပါတယ်။

သူတို့ အဆိုအရ ကျောက်တောင်ကြီးဟာ နှစ် 30 မှာ တစ်ခါ ကျောက်ဥတွေ ဥလေ့ရှိတယ်လို့ ယုံကြည်နေကြပါတယ်။ဒီကျောက်တုံးတွေကို ရွာသားတွေက ယူလာလေ့ရှိကြပြီး၊ သူတို့အတွက် ကံကောင်းစေတဲ့ အဆောင်တွေလို့ ယုံကြည်ကြပါတ ယ်။

ကျောက်လုံးတွေ ဥတဲ့တောင်ကို Chan D Ya လို့ ခေါ်တွင်ပြီး၊ “Egg-producing cliff” လို့ အဓိပ္ပါယ်ရပါတယ်။ လောလောဆယ် ဘူမိဘက်က တွေ့ရှိမှုအရ ဒီကျောက်တုံးတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း 500 လောက်ကတည်းက ဖြစ်တည်ခဲ့တာလို့ ဆိုပါတယ်။

ကမ်ဘရီယံဘူမိခေတ်ကတည်း ဖြစ်တည်ခဲ့ပြီး ဒီကျောက်တောင်တွေဟာ Mount Gandeng ရဲ့ တောင်ကွဲတွေ ဖြစ်ကြပြီး၊ တစ်ချို့နိုင်ငံတွေမှာလည်း ဒီလိုပုံစံတောင်မျိုး ရှိကြောင်းဆိုပါတယ်။ ဒါပေမယ့်

ဘယ်လိုလုပ် ဒီလို ကျောက်လုံးတွေ ဖြစ်နေတယ်ဆိုတာကိုတော့ သူတို့လည်း စမ်းသပ်နေဆဲပါ။ အခု ကျောက်လုံးတွေတည်ရှိရာ ချောက်ကမ်းပါးဟာ 20 မီတာ ရှည်ပြီး၊ 6 မီတာ အမြင့်ရှိပါတယ်။

Credit

Zawgyi

တ႐ုတ္ႏိုင္ငံ၊ Qiannan Buyei နဲ႔ Miao Autonomous ေဒသအတြင္းမွာတည္ရွိတဲ့ ေက်ာက္ေတာင္တစ္ခုမွာ မည္သည့္ အေၾကာင္းေၾကာင့္ ျဖစ္ေပၚေနတယ္ဆိုတာ မသိရေသးတဲ့

ဥသ႑ာန္ ေက်ာက္တုန္းႀကီးေတြ ျဖစ္တည္ေနပါတယ္။ အဆိုပါ ေက်ာက္လုံးႀကီးေတြဟာ အေတာ္အတန္ ႀကီးမားၿပီး၊ ေျပာင္ေခ်ာေနေၾကာင္း The Sun က ဆိုပါတယ္။

ေဒသခံေတြရဲ႕အဆိုအရ အဲဒီ ေက်ာက္လုံးႀကီးေတြဟာ ေခ်ာက္ကမ္းပါးမွ ႐ြာဆီကို လိမ့္လိမ့္က်လာတာမ်ိဳးေတာင္ ရွိလို႔ အႏၲရာယ္လည္း ရွိတယ္လို႔ သိရပါတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေက်ာက္လုံးႀကီးေတြဟာ ေက်ာက္ေတာင္ရဲ႕ အသားထဲမွာ ျမႇဳပ္ဝင္ေနဆဲပါ။

ဘူမိပညာရွင္ေတြကေတာ့ ဒီေက်ာက္လုံးႀကီးေတြကို စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္ေနဆဲျဖစ္ၿပီး၊ ေျဖရွင္းခ်က္ေတာ့ မထုတ္ျပန္ႏိုင္ေသးပါဘူး။ ေဒသခံေတြကေတာ့ ေက်ာက္ေတာင္ကေန ေက်ာက္ဥေတြ ဥတာလို႔ ယူဆေနပါတယ္။

သူတို႔ အဆိုအရ ေက်ာက္ေတာင္ႀကီးဟာ ႏွစ္ 30 မွာ တစ္ခါ ေက်ာက္ဥေတြ ဥေလ့ရွိတယ္လို႔ ယုံၾကည္ေနၾကပါတယ္။ဒီေက်ာက္တုံးေတြကို ႐ြာသားေတြက ယူလာေလ့ရွိၾကၿပီး၊ သူတို႔အတြက္ ကံေကာင္းေစတဲ့ အေဆာင္ေတြလို႔ ယုံၾကည္ၾကပါတယ္။

ေက်ာက္လုံးေတြ ဥတဲ့ေတာင္ကို Chan D Ya လို႔ ေခၚတြင္ၿပီး၊ “Egg-producing cliff” လို႔ အဓိပၸါယ္ရပါတယ္။ ေလာေလာဆယ္ ဘူမိဘက္က ေတြ႕ရွိမႈအရ ဒီေက်ာက္တုံးေတြဟာ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း 500 ေလာက္ကတည္းက ျဖစ္တည္ခဲ့တာလို႔ ဆိုပါတယ္။

ကမ္ဘရီယံဘူမိေခတ္ကတည္း ျဖစ္တည္ခဲ့ၿပီး ဒီေက်ာက္ေတာင္ေတြဟာ Mount Gandeng ရဲ႕ ေတာင္ကြဲေတြ ျဖစ္ၾကၿပီး၊ တစ္ခ်ိဳ႕ႏိုင္ငံေတြမွာလည္း ဒီလိုပုံစံေတာင္မ်ိဳး ရွိေၾကာင္းဆိုပါတယ္။ ဒါေပမယ့္

ဘယ္လိုလုပ္ ဒီလို ေက်ာက္လုံးေတြ ျဖစ္ေနတယ္ဆိုတာကိုေတာ့ သူတို႔လည္း စမ္းသပ္ေနဆဲပါ။ အခု ေက်ာက္လုံးေတြတည္ရွိရာ ေခ်ာက္ကမ္းပါးဟာ 20 မီတာ ရွည္ၿပီး၊ 6 မီတာ အျမင့္ရွိပါတယ္။

Credit