News

ယနေ့တောထဲမှာ လတ်မှတ်ထိုးခဲ့ကြသည့် PDF လူငယ် စုံတွဲလေး ၃ တွဲ

PDF စစ်သားဘ၀မှာ ဆိုးတူကောင်းဘက် ဒုက္ခအထပ်ထပ်အတူတူရင်ဆိုင်ခဲ့ကြပြီး သံယောဇဉ်တွေ တွယ်လာခဲ့တဲ့ချစ်သူစုံတွဲလေး (၃)တွဲဟာ

ဒီနေ့မှာဆိုရင်တော့PDF TC တပ်ခွဲရုံးရဲ့ တရား၀င်ကြင်လင်မယားဖြစ်စေတဲ့မင်္ဂလာပွဲလေးကို ဗိုလ်ကြီးနဲ့PDF ရဲဘော်တို့အားအသိသက်သေထားပြီးစခန်းမှာပဲ ပျော်ရွှင်စွာကျင်းပလိုက်ပါတယ်ခင်ဗျာ။

မြန်မာတစ်နိုင်ငံလုံး စစ်အာဏာသိမ်းတဲ့အောက်ရောက်နေတာတောင် တောထဲမှာမင်္ဂလာပွဲလုပ်နိုင်သေးတယ်လို့တော့ မထင်ကြပါနဲ့ခင်ဗျာစစ်အာဏာသိမ်းတာကို နာကျည်းမုန်းတီးလို့
အားလုံးကိုစွန့်လွှတ်ပြီးတော့ တောထဲမှာဒုက္ခခံ စစ်ပညာတွေလာသင်ကြတဲ့ ရဲဘော်များဖြစ်ပါတယ်။

PDF ‌ရဲဘော်တွေဟာ အရာအားလုံးဆုံးရှုံးလို့အဖော်မဲ့နေတဲ့အချိန်ဒီလိုအချစ်စိတ်လေးနဲ့တွေ့လို့သာ ခွန်အားတွေ ပြန်လည် လတ်ဆတ်ခဲ့တယ်။ဒီအချစ်စိတ်ကပဲ တော်လှန်ရေးအောင်မြင်ဖို့အတွက်2ဆလောက် အလုပ်ပြီးစေတယ်လို့ ထင်မိပါတယ်။

   ဒီပွဲလေးက တကယ်ကို အကျဉ်းချုပ်ပြုလုပ်လိုက်တာပါ။ဘယ်မိဘ ဘယ်ဆွေမျိုးမှဖိတ်ကြားခြင်းမရှိပဲကိုယ်ချစ်ရတဲ့ချစ်သူကို ဆုံးရှုံးမခံလိုတဲ့စိတ်နဲ့အသက်ပြည့်အသိဉာဏ်ရှိတဲ့ ဦးနှောက်ရေ ာ နှလုံးသားနဲ့ပါဆုံးဖြတ်ပြီးရွေးချယ်ခဲ့တဲ့ ချစ်သူစုံတွဲများဖြစ်ကြပါတယ်။

ဒီမင်္ဂလာပွဲကတော့ တခြားမင်္ဂလာပွဲတွေထက်ပိုထူးဆန်းနေမယ်၊ပိုပြီးတော့ချိုမြိန်မယ်။ပိုပြီးတော့အမှတ်တရတွေနဲ့ပြည့်နက်နေလိမ့်မယ်။

ဒီစုံတွဲတွေရဲ့ မတရားမှုကိုအဆုံးထိတွန်းလှန်မယ့် ခံယူချက်တွေကခိုင်မာတဲ့အတွက်ကြောင့်ဒီအကြင်လင်မယား မွေးဖွားလာမယ့်
သားသမီးရတနာများကလဲ မတရားမှုနောက်ထပ်ရှိလာမယ်ဆိုရင်ဆောင် ဒီကလေးတွေဟာအမှန်တရားဘက်ကနေရှေ့ဆုံးကရပ်တည်ပေးမယ့်အနာဂတ် သူရဲကောင်းတွေ ဖြစ်လာအုံးမယ်ဆိုတာ ကျွန်တော်ပြောရဲပါတယ်။

Credit