Celebrity News

“အထူးသဖြင့် ရုပ်ရှင်မင်းသားဆိုတဲ့အကောင်တွေကိုပြောချင်တယ်” ဆိုပြီးပြည်သူချစ်တဲ့ မင်းသားတွေကို စော်ကားလိုက်တဲ့ မင်းအုပ်စိုး

“အထူးသျဖင့္ ႐ုပ္ရွင္မင္းသားဆိုတဲ့အေကာင္ေတြကိုေျပာခ်င္တယ္” ဆိုၿပီးျပည္သူခ်စ္တဲ့ မင္းသားေတြကို ေစာ္ကားလိုက္တဲ့ မင္းအုပ္စိုး

ေတာ္လွန္ေရးသမားမင္းတို႔က ေတာ္လွန္ေရးလုပ္ေနၾကတာလား ေတာထဲသြားၿပီး အိုက္တင္ေတြလုပ္ စတန႔္ေတြထြင္ေနၾကတာလားဟင္ ေတာထဲမွာ လက္ထပ္ပြဲေတြလုပ္လိုက္ ေမြးေန႔ပြဲေတြလုပ္လိုက္ ေသနတ္ေတြကိုင္ၿပီး အိုက္တင္မ်ိဳးစုံနဲ႔ ဓာတ္ပုံေတြ႐ိုက္လိုက္ၾကနဲ႔

အထူးသျဖင့္႐ုပ္ရွင္မင္းသားဆိုတဲ့အေကာင္ေတြကိုေျပာခ်င္တာပါ ဇင္ဝိုင္းနဲ႔ မင္းေမာ္ကြန္းဆိုရင္ ကိုဇင္ဝိုင္းက ပိုဆိုးပါတယ္

နဝတေခတ္ နအဖေခတ္ တေလွ်ာက္လုံး ႐ိုက္ခဲ့သမွ် ႏိုင္ငံေတာ္ကားေတြမွာ ဒီလူမပါတဲ့ကားဆိုတာ အင္မတန္ရွားပါတယ္

စစ္အစိုးရကလုပ္တဲ့ ညစာစားပြဲေတြ ဆိုရင္လည္း ကိုဇင္ဝိုင္းမတက္တဲ့ ညစာစားပြဲဆိုတာ မရွိသေလာက္ပါပဲ ၿပီးေတာ့ လူမင္း ပရိတ္သတ္ႀကီးသာ သတိထားၿပီး ျပန္စဥ္းစားၾကည့္မယ္ ဆိုရင္

စစ္အစိုးရလက္ထက္တေလွ်ာက္လုံး ႐ိုက္ကူးခဲ့တဲ့ စစ္ကားမွန္မွ် လူမင္း မပါတဲ့စစ္ကား မရွိသေလာက္ပါပဲ

ၿပီးေတာ့ ေျပတီဦး ဒီေကာင့္ဘဝစခဲ့ရတာ ဒါ႐ိုက္တာဦးခင္ေဇာ္ ႐ိုက္ကူးတဲ့ ျမန္မာစာျမန္မာစကား ဆိုတဲ့ ဇာတ္လမ္းတိုေလးေတြမွာ ဝင္သ႐ုပ္ေဆာင္ရင္း စခဲ့ရတာပါ

အဲဒီဇာတ္လမ္းတိုေလးေတြကို ျမန္မာ့႐ုပ္ျမင္သံၾကားကေန လႊင့္တာပါ ျမန္မာ့႐ုပ္ျမင္သံၾကားဆိုတာကလည္း အဲဒီအခ်ိန္တုန္းက စစ္တပ္ပိုင္တာပါပဲ

အခုခ်ိန္ေရာက္ေတာ့မွ စစ္ဖိနပ္ေအာက္မွာ မေနခ်င္ဘူး အေမွာင္ေခတ္ကို ျပန္မသြားခ်င္ဘူး စစ္ကြၽန္ပညာေရးကို မလိုခ်င္ဘူးဆိုေတာ့

ဇင္ဝိုင္း လူမင္း မင္းေမာ္ကြန္း ေျပတီဦး အဲ့ေလးေယာက္စလုံး ဘြဲ႕ရလာတာ စစ္အစိုးရလက္ေအာက္မွာပါ အဲ့ဒီေလးေယာက္စလုံး ေအာင္ျမင္တဲ့ မင္းသားေတြျဖစ္လာခဲ့တာလည္း စစ္အစိုးရလက္ေအာက္မွာပါပဲ

အဲ့ဒီေလးေယာက္စလုံး တိုက္ပုံအက်ီ အနက္ေလးေတြ ဝတ္ၿပီး ညစာစားပြဲေတြမွာ တပ္ခ်ဳပ္ႀကီးနဲ႔ဝန္ႀကီးေတြကို လက္အုပ္ေလးတခ်ီခ်ီ လုပ္ခဲ့ၾကတာလည္း အထင္အရွားပါပဲ

စစ္အစိုးရကိုမႀကိဳက္ရင္ စစ္ကြၽန္ပညာေရးကို မလိုခ်င္ရင္ အေမွာင္ေခတ္မွာ မေနခ်င္ၾကဘူးဆိုရင္ အဲဒီအခ်ိန္တည္းက စစ္တပ္နဲ႔ မပတ္သတ္ဘဲ ေနခဲ့ၾကေပါ့ကြာ

စစ္တပ္လက္ေအာက္မွာ သင္ရတဲ့ ပညာေရးကို မသင္ခဲ့ၾကနဲ႔ေပါ့ကြာ စစ္တပ္ကို ႐ြံေနမုန္းေနတဲ့မင္းသားေတြက စစ္ကားေတြမွာ ဝင္ၿပီးေတာ့ သ႐ုပ္မေဆာင္ၾကနဲ႔ေပါ့ကြာ

စစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ေတြ႕ရင္ လက္အုပ္မခ်ီၾကနဲ႔ေပါ့ကြာ မင္းတို႔ေတြက စစ္တပ္ရဲ႕ကူညီပံ့ပိုးမႈေတြကိုလည္း ယူခဲ့ၾကတယ္ စစ္အစိုးရက တာဝန္ရွိတဲ့လူႀကီးေတြကိုလည္း ဖားခဲ့ၾက ကပ္ခဲ့ၾကတယ္

အခုလိုမ်ိဳးအခ်ိန္လည္းေရာက္လာေရာ မင္းတို႔ေတြ အကုန္လုံးက ပရိတ္သတ္ရဲ႕လက္ခုပ္သံကို လိုခ်င္ၾကေလေတာ့ ပရိတ္သတ္အႀကိဳက္ စကားလုံးေတြေျပာၾက ပရိတ္သတ္အႀကိဳက္အမူအယာေတြ လုပ္ျပ

အဲလိုလုပ္ျပ ေျပာျပေနရင္းပဲ တပ္မေတာ္ႀကီးက တစ္စစီၿပိဳကြဲၿပီး မင္းတို႔လိုခ်င္တဲ့ အစိုးရက အာဏာျပန္ရလာလိမ့္မယ္အထင္နဲ႔ ဇာတ္ရွိန္ေတြျမႇင့္ၾက

ေနာက္ဆုံးမွာေတာ့ အမူအယာေတြကြၽံ စကားလုံးေတြကြၽံ လုပ္ရပ္ေတြကြၽံၿပီး မိသားစုနဲ႔ေဝးကြာ ပရိတ္သတ္နဲ႔ ေဝးကြာၾကရ ဥပေဒရဲ႕အျပင္ကို ေရာက္သြားၾကရနဲ႔ မင္းတို႔လိုခ်င္မိတဲ့ လက္ခုပ္သံရယ္ ျပန္လိုက္ရတဲ့ အက်ိဳးဆက္ရယ္က မတန္ပါဘူးကြာ

တကယ့္ကို စစ္မွန္တဲ့ယုံၾကည္ခ်က္ေၾကာင့္ ေတာထဲအထိ အေရာက္သြားၿပီး ေတာ္လွန္ေရးလုပ္ေနၾကတဲ့ လူငယ္ေလးေတြလည္း ရွိေနၾကပါတယ္ သူတို႔ကိုေတာ့ ေလးလည္းေလးစားတယ္ အသိအမွတ္လည္း ျပဳပါတယ္

ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ေလးေတြမွာ မင္းတို႔လိုမ်ိဳး စစ္တပ္အေပၚ ဖားခဲ့ၾက ကပ္ခဲ့ၾကတာမ်ိဳး မရွိဘဲ သူတို႔ရဲ႕သမိုင္းေၾကာင္းက မင္းတို႔သမိုင္းေၾကာင္းထက္ ျဖဴစင္ခဲ့ၾကတယ္ သန႔္စင္ခဲ့ၾကတယ္ကြ

မင္းတို႔ကိုေတာ့ မင္းတို႔ေတြရဲ႕အက်င့္စ႐ိုက္ ကိုယ္က်င့္တရား မင္းတို႔ျဖတ္သန္းခဲ့ၾကတဲ့သမိုင္း အားလုံး အားလုံးကို ခေရေစ့တြင္းက် သိေနေလေတာ့ ေလးစားလို႔လည္းမရ အထင္ႀကီးလို႔လည္းမရဘဲ မင္းတို႔ ျဖတ္သန္းခဲ့တဲ့ ေနာက္ခံသမိုင္းနဲ႔

အခုလက္ရွိပုံစံေတြ အေျပာေတြကို ႏႈိင္းယွဥ္ၾကည့္ၿပီး ရယ္ခ်င္ေနမိတယ္ကြ မင္းတို႔ေတြရဲ႕ပါးစပ္ေတြက ေတာ္လွန္ေရးဆိုတဲ့ စကားလုံးေတြ ထြက္ထြက္လာတိုင္း သခင္သန္းထြန္း/ သခင္ဇင္/ သခင္ခ်စ္/ ဗိုလ္ရန္ေအာင္/ ဗိုလ္ေဇယ် ဗန္းေဗာ္တင္ေအာင္/ သူတို႔ေတြရဲ႕ မ်က္ႏွာေတြကို ျမင္ျမင္လာမိၿပီးမင္းတို႔အစား သူတို႔အေပၚအားနာမိ မ်က္ႏွာပူမိပါရဲ႕ကြာ ။

ခရက်ဒစ်

“အထူးသဖြင့် ရုပ်ရှင်မင်းသားဆိုတဲ့အကောင်တွေကိုပြောချင်တယ်” ဆိုပြီးပြည်သူချစ်တဲ့ မင်းသားတွေကို စော်ကားလိုက်တဲ့ မင်းအုပ်စိုး

တော်လှန်ရေးသမားမင်းတို့က တော်လှန်ရေးလုပ်နေကြတာလား တောထဲသွားပြီး အိုက်တင်တွေလုပ် စတန့်တွေထွင်နေကြတာလားဟင် တောထဲမှာ လက်ထပ်ပွဲတွေလုပ်လိုက် မွေးနေ့ပွဲတွေလုပ်လိုက် သေနတ်တွေကိုင်ပြီး အိုက်တင်မျိုးစုံနဲ့ ဓာတ်ပုံတွေရိုက်လိုက်ကြနဲ့

အထူးသဖြင့်ရုပ်ရှင်မင်းသားဆိုတဲ့အကောင်တွေကိုပြောချင်တာပါ ဇင်ဝိုင်းနဲ့ မင်းမော်ကွန်းဆိုရင် ကိုဇင်ဝိုင်းက ပိုဆိုးပါတယ်

နဝတခေတ် နအဖခေတ် တလျှောက်လုံး ရိုက်ခဲ့သမျှ နိုင်ငံ တော်ကားတွေမှာ ဒီလူမပါတဲ့ကားဆိုတာ အင်မတန်ရှားပါတယ်

စစ်အစိုးရကလုပ်တဲ့ ညစာစားပွဲတွေ ဆိုရင်လည်း ကိုဇင်ဝိုင်းမတက်တဲ့ ညစာစားပွဲဆိုတာ မရှိသလောက်ပါပဲ ပြီးတော့ လူမင်း ပရိတ်သတ်ကြီးသာ သတိထားပြီး ပြန်စဉ်းစားကြည့်မယ် ဆိုရင်

စစ်အစိုးရလက်ထက်တလျှောက်လုံး ရိုက်ကူးခဲ့တဲ့ စစ်ကားမှန်မျှ လူမင်း မပါတဲ့စစ်ကား မရှိသလောက်ပါပဲ

ပြီးတော့ ပြေတီဦး ဒီကောင့်ဘဝစခဲ့ရတာ ဒါရိုက်တာဦးခင်ဇော် ရိုက်ကူးတဲ့ မြန်မာစာမြန်မာစကား ဆိုတဲ့ ဇာတ်လမ်းတိုလေးတွေမှာ ဝင်သရုပ်ဆောင်ရင်း စခဲ့ရတာပါ

အဲဒီဇာတ်လမ်းတိုလေးတွေကို မြန်မာ့ရုပ်မြင်သံကြားကနေ လွှင့်တာပါ မြန်မာ့ရုပ်မြင်သံကြားဆိုတာကလည်း အဲဒီအချိန်တုန်းက စစ်တပ်ပိုင်တာပါပဲ

အခုချိန်ရောက်တော့မှ စစ်ဖိနပ်အောက်မှာ မနေချင်ဘူး အမှောင်ခေတ်ကို ပြန်မသွားချင်ဘူး စစ်ကျွန်ပညာရေးကို မလို ချင်ဘူးဆိုတော့

ဇင်ဝိုင်း လူမင်း မင်းမော်ကွန်း ပြေတီဦး အဲ့လေးယောက်စလုံး ဘွဲ့ရလာတာ စစ်အစိုးရလက်အောက်မှာပါ အဲ့ဒီလေးယောက်စလုံး အောင်မြင်တဲ့ မင်းသားတွေဖြစ်လာခဲ့တာလည်း စစ်အစိုး ရလက်အောက်မှာပါပဲ

အဲ့ဒီလေးယောက်စလုံး တိုက်ပုံအကျီ အနက်လေးတွေ ဝတ်ပြီး ညစာစားပွဲတွေမှာ တပ်ချုပ်ကြီးနဲ့ဝန်ကြီးတွေကို လက်အုပ်လေးတချီချီ လုပ်ခဲ့ကြတာလည်း အထင်အရှားပါပဲ

စစ်အစိုးရကိုမကြိုက်ရင် စစ်ကျွန်ပညာရေးကို မလိုချင်ရင် အမှောင်ခေတ်မှာ မနေချင်ကြဘူးဆိုရင် အဲဒီအချိန်တည်းက စစ် တပ်နဲ့ မပတ်သတ်ဘဲ နေခဲ့ကြပေါ့ကွာ

စစ်တပ်လက်အောက်မှာ သင်ရတဲ့ ပညာရေးကို မသင်ခဲ့ကြနဲ့ပေါ့ကွာ စစ်တပ်ကို ရွံနေမုန်းနေတဲ့မင်းသားတွေက စစ်ကားတွေမှာ ဝင်ပြီးတော့ သရုပ်မဆောင်ကြနဲ့ပေါ့ကွာ

စစ်ဗိုလ်ချုပ်တွေနဲ့တွေ့ရင် လက်အုပ်မချီကြနဲ့ပေါ့ကွာ မင်းတို့တွေက စစ်တပ်ရဲ့ကူညီပံ့ပိုးမှုတွေကိုလည်း ယူခဲ့ကြတယ် စစ်အစိုးရက တာဝန်ရှိတဲ့လူကြီးတွေကိုလည်း ဖားခဲ့ကြ ကပ်ခဲ့ကြတယ်

အခုလိုမျိုးအချိန်လည်းရောက်လာရော မင်းတို့တွေ အကုန်လုံးက ပရိတ်သတ်ရဲ့လက်ခုပ်သံကို လိုချင်ကြလေတော့ ပရိတ်သတ်အကြိုက် စကားလုံးတွေပြောကြ ပရိတ်သတ်အကြိုက်အမူအယာတွေ လုပ်ပြ

အဲလိုလုပ်ပြ ပြောပြနေရင်းပဲ တပ်မတော်ကြီးက တစ်စစီပြိုကွဲပြီး မင်းတို့လိုချင်တဲ့ အစိုးရက အာဏာပြန်ရလာလိမ့်မယ်အ ထင်နဲ့ ဇာတ်ရှိန်တွေမြှင့်ကြ

နောက်ဆုံးမှာတော့ အမူအယာတွေကျွံ စကားလုံးတွေကျွံ လုပ် ရပ်တွေကျွံပြီး မိသားစုနဲ့ဝေးကွာ ပရိတ်သတ်နဲ့ ဝေးကွာကြရ ဥပဒေရဲ့အပြင်ကို ရောက်သွားကြရနဲ့ မင်းတို့လိုချင်မိတဲ့ လက် ခုပ်သံရယ် ပြန်လိုက်ရတဲ့ အကျိုးဆက်ရယ်က မတန်ပါဘူးကွာ

တကယ့်ကို စစ်မှန်တဲ့ယုံကြည်ချက်ကြောင့် တောထဲအထိ အရောက်သွားပြီး တော်လှန်ရေးလုပ်နေကြတဲ့ လူငယ်လေးတွေလည်း ရှိနေကြပါတယ် သူတို့ကိုတော့ လေးလည်းလေးစားတယ် အသိအမှတ်လည်း ပြုပါတယ်

ဘာကြောင့်လဲဆိုတော့ သူတို့လေးတွေမှာ မင်းတို့လိုမျိုး စစ် တပ်အပေါ် ဖားခဲ့ကြ ကပ်ခဲ့ကြတာမျိုး မရှိဘဲ သူတို့ရဲ့သမိုင် းကြောင်းက မင်းတို့သမိုင်းကြောင်းထက် ဖြူစင်ခဲ့ကြတယ် သန့် စင်ခဲ့ကြတယ်ကွ

မင်းတို့ကိုတော့ မင်းတို့တွေရဲ့အကျင့်စရိုက် ကိုယ်ကျင့်တရား မင်းတို့ဖြတ်သန်းခဲ့ကြတဲ့သမိုင်း အားလုံး အားလုံးကို ခရေစေ့ တွင်းကျ သိနေလေတော့ လေးစားလို့လည်းမရ အထင်ကြီးလို့လည်းမရဘဲ မင်းတို့ ဖြတ်သန်းခဲ့တဲ့ နောက်ခံသမိုင်းနဲ့

အခုလက်ရှိပုံစံတွေ အပြောတွေကို နှိုင်းယှဉ်ကြည့်ပြီး ရယ်ချင်နေမိတယ်ကွ မင်းတို့တွေရဲ့ပါးစပ်တွေက တော်လှန်ရေးဆိုတဲ့ စကားလုံးတွေ ထွက်ထွက်လာတိုင်း သခင်သန်းထွန်း/ သခင်ဇင်/ သခင်ချစ်/ ဗိုလ်ရန်အောင်/ ဗိုလ်ဇေယျ ဗန်းဗော်တင်အောင်/ သူတို့တွေရဲ့ မျက်နှာတွေကို မြင်မြင်လာမိပြီးမင်းတို့အစား သူတို့အပေါ်အားနာမိ မျက်နှာပူမိပါရဲ့ကွာ ။

ခရက်ဒစ်