Celebrity News

ဖခင်ကြီး (၁)လပြည့်အတွက် ရည်စူးပြီး ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ ရတနာမိုင်တို့ သားအမိ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်မိုင်ရဲ့ ခင်ပွန်း၊ သရုပ်ဆောင် အဆိုတော်မလေး ရတနာမိုင်ရဲ့ ဖခင်ဖြစ်သူ ဦးမောင်ရင်ကတော့ ဒီနေ့မှာ ဆုံးပါးကွယ်လွန်သွားတာ တစ်လတိတိပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ကျန်ရစ်သူရတနာမိုင်တို့ မိသားစုကတော့ ဖခင်ကြီးအတွက် ရည်စူးပြီး လပတ်လည် ဆွမ်းကပ်အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

ရတာနာမိုင်ကတော့ အလှူလေးပြုလုပ်ခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြီးတော့ “ကွယ်လွန်သူ မွေးသဖခင်ကျေးဇူးရှင်ဖေကြီး ဦးမောင်ရင် (၁) လပြည့်ဆွမ်းကပ်အလှူ ဘာလိုလိုနဲ့ ဖေကြီးသမီးတို့ကိုခွဲခွာသွားတာ ၁ လတောင်ပြည့်သွားပြီဖေကြီးရေ။

ဖေကြီးကိုရည်စူးပြီး သမီးတို့ သားအမိပြုလုပ်တဲ့ကုသိုလ်တွေအများကြီးရပါစေနော်။

လူဖြစ်လူချမ်းသာ နတ်ဖြစ်နတ်ချမ်းသာဖြစ်ပါစေ မြင့်မြတ် သောဘုံဘဝမှာခံစား စံစားနိုင်ပါစေ” ဆိုပြီး အဠှူလေးရဲ့ အ ဖို့ဘာဂကို ရည်စူးခံရသူဖခင်ကြီး စံစားနိုင်စေဖို့ မျှဝေထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ရတနာမိုင်တို့ သားအမိပြုလုပ်တဲ့ ဖခင်ကြီး လပတ်လည် အလှူပုံရိပ်လေးတွေကို  ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Yadanar My

Credit

-Zawgyi Font ဖြင့် ဖတ်ရန်-








Source – Yadanar My

Credit