Celebrity News

ခရီးသွားနေရင်းလမ်းမှာတွေ့တဲ့ ချို့တဲ့တဲ့သူတွေကို အလှူငွေတွေ လှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ လတ်တလောမှာ အလုပ်ကိစ္စတွေနဲ့ ခရီးတွေထွက်နေခဲ့ရပါတယ်။

ဆောင်းယွန်းစံကတော့ စေတနာသဒ္ဓါတရားထက်သန်လှတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အခုလို ခရီတွေသွားနေချိန်မှာတောင် အလှူအတန်းတွေကို ပြုလုပ်နေခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်တွေကလည်း ကျောက်ပန်းတောင်းဘက်ကိုရောက်ရှိနေတုန်းမှာ ဆွမ်းကပ်အလှူ၊ ချို့တဲ့တဲ့သူတွေအတွက် ဆန်လှူဒါန်းခြင်းစတဲ့အလှူလေးကိုပြုလုပ်ခဲ့ပါသေးတယ်။

အခုတစ်ခေါက်မှာလည်း ဆောင်းယွန်းစံက ရွှေသိမ်တော်ဘုရားကိုရောက်တုန်း ချို့တဲ့တဲ့ သူတွေအတွက် ကာလဒါနအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဆောင်းယွန်းစံက ရွှေသိမ်တော်ဘုရားရောက်တုန်း ချို့တဲ့တဲ့ သူတွေအားလုံးအတွက် သူတတ်နိုင်သလောက်အလှူငွေတွေလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ဆောင်းယွန်းစံရဲ့ မွန်မြတ်လှတဲ့ ကလဒါနအလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Saung Yoon San

Credit

-Zawgyi Font ဖြင့် ဖတ်ရန်-








Source – Saung Yoon San

Credit