Celebrity News

ချစ်ခင်ပွန်း ကွယ်လွန်တာ (၂) လပြည့်တဲ့ နေ့လေးမှာ ခက်ခဲနေတဲ့ အိမ်ထောင်စုတွေအတွက် လိုအပ်တာများ လှူဒါန်းရင်း ကောင်းမှု ကုသိုလ် ပြုလုပ်ပေးခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

နန်းမြတ်ကတော့ ပရိသတ်တွေ အခိုင်အမာ ရရှိထားသလို သရုပ်ဆောင်တစ်ယောက်အနေနဲ့ သာမကပဲ အဆိုတော်လည်း ဖြစ်ပါတယ် ။

မကြာခင်ကာလကမှ နန်းမြတ်ဖြိုးသင်းက သူမရဲ့ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတာကြောင့် အတော်လေးကို ဝမ်းနည်းခံစားနေရတာ ယနေ့ အထိပဲ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ လောကကြီးမှာ မရှိတော့ပေမယ့်လည်း သားနဲ့သမီးကိုအစစအရာရာ ဂရုစိုက်ရင်း နေထိုင်သွားမှာဖြစ်ကြောင်း ကိုလည်း အမြဲပြောလေ့ရှိတာကြောင့် အားလုံးက လေးစားနေကြတာပါ ။

ဒီနေ့မှာတော့ ခင်ပွန်းကွယ်လွန်တာ (၂) ပြည့် အနေနဲ့ ကုသိုလ်ကောင်းမှု များစွာကို ပြုလုပ်ပေးခဲ့ပါတယ် ။

အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” ဒီနေ့ဆို၂လပြည့်ပီနော်ယောက်ျားရယ် ယောက်ျားမရှိတဲ့နေ့တွေကိုကြိုးစားပီးရှင်သန်နေတာရက်ပေငိး၆၁ရက်ရှိပီ ဒီလိုပဲကြိုးစားပီးသားနဲ့သမီးအ တွက်ရပ်တည်သွားမှာပါ ၁၉ရက်နေ့ကယောက်ျားရဲ့၃၆နှစ်ပြည့်မွေးနေ့အတွက်ရော ၂၁ရက်နေ့၂လပြည့်အတွက်ပါ

လိုအပ်နေတဲ့သူတွေအတွက် မိသားစု ၁၀၀ စာ ဆန် ၃ ပြည် ဆီ ၅၀ သား အာလူး ကြက်သွန် ကြက်ဉ အခြေခံစားစရာတွေလှူ ဒါန်းဖြစ်ပါတယ် အားလုံးကျန်းမာချမ်းသာလို့ဒုက္ခဘေးမှကင်းဝေးကြပါစေ

အလှူစီစဉ်လှူဒါန်းပေးတဲ့ကိုဝေဠုကျေးဇူး တင်ပါတယ် ” ရေ းသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo – Nann Myat Phyo Thinn

Credit

-Zawgyi Font ဖြင့်ဖတ်ရန် –


 








Credit