Celebrity News

လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီးမှ ထပ်မံဖမ်းဆီး ခံလိုက်ရတဲ့ တေးသံရှင်ဇော်ဝင်းထွဋ်ရဲ့သား အဆိုတော်အီတိုး

အီတိုး ကိုပြန်လွှတ်ပေးပြီး (၂၄)နာရီမပြည့်ခင်မှာဘဲ သူ့ရဲ့နေအိမ်မှာ………

အဆိုတော်ဇော်ဝင်းထွဋ်ရဲ့သားဖြစ်သူ အဆိုတော်အီတိုးဟာ အကြမ်းမှုများမှာ ပါဝင်တယ်ဆိုပြီး စက်တင်ဘာ (၈)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းက (၈) မိုင်ရှိ သူ့ရဲ့နေအိမ်ခြံဝန်းမှာ ဖမ်းဆီးခံလိုက်တာ ဖြစ်ပါတယ်။

အီတိုးဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အောက်တိုဘာ ၁၉ရက်နေ့က ပြန်လွတ်လာခဲ့ပေမယ့် အီတိုးကို(၂၄)နာရီမပြည့်ခင်မှာပဲ မနေ့က အောက်တိုဘာ (၂၀)ရက်နေ့မှာ နေအိမ်မှာလာရောက် ထပ်မံလာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေကအတည်ပြုပြောဆိုပါတယ်။

အဆိုတော်အီတိုးပြန်လည်ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့သက် ဆိုင်ရာမိသားစုဝင်တွေကလည်းလူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားထားတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ရက်နေ့က လက်လုပ်မိုင်းပြုလုပ်တဲ့သူတွေကိုဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲဖမ်းဆီးရာကနေ မရမ်းကုန်းမြို့နယ်မှာ အဆိုတော်အီတိုးကို ထပ်မံ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ထပ်မံဖမ်းဆီးမှုအခြေ အနေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်က အောက်တိုဘာ ၂၀ရက်နေ့ညနေပိုင်းအထိသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

#Credit

Zawgyi