News

“ဘယ်သူကမင်းတို့ တောခိုခိုင်းလို့လဲ” ဆိုတဲ့ စကားက ရင်ဘတ်ထဲအနာဆုံးပဲဆိုတဲ့ အမွေပြတ်စွန့်လွှတ်ခံထားရတဲ့ PDF ကလေးရဲ့ ခံစားချက်

ဘုရားေပၚမွာေပ်ာ္ေနတဲ့ပိုစ့္ကို ၀င္တားတဲ့PDFကေလးတစ္ေယာက္ရဲ႕ Comment ကို Reply ျပန္ေပးထားတာ

(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)

“ဘယ္သူကမင္းတို႔ ေတာခိုခိုင္းလို႔လဲ” ဆိုတဲ့စကားကရင္ဘတ္ထဲအနာဆုံးပဲ။ဘယ္သူမွေတာမခိုခိုင္းပါဘူး။ျပည္သူအားလုံး ဒီမတရားမႈကလြတ္ေျမာက္ဖို႔ကိုယ္ တိုင္တာ၀န္သိစိတ္၊ခံယူခ်က္အျပည့္နဲ႕အားလုံး စြန႔္လႊတ္ၿပီး ေတာခိုခဲ့တာပါ။…

ပုံေတြတင္ၾကတယ္ ဘုရားေတြသြားၾကလာၾကတယ္။သူမ်ားေပ်ာ္ေနတာျမင္ရင္ကြၽန္ေတာ္တို႔လဲ ေပ်ာ္ခ်င္ပါတယ္။လူစုလူေဝးစည္ကားရာေနရာမ်ားမွာ မသမာသူမ်ားက PDFအသြင္ယူၿပီးေဖာက္ခြဲသြားရင္ ျပည္သူ႕အသက္မ်ား စိုးရိမ္မိလို႔ပါ။…

အပစ္မရွိတဲ့ျပည္သူေတြ ထပ္မဆုံးရႈံးေစခ်င္ေတာ့ဘူး။သီတင္းကြၽတ္လျပည့္ေန႕ေလးမွာ ခ်စ္ရတဲ့မိဘႏွစ္ပါး(အေမြျပတ္စြန႔္လြတ္ထားသူ)အပါအ၀င္ ဆရာ၊ဆရာမမ်ားႏွင့္ ဓမၼဘက္မွရပ္တည္ေပးေသာမိမိထက္စကၠန႔္ပိုင္းမွစ၍ ႀကီးေသာသူအားလုံးကိုရိုေသေလးစား၊ဦးထိပ္ထား၍ ကြၽန္ေတာ္ ေတာထဲတစ္ေနရာကဆီမီး ပူေဇာ္ ကန္ေတာ့လိုက္ပါတယ္…

ကာယကံ၊၀ဇီကံ၊မေနာကံ တပါးပါးေသာကံႏွင့္ပစ္မွားက်ဴးလြန္မိခဲ့ေသာ္ ထိုအပစ္တို႔မွခြင့္လႊတ္ေပးပါ။ကန္ေတာ့‌ေနတဲ့ပိုစ့္ေတြတက္လာရင္ပို၀မ္းနည္းရတယ္ ဘာလိုလဲ သိလားအေမြျပတ္စြန႔္ထားတဲ့ကြၽန္ေတာ့္အေမလဲ သူ႕သားလာကန္ေတာ့မယ့္အခ်ိန္မုန႔္ဖိုးေပးဖို႔ 1000 တန္အႏြမ္းေလးကိုင္ၿပီး ေမွ်ာ္ခ်င္ ေမွ်ာ္ေနမွာပဲလို႔ထင္မိတယ္။…

မ်က္ရည္မက်ဖိဳ႕ကို ထိန္းထားၾကည့္ေသးတယ္။ဒါေပမယ့္မရဘူး က်သြားတယ္။ေပ်ာ္စရာမဟုတ္ပဲ ေပ်ာ္ေနၾကတဲ့ေန႕ရက္ေတြေရာက္တိုင္းကြၽန္ေတာ္တို႔တို႔မ်က္ရည္ေတြ ဆက္က်ေနအုံးမွာပဲ။…

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဘုရားပေါ်မှာပျော်နေတဲ့ပိုစ့်ကို ဝင်တားတဲ့PDFကလေးတစ်ယောက်ရဲ့ Comment ကို Reply ပြန်ပေးထားတာ

“ဘယ်သူကမင်းတို့ တောခိုခိုင်းလို့လဲ” ဆိုတဲ့စကားကရင်ဘတ်ထဲအနာဆုံးပဲ။ဘယ်သူမှတောမခိုခိုင်းပါဘူး။ပြည်သူအားလုံး ဒီမတရားမှုကလွတ်မြောက်ဖို့ကိုယ် တိုင်တာဝန်သိစိတ်၊ခံယူချက်အပြည့်နဲ့အားလုံး စွန့်လွှတ်ပြီး တောခိုခဲ့တာပါ။…

ပုံတွေတင်ကြတယ် ဘုရားတွေသွားကြလာကြတယ်။သူများပျော်နေတာမြင်ရင်ကျွန်တော်တို့လဲ ပျော်ချင်ပါတယ်။လူစုလူဝေးစည်ကားရာနေရာများမှာ မသမာသူများက PDFအသွင်ယူပြီးဖောက်ခွဲသွားရင် ပြည်သူ့အသက်များ စိုးရိမ်မိလို့ပါ။…

အပစ်မရှိတဲ့ပြည်သူတွေ ထပ်မဆုံးရှုံးစေချင်တော့ဘူး။သီတင်းကျွတ်လပြည့်နေ့လေးမှာ ချစ်ရတဲ့မိဘနှစ်ပါး(အမွေပြတ်စွန့်လွတ်ထားသူ)အပါအဝင် ဆရာ၊ဆရာမများနှင့် ဓမ္မဘက်မှရပ်တည်ပေးသောမိမိထက်စက္ကန့်ပိုင်းမှစ၍ ကြီးသောသူအားလုံးကိုရိုသေလေးစား၊ဦးထိပ်ထား၍ ကျွန်တော် တောထဲတစ်နေရာကဆီမီး ပူဇော် ကန်တော့လိုက်ပါတယ်…

ကာယကံ၊ဝဇီကံ၊မနောကံ တပါးပါးသောကံနှင့်ပစ်မှားကျူးလွန်မိခဲ့သော် ထိုအပစ်တို့မှခွင့်လွှတ်ပေးပါ။ကန်တော့‌နေတဲ့ပိုစ့်တွေတက်လာရင်ပိုဝမ်းနည်းရတယ် ဘာလိုလဲ သိလားအမွေပြတ်စွန့်ထားတဲ့ကျွန်တော့်အမေလဲ သူ့သားလာကန်တော့မယ့်အချိန်မုန့်ဖိုးပေးဖို့ 1000 တန်အနွမ်းလေးကိုင်ပြီး မျှော်ချင် မျှော်နေမှာပဲလို့ထင်မိတယ်။…

မျက်ရည်မကျဖို့ကို ထိန်းထားကြည့်သေးတယ်။ဒါပေမယ့်မရဘူး ကျသွားတယ်။ပျော်စရာမဟုတ်ပဲ ပျော်နေကြတဲ့နေ့ရက်တွေရောက်တိုင်းကျွန်တော်တို့တို့မျက်ရည်တွေ ဆက်ကျနေအုံးမှာပဲ။…