Celebrity News

နှစ်စဉ်ပေးနေကြဖြစ်တဲ့ သီတင်းကျွတ်မုန့်ဖိုးကို မပျက်မကွက်ပေးပေးဖို့ မန်နေဂျာကိုမှာကြားခဲ့တဲ့ ပိုပိုရဲ့အကြောင်းကို ဝမ်းနည်းစွာနဲ့ ပြောပြလာခဲ့တဲ့ အဆိုတော် Orchid

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပိုပိုကတော့ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အနေနဲ့ အပါအဝင်ပါပဲ။

လက်ရှိအချိန်ထိလည်း ဖမ်းဆီးခြင်းခံထားရတဲ့ပရိသတ်အချစ် တော် ပိုပိုက ပြန်လည် လွတ်မြောက်လာခြင်းတော့မရှိသေးပါဘူး။

ပိုပိုနဲ့ ပတ်သက်လို့ ပရိသတ်တွေက နေထိုင်စားသောက်ရတာအဆင်ပြေနေဖို့ အမြဲတမ်းလိုလို စိတ်ပူနေပြီး ပိုပိုရဲ့ သတင်းကိုလည်း အမြဲလိုလိုနားစွင့်ပြီး ပြန်လည်လွတ်မြောက်လာဖို့ အ ချိန်တိုင်းဆုတောင်းပေးနေခဲ့ကြပါတယ်။

လတ်တလောမှာတော့ ပိုပိုရဲ့ ညီမလိုချစ်ခင်ရတဲ့ အဆိုတော် Orchid က ပိုပိုနဲ့ ပတ်သက်ပြီး သတင်းလေးတစ်ခုကို အခုလိုပဲ မျှဝေလာခဲ့ပါတယ်။ “ဟိုနေ့က ဖုန်းတစ်ခုဆက်လာတ ယ်။ အမကို သီတင်းကျွတ်မုန့်ဖိုး မပိုက ပေးခိုင်းထားလို့ပါတဲ့။

(မပိုရဲ့ မန်နေဂျာက ဖုန်းဆက်လာတယ်) ကိုယ့်မှာ မျက်ရည်တွေကျတာ ထိန်းမရပါကွယ်။ အထဲရောက်နေတာတောင် သူညီမလေး အဆင်မပြေ သုံးစရာမရှိမှာ စိုးလို့တဲ့လေ။

ဪ….သွေးမတော် သားမစပ် ကျွန်မတို့အပေါ် စိတ်ထဲ အမြဲရှိပေးတဲ့ အမကို အဝေးကနေ ကန်တော့လိုက်ပါတယ်။နှစ်တိုင်းကန်တော့နေကြ ဒီနှစ်မသွားရပါလားလို့ တွေးနေတုန်းလေးရှိသေး ဖုန်းက ဆက်လာတာအံ့ဩသွားတယ်။

စိတ်ကောင်းရှိတဲ့ ငါ့အမတစ်ယောက် အမြန်ဆုံးလွှတ်မြောက်ဖို့ နေ့စဉ်ဆုတောင်းပေးနေပါတယ်” ဆိုပြီး ဖမ်းစီးခံထားရချိန်မှာတောင် သီတင်းကျွတ်မုန့်ဖိုးမပျက်မကွက်ပေးပေးဖို့ မန်နေဂျာမှာခဲ့တဲ့ အကြောင်းလေးကို စိတ်မကောင်းစွာနဲ့ ရင်ဖွင့်လာခဲ့တာပါ။

ပရိသတ်ကြီးရေ ပိုပိုရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို ချီ းကျူးပြီးရင်းကို ချီးကျူးထိုက်ပေတဲ့ စိတ်ထားပါပဲနော်။

Source – L Zartar Kyiphyu

Crd

-Zawgyi Font ဖြင့်ဖတ်ရန်-

ႏွစ္စဥ္ေပးေနၾကျဖစ္တဲ့ သီတင္းကြၽတ္မုန႔္ဖိုးကို မပ်က္မကြက္ေပးေပးဖို႔ မန္ေနဂ်ာကိုမွာၾကားခဲ့တဲ့ ပိုပိုရဲ႕အေၾကာင္းကို ဝမ္းနည္းစြာနဲ႔ ေျပာျပလာခဲ့တဲ့ အဆိုေတာ္ Orchid

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ပိုပိုကေတာ့ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန ရပ္တည္ခဲ့တာေၾကာင့္ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံထားရတဲ့ အႏုပညာရွင္ေတြထဲမွာ တစ္ေယာက္အေနနဲ႔ အပါအဝင္ပါပဲ။

လက္ရွိအခ်ိန္ထိလည္း ဖမ္းဆီးျခင္းခံထားရတဲ့ပရိသတ္အခ်စ္ေတာ္ ပိုပိုက ျပန္လည္ လြတ္ေျမာက္လာျခင္းေတာ့မရွိေသးပါဘူး။

ပိုပိုနဲ႔ ပတ္သက္လို႔ ပရိသတ္ေတြက ေနထိုင္စားေသာက္ရတာအဆင္ေျပေနဖို႔ အၿမဲတမ္းလိုလို စိတ္ပူေနၿပီး ပိုပိုရဲ႕ သတင္းကိုလည္း အၿမဲလိုလိုနားစြင့္ၿပီး ျပန္လည္လြတ္ေျမာက္လာဖို႔ အခ်ိန္တိုင္းဆုေတာင္းေပးေနခဲ့ၾကပါတယ္။

လတ္တေလာမွာေတာ့ ပိုပိုရဲ႕ ညီမလိုခ်စ္ခင္ရတဲ့ အဆိုေတာ္ Orchid က ပိုပိုနဲ႔ ပတ္သက္ၿပီး သတင္းေလးတစ္ခုကို အခုလိုပဲ မွ်ေဝလာခဲ့ပါတယ္။ “ဟိုေန႔က ဖုန္းတစ္ခုဆက္လာတယ္။ အမကို သီတင္းကြၽတ္မုန႔္ဖိုး မပိုက ေပးခိုင္းထားလို႔ပါတဲ့။

(မပိုရဲ႕ မန္ေနဂ်ာက ဖုန္းဆက္လာတယ္) ကိုယ့္မွာ မ်က္ရည္ေတြက်တာ ထိန္းမရပါကြယ္။ အထဲေရာက္ေနတာေတာင္ သူညီမေလး အဆင္မေျပ သုံးစရာမရွိမွာ စိုးလို႔တဲ့ေလ။

ဪ…​ေသြးမေတာ္ သားမစပ္ ကြၽန္မတို႔အေပၚ စိတ္ထဲ အၿမဲရွိေပးတဲ့ အမကို အေဝးကေန ကန္ေတာ့လိုက္ပါတယ္။ႏွစ္တိုင္းကန္ေတာ့ေနၾက ဒီႏွစ္မသြားရပါလားလို႔ ေတြးေနတုန္းေလးရွိေသး ဖုန္းက ဆက္လာတာအံ့ဩသြားတယ္။

စိတ္ေကာင္းရွိတဲ့ ငါ့အမတစ္ေယာက္ အျမန္ဆုံးလႊတ္ေျမာက္ဖို႔ ေန႔စဥ္ဆုေတာင္းေပးေနပါတယ္” ဆိုၿပီး ဖမ္းစီးခံထားရခ်ိန္မွာေတာင္ သီတင္းကြၽတ္မုန႔္ဖိုးမပ်က္မကြက္ေပးေပးဖို႔ မန္ေနဂ်ာမွာခဲ့တဲ့ အေၾကာင္းေလးကို စိတ္မေကာင္းစြာနဲ႔ ရင္ဖြင့္လာခဲ့တာပါ။

ပရိသတ္ႀကီးေရ ပိုပိုရဲ႕ စိတ္ဓာတ္ကေတာ့ တကယ္ကို ခ်ီးက်ဴးၿပီးရင္းကို ခ်ီးက်ဴးထိုက္ေပတဲ့ စိတ္ထားပါပဲေနာ္။

Source – L Zartar Kyiphyu

Crd