Cooking

အာလူးဆနွင်းမကင်းပြုလုပ်နည်း

အာလူးဆနွင်းမကင်း

ဖရုံသီးနဲ့ လုပ်နည်းချင်းအတူတူပါဘဲ ဖရုံသီးနေရာမှာ အာလူးအစားထိုးလိုက်ရင် ရပါပြီ ။

မချစ်ရ ရင်မနေနိုင်လို့့နဲနဲတော့ခြစ်သွားပါတယ်နော် (တူးသွားတာကိုပြောတာပါ မဲမဲလေးပေါ့ စားလို့တော့ ကောင်းပါတယ် စိတ်ဝင်စားရင် လုပ်စားကြည့်ကြပါနော်)ပါဝင်ပစ္စည်း

အာလူး..၆၀ ကျပ်သား(အလုံးလိုက်ရေဆေးပြီး rice cooker နဲ့ ရေမြုပ်အောင်ထည့်ပြီးနူးအောင်ပြုပ်ထားပါ)
သကြား..၂၅ ကျပ်သား
ကြက်ဥ..၄ လုံး(ခေါက်ထားပါ)

ဂျုံမှုန့်..၁၀ ကျပ်သား
နို့စိမ်း(သို့)နွားနို့..ဖန်ခွက် ၁ခွက်(ဆူရုံကျိုထားပါ)
ဆား..ကော်ဖီဇွန်း ၁ ဇွန်း
ထောပတ်(သို့)ဆီ..၅ ကျပ်သား

ဘိန်းစေ့..အနည်းငယ်
သီဟိုရ်စေ့ /စပျစ်သီးခြောက် —(အနည်းငယ်)်
ပြုလုပ်ပုံပြုပ်ပြီးသားအာလူးကို အခွံခွှာ ကြေနေအောင်ချေပါ။

ပြီးလျင် နွားနို့ ကြက်ဥ ဆား သကြား ထည့်ပြီး ရောသမနယ်ပါ ။ပြီးလျင် ဂျုံမှုန့် ထည့်ပြီးနယ်ပါ ။ဂျုံမှုံ့ လုံးနေရင် ဇကာနဲ့ ချပါ ။
၂ ။ မုန့်ဖုတ်မည့်ဘန်းထဲ ဆီသုတ်ပြီး နယ်ပြီးသားအာလူးများကို လောင်းထည့်ပါ။

အပေါ်က စပျစ်သီးခြောက် သီဟိုရ် စေ့ ထည့်ပြီး ဘိန်းစေ့ဖြူးပြီး အပေါ်မီးများများ အောက်မီးနဲနဲ နဲ့ ဖုတ်ပါ။မုတ်ဖုတ်တဲ့ovenရှိလျင် oven ထဲထည့်ဖုတ်ပါ ။

၃ ။ အိမ်မှာတော့ Oven မရှိ အပေါ်မီး အောက်မီး လည်းမရှိ(ဂက်(စ်)မီးဖိုနဲ့ ချက်တဲ့အတွက် ဆီမကပ်တဲ့ ဒယ်ပြန့်ထဲကို ဆီသုတ်ပြီး အာလူးထည့်ပြီး မီးအနည်းငယ်နဲ့ မိနစ် ၃၀ ခန့်တင်ပြီး

ဒယ်ပြန့်နဲ့ အရွယ်တညီ တည်း ဘန်း့ထဲကို ဆီသုတ်ပြီး .,မှောက်ချလိုက်ပါ ။ မီးဖိုပေါ်ကို မီးအေးအေးနဲ့၁၅ မိနစ်ခန့်ပြန်တင်ပါတယ် ။ အအေးခံပြီး လိုသလိုလှီးဖြတိ စားသုံးနိင်ပါတယ်။်

Credit: Lae Cooking Diaryမူရင်းရေးသားသူအားလေးစားစွာ credit ပေးပါသည်