Celebrity News

မင်းသားချော “ဒေါင်း” ကိုယ်တိုင်သီဆိုထားတဲ့ “အောင်ပွဲတေးသီချင်း”(ရုပ်သံဖိုင်)

သရုပ်ဆောင် ဒေါင်းကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့ အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံးသရုပ် ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသားချောပဲ ဖြစ်ပါတယ်။

 

ဒေါင်းကတော့ အောင်မြင်မှုတွေရရှိထားတဲ့ အပြင် စိတ်ထားကောင်းပြီး အလှူအတန်းမှာလဲ ရက်ရက်ရောရောရှိတာကြောင့် ပရိတ်သတ်တွေကပိုပြီးချစ်ခင်အားပေးနေရပါတယ်နော်။

သူဟာ ဇန်နဝါရီလကတည်းက ထိုင်နိုင်ငံသို့ ဇာတ်ကားရိုက်သွား နေသူဖြစ်ပါတယ်၊ နွေဦးတော်လှန်ရေးမှာ အားသွန်ခွန် စိုက် ပါဝင်ခဲ့သလို အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်၊

ဒေါင်းက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က တစ်သားတည်းပါဝင်ခဲ့ပြီး လမ်းထွက်ကာ လူ ထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့တာကြောင့် ပုဒ် မ၅၀၅ဖြင့် အမှုဖွင့်ထားခြင်းခံရပြီး ရှောင်တိမ်းနေရပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာတထောင့်တနေရာကပါဝင်လှုပ်ရှားနေတဲ့ လူငယ်သရုပ်ဆောင် ဒေါင်း က “အောင်ပွဲတေး”သီချင်းကို သူကိုယ်တိုင်သီဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ဖော်ပြထားတာပဲဖြစ်ပါတယ်။“ကိုယ့်လမ်းကိုယ်လျှောက်…တို့သမိုင်းတို့ရေး…တို့အရေးတို့လက်မှာ

 

…အောင်ပွဲဟာရှေ့မှာလက်တကမ်းရဲ့အနီး…အနိုင်စိတ်ကိုမွေးထား…လူတိုင်းညီမှ…အကုန်လုံးပါမှ…အမှောင်ထဲကလွတ်မှာပါ…ကိုယ်နဲ့ဆိုင်တဲ့ကိုယ့်အရေးပါပဲ…မမေ့လိုက်နဲ့ကွာ” ဒါကတော့ ဒေါင်းသီဆိုတဲ့ “အောင်ပွဲတေး”

  1. သီချင်းထဲက တေးသွားစာသားတစ်ချို့ပဲ ဖြစ်ပါတယ်။ဒေါင်းသီဆိုထားတဲ့ သီချင်းလေးရော အသံလေးရောက အရမ်းနားထောင်လို့ ကောင်းတာကြောင့် ပရိသတ်တွေအတွက် ပြည်သူ့မင်းသားချော “ဒေါင်း” ရဲ့ သီချင်းဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ရပါတယ်။

#Crd…