News

ရုရှားနိုင်ငံအလယ်ပိုင်းမှာ အပျော်တမ်း လေထီးခုန်သမားများ တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်း ပျက်ကျခဲ့လို့ လူ(၁၆)ဦးထိသေဆုံး

ရုရှားနိုင်ငံအလယ်ပိုင်းမှာ အပျော်တမ်းလေထီးခုန်သမားများ တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းဟာ အောက်တိုဘာ (၁၀) ရက်ကပျက်ကျခဲ့ရာ လူ (၁၆) ဦး သေဆုံးခဲ့ကြောင်း ရုရှားအ ရေးပေါ်ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။

လူ ၂၂ ဦး တင်ဆောင်လာတဲ့ ချက်နိုင်ငံထုတ် L-410 လေ ယာဉ်ဟာ ဒေသစံတော်ချိန်နံနက် (၉) နာရီ (၂၃) မိနစ် တာတာစတန်နိုင်ငံကို ပျံသန်းစဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာသတင်းရဲ့ စာမျက်နှာမှာတော့ ပြင်းပြင်းထန်ထန် ပျက်ကျသွားတာကြောင့် L-410 လေယာဉ်ဟာ အတော်လေးကို ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

လေယာဥ်ပျက်ကျမှုကြောင့် လိုက်ပါသွားသူ (၂၂)ဦးအနက်မှ (၆) ဦးကို အသက်ရှင်လျက်နဲ့ ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်(၁၆) ဦးကတော့ သေဆုံးသွားခဲ့ပါတယ်။

လေယာဥ်ပျက်ကျခဲ့တဲ့နေရာသို့ တာတာစတန်နိုင်ငံအကြီးအ ကဲ Rustam Minnikhanov တို့က သွားရောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပျက်ကျသွားခဲ့တဲ့ Me nzelinsk ကလပ်က အပျော်တမ်းလေယာဉ် ကနေ အင် ဂျင်ချို့ယွင်းကြောင်း အရေးပေါ်ဆင်းသက်နိုင်ရန် သတင်းပို့ခဲ့ပြီးနောက် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ရုရှားဟာ လေယာဉ်မတော်တဆမှုတွေနဲ့ နာမည်ဆိုးဖြင့် ကျေ ာ်ကြားခဲ့သော်လည်း မကြာသေးမီ နှစ်များက လေကြောင်းအသွားအလာ လုံခြုံမှုကိုတိုးတက်အောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

Credit