News

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အတွက် ရန်ကုန်မှာ လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ ပေါက်ကွဲမှုဖြစ်ပွား

မင်းအောင်လှိုင်အတွက် ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှာ ရွှေဂုံတိုင်မီးပွိုင့်တွင် ယနေ့ ဗုံးပေါက်၊ အင်းစိန်နှင့်သုံးခွတွင်လည်း ဗုံးများပေါက်ကွဲ

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင် လှိုင် ရန်ကုန်တွင် ရောက်ရှိနေချိန် လုံခြုံ ရေး တင်းကျပ်ထားသည့်ကြားမှ ရွှေဂုံတိုင်မီးပွိုင့်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

“ဗုံးပေါက်တာကတော့ အသံကျယ်တယ်။ အထိအခိုက်တော့မရှိဘူး။ အဲဒါ ရွှေဂုံတိုင်တံတားအပေါ်နဲ့ အောက်မှာ စစ်ခွေးရော ရဲခွေးရော အကုန် ရောက်လာပြီး ပိတ်ဆို့ စစ်ဆေးတာတွေလုပ်တယ်” ဟု ရန်ကုန်တက္ကစီသမားတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်တွင် မြို့နယ်လျှပ်စစ်ဓာ တ်အားပေးရုံးနှင့် အခွန်ရုံးတို့ကို သုံးခွမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (TYF)က ယနေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်တွင် သတိပေးဖောက်ခွဲလိုက်ကြောင်း TYF ကပြောသည်။

ထို့ပြင် သုံးခွမြို့နယ်အုပ်ချုပ်ရေးမှူးများကိုလည်း ၎င်းထုတ်ပြန်စာနှင့်အတူ တာဝန်မှနုတ်ထွက်ကြရန် TYF က သတိပေးထားသည်။

အလားတူ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရုံးတွင်လည်း ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီကျော်က ဗုံးပေါက်ကွဲပြီး လူတချို့ ထိခိုက်မှုရှိကြောင်း ဒေသခံတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- ရွှေဂုံတိုင်တွင် ဗုံးပေါက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်များ ရောက်ရှိလာစဉ်။

Photo – CJ Khit Thit Media

Unicode

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အတွက် ရန်ကုန်မှာ လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ ပေါက်ကွဲမှုဖြစ်ပွား

မင်းအောင်လှိုင်အတွက် ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှာ ရွှေဂုံတိုင်မီးပွိုင့်တွင် ယနေ့ ဗုံးပေါက်၊ အင်းစိန်နှင့်သုံးခွတွင်လည်း ဗုံးများပေါက်ကွဲ

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင် လှိုင် ရန်ကုန်တွင် ရောက်ရှိနေချိန် လုံခြုံ ရေး တင်းကျပ်ထားသည့်ကြားမှ ရွှေဂုံတိုင်မီးပွိုင့်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

“ဗုံးပေါက်တာကတော့ အသံကျယ်တယ်။ အထိအခိုက်တော့မရှိဘူး။ အဲဒါ ရွှေဂုံတိုင်တံတားအပေါ်နဲ့ အောက်မှာ စစ်ခွေးရော ရဲခွေးရော အကုန် ရောက်လာပြီး ပိတ်ဆို့ စစ်ဆေးတာတွေလုပ်တယ်” ဟု ရန်ကုန်တက္ကစီသမားတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်တွင် မြို့နယ်လျှပ်စစ် ဓာတ်အားပေးရုံးနှင့် အခွန်ရုံးတို့ကို သုံးခွမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (TYF)က ယနေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်တွင် သတိပေးဖောက်ခွဲလိုက်ကြောင်း TYF ကပြော သည်။