Knowledge

အသက်(15)နှစ်ကွာတဲ့ သူငယ်ချင်းရဲ့သားဖြစ်သူကိုလက်ထပ်ယူခဲ့တဲ့ အသက်(40)အရွယ် အမျိုးသမီးတစ်ဦး

ယခုတလောမှာ​တော့တရုတ် Social media တစ်ခုမှာ အသက်(40)အရွယ်အမျိုးသမီးတစ်ဦးဟာ၊အသက်(15)နှစ်ကွာတဲ့အမျိုးသားနဲ့ပျံ့နှံ့လာတဲ့သတင်းတစ်ခုဟာလူအများရဲ့အာရုံစိုက်ခြင်းကိုခံနေရပီး၊ကြားသူမြင်သူတိုင်းကိုအံ့သြမှင်သက်စေခဲ့ပါတယ်။


အကြောင်းကတော့ Chun Hua ဆိုတဲ့အသက်(40)အရွယ်အမျိုးသမီးဟာ၊သူမရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့အသက်(25)အရွယ်သားဖြစ်သူနဲ့လက်ထပ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။

Chua Hua က​တော့ခင်ပွန်းဖြစ်သူရဲ့ငယ်စဉ်ကနေ၊ယခုအသက်အရွယ်ထိကြီးထွားလာမှုကိုနေ့စဉ်စောင့်ကြည့်နေခဲ့တာလို့ဆိုပါတယ်။


သူမတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းကနှစ်လသာကြာမြင့်ခဲ့ပီးနောက်၊ဇနီးမောင်နှံအဖြစ်ပြောင်းလဲခဲ့ကြပါတယ်။


သူမတို့နှစ်ယောက်ရဲ့ချစ်ခြင်းကိုတော့၊ခင်ပွန်းသည်ရဲ့မိခင်သူမရဲ့သူငယ်ချင်းယောက္ခမဆိုသူကလုံးဝသဘောမတူခဲ့ဘူးလို့ဆိုပါတယ်။


ဒါပေမဲ့သားဖြစ်သူကိုတော့၊ပျော်ရွှင်တယ်ထင်ရင်ကြိုက်သလိုလုပ်ပါဆိုတဲ့တစ်ခွန်းပဲပြောခဲ့ပီး ၊သားဖြစ်သူဟာ Chua hua ကိုလက်ထပ်ခဲ့လိုက်တယ်လို့ဆိုပါတယ်။ Chau hua ဟာယခင်ခင်ပွန်းနဲ့ခလေးသုံးယောက်ပိုင်ဆိုင်ထားတဲ့အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းက Chua Hua ဟာ၊သူမရဲ့ခင်ပွန်းအသက်(8)နှစ်အရွယ်သာရှိသေးတဲ့အချိန်တုန်းက၊စားသောက်ဆိုင်ကောင်းတွေခေါ်သွားစားခဲ့ပီးပျော်စရာတွေအတူဖန်တီးခဲ့တာလေးတွေက၊သူမတို့နှစ်ယောက်အတွက်မမေ့နိုင်တဲ့ပထမဆုံးတွေ့ဆုံမှုအမှတ်တရနေ့ပါပဲဆိုပီးပြောပြခဲ့ပါတယ်။

Crd