Celebrity News

လွန်ခဲ့တဲ့ ၂၁ နှစ်တုန်းက ပို့ခဲ့မိလိုက်တဲ့ လက်ဆောင်သေတ္တာဗူးလေးတစ်ခုကြောင့် ဘ၀တစ်ခုလုံးပြောင်းလဲသွားခဲ့တဲ့ ကောင်လေး

အသက်၇နှစ်သာရှိသေးတဲ့ကောင်လေးတစ်ယောက်ဟာChristmasအလှူလက်ဆောင်ဗူးလေးတစ်ဗူးကိုIdahoကနေPhilippinesကိုပို့ပေးခဲ့ပါတယ်။နောက်၁၅နှစ်ကျော်လောက်ကြာတဲ့အခါမှာတော့ဒီကောင်လေးရဲ့လုပ်ရပ်ဟာရုပ်ရှင်ကားတစ်ကားသဖွယ်အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးဟာ ရုပ်ရှင်ကားတွေထက် တကယ် Romantic ဆန်တဲ့ ဖြစ်ရပ်လေးတစ်ခုပါပဲ။

လွန်ခဲ့တဲ့ ၂၁ နှစ်တုန်းက Tyrel Wolfe ဆိုတဲ့ကောင်လေးဟာ Operation Christmas Child ဆိုတဲ့ ပရောဂျက်တစ်ခုမှာ ပါ၀င်ခဲ့ပါတယ်။အဲ့ဒီ ပရောဂျက်မှာပါတဲ့သူတွေဟာတခြားကျောင်းတွေကိုသူတို့ပေးချင်လှူချင်တဲ့ဟာလေးတွေစုပြီးဗူးလေးတစ်ဗူးထဲထည့်ကာပေးရမှာဖြစ်ပါတယ်။ ကောင်လေးကတော့ သူရဲ့ Cowboy (နွားကျောင်းသား) လို၀တ်ဆင်ထားတဲ့ပုံလေးနဲ့ ရောင်စုံခဲတံတွေကို ဗူးလေးထဲထည့်ပြီးဖီလင်ပိုင်ကို ပို့ခဲ့ပါတယ်။ အချိန်တွေကြာလာတော့ Tyrel လည်းဒီဖြစ်ရပ်လေးကိုမေ့ခဲ့ပါတယ်။ ဒါပေမယ့်၂၀၀၉ခုနှစ်မှာFacebookကနေJoanaMarchan ဆိုတဲ့နာမည်နဲ့ လူတစ်ယောက် လာ Add ခဲ့ပါတယ်။ အဲ့ချိန်တုန်းကတော့ Tyrel ဟာ လက်မခံသလို ပယ်ချတာလည်း မလုပ်ခဲ့ပါဘူး။

ဒါပေမယ့်အချိန်ကြာလာတော့သူနေတဲ့နိုင်ငံရဲ့တခြားတစ်ဖက်နိုင်ငံကမိန်းကလေးကဘယ်သူလဲသိချင်လာခဲ့တာနဲ့လက်ခံခဲ့ပါတယ်။ကောင်မလေးကလည်းသူပို့လိုက်တဲ့လက်ဆောင်ကိုရခဲ့ကြောင်းနဲ့သူ့ဆိကျေးဇူးတင်စာတွေပို့ခဲ့ပေမယ့်ဘယ်စာမှTyrelဆိမရောက်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။Tyrelကလည်းမယုံလို့သူ့အမေကိုမေးတဲ့အခါအမေဖြစ်သူကသူပေးခဲ့တဲ့လက်ဆောင်ကိုမှတ်မိတာမို့ဒီကောင်မလေးကသူ့သားပေးလိုက်တဲ့ လက်ဆောင်ကို ရရှိခဲ့တဲ့သူပဲဆိုပြီး ပြောပြခဲ့ပါတယ်။

ဒီလိုနဲ့သူ‌တို့တွေဟာစကားတွေပြောကြပြီးခင်မင်ခဲ့ကြကာနောက်ဆုံးTyrelကပိုက်ဆံစစုပြီးManilaအတွက်လေယာဉ်လက်မှတ်၀ယ်ခဲ့ပါတယ်။ Tyrel ကလည်းအဲ့လောက်အဝေးကြီးကို တစ်ယောက်ထဲ ခရီးမထွက်ဖူးတာကြောင့် စိတ်လှုပ်ရှားခဲ့ပေမယ့် လေဆိပ်ရောက်တဲ့အခါမှာ ကောင်မလေးဖြစ်တဲ့ Joana ကလာကြိုတဲ့အချိန်မှာ ပျော်ခဲ့ပြီး အပြန်အလှန်ချစ်မိခဲ့ကြပါတယ်။ Tyrel ကကောင်မလေးရဲ့ အခြေအနေကို သိတဲ့အခါမှာတော့ထိတ်လန့်သွားခဲ့ရပါတယ်။Joanaရဲ့မိသားစု၀င်၈ယောက်လုံးဟာအခန်းကျဉ်လေးရဲ့ကြမ်းပျဉ်းမှာအိပ်နေခဲ့ကြရတာကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ၁၀ ရက်အတူတူ ဖြတ်သန်းခဲ့ကြပေမယ့် ဘယ်ချိန်ပြန်တွေ့နိုင်ကြမယ်မသိတဲ့ အခြေအနေရောက်လာခဲ့ပါတယ်။ Tyrel ကတော့ Joana ကို သူပြန်လာမှာပါဆိုတဲ့ကတိပေးခဲ့ပါတယ်။

သူပြန်ရောက်လာတဲ့အခါမှာတော့Joanaရဲ့အဖေကိုသမီးဖြစ်သူနဲ့လက်ထပ်ခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။အဖေဖြစ်သူကတော့လက်ခံပေမယ့် အမေဖြစ်သူကတော့ လက်ထပ်ဖို့ ငယ်သေးတယ်ဆိုပြီး ငြင်းခဲ့ပါတယ်။ ဒါနဲ့ပဲ Tyrel ရဲ့အဖေဖြစ်သူက Manila ထိလာခဲ့ပြီး ကောင်မလေးရဲ့ ‌အမေ့ကို ဖြောင်းဖြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Tyrel နဲ့ Joana တို့ဟာ Tyrel ရဲ့မိဘတွေပိုင်တဲ့မွေးမြူရေးခြံထဲမှာလက်ထပ်ခဲ့ကြပါတယ်။ ဖီလင်ပိုင်မှာလည်းသူတို့ဟာနောက်ထပ်မင်္ဂလာဆောင်ပွဲတစ်ခုကိုထပ်ပြုလုပ်ခဲ့ပါသေးတယ်။ဒါလေးကတော့ရုပ်ရှင်ကားတစ်ကားလို့ထင်ရပေမယ့် အပြင်မှာတကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ။ Tyrel ဟာလည်း တကယ်ပဲ ဗူးတစ်ဗူးကြောင့် သူ့ရဲ့ဘ၀ကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့ရတာ ဖြစ်ပါတယ်။



Zawgyi

အသက္ ၇ ႏွစ္သာရွိေသးတဲ့ ေကာင္ေလးတစ္ေယာက္ဟာ Christmas အလႉလက္ေဆာင္ဗူးေလးတစ္ဗူးကို Idaho ကေန Philippines ကိုပို႔ေပးခဲ့ပါတယ္။ေနာက္၁၅ႏွစ္ေက်ာ္ေလာက္ၾကာတဲ့အခါမွာေတာ့ဒီေကာင္ေလးရဲ႕လုပ္ရပ္ဟာ႐ုပ္ရွင္ကားတစ္ကားသဖြယ္အခ်စ္ဇာမ္းေလးတစ္ခု ျဖစ္ေပၚလာခဲ့ပါတယ္။ ဒီျဖစ္ရပ္ေလးဟာ ႐ုပ္ရွင္ကားေတြထက္ တကယ္ Romantic ဆန္တဲ့ ျဖစ္ရပ္ေလးတစ္ခုပါပဲ။

 

လြန္ခဲ့တဲ့ ၂၁ ႏွစ္တုန္းက Tyrel Wolfe ဆိုတဲ့ေကာင္ေလးဟာ Operation Christmas Child ဆိုတဲ့ ပေရာဂ်က္တစ္ခုမွာ ပါ၀င္ခဲ့ပါတယ္။ အဲ့ဒီ ပေရာဂ်က္မွာပါတဲ့သူေတြဟာတျခားေက်ာင္းေတြကိုသူတို႔ေပးခ်င္လႉခ်င္တဲ့ဟာေလးေတြစုၿပီးဗူးေလးတစ္ဗူးထဲထည့္ကာေပးရမွာျဖစ္ပါတယ္။ ေကာင္ေလးကေတာ့ သူရဲ႕ Cowboy (ႏြားေက်ာင္းသား) လို၀တ္ဆင္ထားတဲ့ပုံေလးနဲ႔ေရာင္စုံခဲတံေတြကိုဗူးေလးထဲထည့္ၿပီး ဖီလင္ပိုင္ကို ပို႔ခဲ့ပါတယ္။ အခ်ိန္ေတြၾကာလာေတာ့ Tyrelလည္းဒီျဖစ္ရပ္ေလးကိုေမ့ခဲ့ပါတယ္။ဒါေပမယ့္၂၀၀၉ခုႏွစ္မွာFacebook ကေန Joana Marchan ဆိုတဲ့နာမည္နဲ႔ လူတစ္ေယာက္ လာ Add ခဲ့ပါတယ္။ အဲ့ခ်ိန္တုန္းကေတာ့ Tyrel ဟာ လက္မခံသလိုပယ္ခ်တာလည္း မလုပ္ခဲ့ပါဘူး။

 

ဒါေပမယ့္အခ်ိန္ၾကာလာေတာ့သူေနတဲ့ႏိုင္ငံရဲ႕တျခားတစ္ဖက္ႏိုင္ငံကမိန္းကေလးကဘယ္သူလဲသိခ်င္လာခဲ့တာနဲ႔လက္ခံခဲ့ပါတယ္။ေကာင္မေလးကလည္းသူပို႔လိုက္တဲ့လက္ေဆာင္ကိုရခဲ့ေၾကာင္းနဲ႔သူ႔ဆိေက်းဇူးတင္စာေတြပို႔ခဲ့ေပမယ့္ဘယ္စာမွTyrelဆိမေရာက္ခဲ့ေၾကာင္းေျပာျပခဲ့ပါတယ္။ Tyrel ကလည္းမယုံလို႔ သူ႔အေမကိုေမးတဲ့အခါ အေမျဖစ္သူကသူေပးခဲ့တဲ့လက္ေဆာင္ကိုမွတ္မိတာမို႔ ဒီေကာင္မေလးက သူ႔သားေပးလိုက္တဲ့ လက္ေဆာင္ကို ရရွိခဲ့တဲ့သူပဲဆိုၿပီး ေျပာျပခဲ့ပါတယ္။

ဒီလိုနဲ႔သူ‌တို႔ေတြဟာစကားေတြေျပာၾကၿပီးခင္မင္ခဲ့ၾကကာေနာက္ဆုံးTyrelကပိုက္ဆံစစုၿပီးManilaအတြက္ေလယာဥ္လက္မွတ္၀ယ္ခဲ့ပါတယ္။Tyrelကလည္းအဲ့ေလာက္အေဝးႀကီးကိုတစ္ေယာက္ထဲခရီးမထြက္ဖူးတာေၾကာင့္စိတ္လႈပ္ရွားခဲ့ေပမယ့္ေလဆိပ္ေရာက္တဲ့အခါမွာ ေကာင္မေလးျဖစ္တဲ့ Joana ကလာႀကိဳတဲ့အခ်ိန္မွာ ေပ်ာ္ခဲ့ၿပီး အျပန္အလွန္ခ်စ္မိခဲ့ၾကပါတယ္။ Tyrel ကေကာင္မေလးရဲ႕ အေျခအေနကို သိတဲ့အခါမွာေတာ့ထိတ္လန႔္သြားခဲ့ရပါတယ္။Joanaရဲ႕မိသားစု၀င္၈ေယာက္လုံးဟာအခန္းက်ဥ္ေလးရဲ႕ၾကမ္းပ်ဥ္းမွာအိပ္ေနခဲ့ၾကရတာေၾကာင့္ျဖစ္ပါတယ္။သူတို႔ဟာ၁၀ရက္အတူတူျဖတ္သန္းခဲ့ၾကေပမယ့္ဘယ္ခ်ိန္ျပန္ေတြ႕ႏိုင္ၾကမယ္မသိတဲ့အေျခအေနေရာက္လာခဲ့ပါတယ္။ Tyrel ကေတာ့ Joana ကို သူျပန္လာမွာပါဆိုတဲ့ကတိေပးခဲ့ပါတယ္။

သူျပန္ေရာက္လာတဲ့အခါမွာေတာ့ Joana ရဲ႕အေဖကို သမီးျဖစ္သူနဲ႔ လက္ထပ္ခြင့္ျပဳဖို႔ ေတာင္းဆိုခဲ့ပါတယ္။ အေဖျဖစ္သူကေတာ့ လက္ခံေပမယ့္ အေမျဖစ္သူကေတာ့ လက္ထပ္ဖို႔ ငယ္ေသးတယ္ဆိုၿပီး ျငင္းခဲ့ပါတယ္။ ဒါနဲ႔ပဲTyrelရဲ႕အေဖျဖစ္သူကManilaထိလာခဲ့ၿပီး ေကာင္မေလးရဲ႕အေမ့ကိုေျဖာင္းျဖခဲ့ပါတယ္။ေနာက္ဆုံးမွာေတာ့Tyrelနဲ႔Joanaတို႔ဟာTyrelရဲ႕မိဘေတြပိုင္တဲ့ေမြးျမဴေရးၿခံထဲမွာလက္ထပ္ခဲ့ၾကပါတယ္။ဖီလင္ပိုင္မွာလည္းသူတို႔ဟာေနာက္ထပ္မဂၤလာေဆာင္ပြဲတစ္ခုကိုထပ္ျပဳလုပ္ခဲ့ပါေသးတယ္။ဒါေလးကေတာ့႐ုပ္ရွင္ကားတစ္ကားလို႔ထင္ရေပမယ့္အျပင္မွာတကယ္ျဖစ္ခဲ့တဲ့အျဖစ္အပ်က္ေလးတစ္ခုပါပဲ။Tyrelဟာလည္းတကယ္ပဲဗူးတစ္ဗူးေၾကာင့္သူ႔ရဲ႕ဘ၀ႀကီးတစ္ခုလုံး ေျပာင္းလဲသြားခဲ့ရတာ ျဖစ္ပါတယ္။