Celebrity News

သားလေးဂျက်ဂျက်ရဲ့အမူအရာတွေ ခင်ပွန်းကွယ်လွန်ပြီးနောက်မှာ ပြောင်းလဲသွားတာကို နန်းမြတ်ဖြိုးသင်း(ရုပ်သံ)

သားလေးဂျက်ဂျက်ရဲ့အမူအရာတွေ ခင်ပွန်းကွယ်လွန်ပြီးနောက်မှာ ပြောင်းလဲသွားတာကို နန်းမြတ်ဖြိုးသင်း(ရုပ်သံ)

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ကတော့ ချစ်ရတဲ့ ကလေးနှစ်ယောက်နဲ့ အတူ သူမရဲ့တန်ဖိုးရှိတဲ့ အချိန်လေးကို ဖြတ်သန်း နေတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ နေရာကိုပါယူထားရပြီး စီးပွားရေးလုပ်ငန်းတွေကိုပါ တစ်ယောက်တည်း လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း နန်းမြတ်ရဲ့ကြိုးစားမှုေ တွကိုကြည့်ပြီးဝမ်းနည်းဝမ်းသာ ဖြစ်နေကြရတာ ဖြစ်ပါတယ်။သူမရဲ့ သားလေး Jack Jack ကလည်း အသက်ရွယ်နဲ့မလိုက်အောင် သိတတ်လိမ္မာလွန်းတဲ့အတွက် နန်းမြတ်တစ်ယောက် ပီတိဖြစ်နေရတာ ဖြစ်ပါတယ်။

ကလေးတွေနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကိုလည်း အမြဲဝေမျှပေးလေ့ ရှိပြီး ပရိသတ်တွေက ချစ်နေကြရတာ ဖြစ်ပါတယ်။ မနေ့ကလည်း နန်းမြတ်ဖြိုးသင်းရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုလေးတစ်ခု တင်ပေးထားတာ ဖြစ်ပါတယ်။

ဒါကတော့ သားရဲ့အခြေအနေလေးကို ဗီဒီယိုရိုက်ပြီး ဝေမျှပေးလာတာ ဖြစ်ပါတယ်။ သူမကလည်း ” Jackလေးကသူ့စိတ်ကြိုက်ဘာလိုချင်လဲဆိုတာရွေးတတ်နေပီ။ ကားကြိုက်တာကတော့ သူ့အဖေနဲ့ချွတ်စွတ်တူတာပေါ့နော်။အရင်ကတော့ အမေနားမကပ်ချင်ဘူး။ အလိုလိုက်တဲ့ သူ့အဖေကိုပဲချစ်တာ။

ခုတော့မေမေချီပါ၊ မေမေဂျက်ဂျက်လက်ကို ကိုင်ထားပါ ဖြစ်သွားပီ။ သန်မာတဲ့လက်တစ်စုံဖြစ်အောင်ကြိုးစားနေပါတယ်။ဂျက်လေးရဲ့ဗီဒီယိုလေးကြည့်ပေးဦးနော်။

နောက်လဲဂျက်လေးရဲ့ဗီဒီယိုလေးတွေတင်မှာမို့ဂျက်လေးကိုချစ်ပေးပါနော်။ 😘😘😘” လို့ ရေးသား ထားပြီး ပရိသတ်တွေအတွက် Jack Jack ရဲ့ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။