Celebrity News

ကြယ္လြန္းသြားၿပီျဖစ္တဲ့ ေရမြန္အတြက္ ရည္ရြယ္ၿပီး သီဆိုထားတဲ့ ” ၾကယ္တံခြန္” ဆိုတဲ့သီခ်င္းေလးကို တင္ဆက္ေပးလိုက္တဲ့ ETERNAL GOSH ႏွင့္သူငယ္ခ်င္းမ်ား..

ပရိတ္သတ္ႀကီးေရ….Idiots လို႔ေျပာလိုက္တာနဲ႔ သီခ်င္းေကာင္းေတြနဲ႔ အ႐ြယ္အတန္းအစားမေ႐ြးတဲ့ ပရိတ္သတ္ေတြၾကား ေရပန္းစားေအာင္ျမင္ေက်ာ္ၾကားတဲ့ Band အျဖစ္ အားလုံးကသိၾကပါတယ္။အထူးသျဖင့္ Band ရဲ႕ အဆိုေတာ္ျဖစ္တဲ့ ေရမြန္ ကေတာ့ လူႀကီးလူငယ္မေ႐ြး ေယာက်ာ္းမိန္းမမေ႐ြး ပရိတ္သတ္မ်ားစြာက ခ်စ္ခင္အားေပးၾကတဲ့ ႏိုင္ငံေက်ာ္ေတးသံရွင္ ျဖစ္ပါတယ္။ဒါ့အျပင္ သူဟာ မာန္မာနလုံးဝမရွိပဲ ပရိတ္သတ္အေပၚမွာ အရမ္းဂ႐ုစိုက္တတ္တဲ့အတြက္ ပိုမိုေအာင္ျမင္ေက်ာ္ၾကား တာပဲျဖစ္ပါတယ္။


ေရမြန္ဟာ ေတးသီခ်င္းမ်ားေရးသားျခင္း၊ေတးသီခ်င္းမ်ားသီဆိုျခင္း အစရွိတဲ့ အႏုပညာလုပ္ငန္းမ်ားကို လုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။သူ႔ရဲ႕ သီခ်င္းတခ်ိဳ႕ျဖစ္တဲ့ “တခန္းရပ္၊ဆုလာဘ္၊ဘာလိုေနေသးလဲ၊ဝမ္းနည္းတတ္တဲ့ခ်စ္သူ၊ခ်န္ခဲ့” အစရွိတဲ့သီခ်င္းေတြဟာလည္းပရိတ္သတ္ၾကား ေရပန္းစားေအာင္ျမင္ခဲ့တဲ့ သီခ်င္းေတြပဲျဖစ္ပါတယ္။ပရိတ္သတ္အခ်စ္ေတာ္ ကိုေရမြန္ဟာ လြန္ခဲ့တဲ့(၃)လက နာမက်န္းျဖစ္ကာ ကြယ္လြန္ခဲ့ပါတယ္။သူ႔ရဲ႕ မိသားစုဝင္မ်ားႏွင့္တစ္ႏိုင္ငံလုံးမွ ပရိတ္သတ္မ်ားအားလုံးက အရမ္းကိုႏွေျမာတသျဖစ္ခဲ့ရပါ တယ္။အခုခ်ိန္ထိလည္း သူ႔ရဲ႕ မိသားစုဝင္မ်ား၊မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ပရိတ္သတ္မ်ားက သူ႔ကို အရမ္းသတိရလြမ္းဆြတ္ေနၾကပါတယ္။

သူနဲ႔အနီးကပ္ဆုံး အခင္မင္ရဆုံး သူငယ္ခ်င္းတစ္ဦးျဖစ္တဲ့ ဟန္ေနတာက ယမန္ေန႔ စက္တင္ဘာ(၂၄)ရက္ ညေနက ကိုေရမြန္အ တြက္ လြမ္းဆြတ္ျခင္းအမွတ္တရအေနနဲ႔ သူငယ္ခ်င္းေတြစုေပါင္းကာ ၾကယ္တံခြန္ အမည္ရတဲ့ Music Video တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ဒီ သီခ်င္းကို Eternal gosh အေနနဲ႔ဖန္တီးထားတာျဖစ္ၿပီး Music Video မွာဆိုရင္ေတာ့ ကိုေရမြန္႔သူငယ္ခ်င္းမ်ားက ပါဝင္အားျဖည့္ကူညီထားတာျဖစ္ပါတယ္။ဒီသီခ်င္းေလးၾကည့္ၿပီး မ်က္ရည္က်ရပါတယ္ ကိုေရမြန္ရယ္။ေအးခ်မ္းတဲ့ေနရာတစ္ခုမွာအဆင္ေျပပါေစေနာ္။ပရိတ္ သတ္ႀကီးလည္း ကိုေရမြန္ကို အလြမ္းေျပႏိုင္ေအာင္ ဒီ ဗီဒီယိုေလးကိုေဖာ္ျပလိုက္ရပါတယ္။

Video Credit From Youtube

crd MM Load

ပရိတ်သတ်ကြီးရေ….Idiots လို့ပြောလိုက်တာနဲ့ သီချင်းကောင်းတွေနဲ့ အရွယ်အတန်းအစားမရွေးတဲ့ ပရိတ်သတ်တွေကြား ရေပန်းစားအောင်မြင်ကျော်ကြားတဲ့ Band အဖြစ် အားလုံးကသိကြပါတယ်။အထူးသဖြင့် Band ရဲ့ အဆိုတော်ဖြစ်တဲ့ ရေမွန် ကတော့ လူကြီးလူငယ်မရွေး ယောကျာ်းမိန်းမမရွေး ပရိတ်သတ်များစွာက ချစ်ခင်အားပေးကြတဲ့ နိုင်ငံကျော်တေးသံရှင် ဖြစ်ပါတယ်။ဒါ့အပြင် သူဟာ မာန်မာနလုံးဝမရှိပဲ ပရိတ်သတ်အပေါ်မှာ အရမ်းဂရုစိုက်တတ်တဲ့အတွက် ပိုမိုအောင်မြင်ကျော်ကြား တာပဲဖြစ်ပါတယ်။

ရေမွန်ဟာ တေးသီချင်းများရေးသားခြင်း၊တေးသီချင်းများသီဆိုခြင်း အစရှိတဲ့ အနုပညာလုပ်ငန်းများကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ သီချင်းတချို့ဖြစ်တဲ့ “တခန်းရပ်၊ဆုလာဘ်၊ဘာလိုနေသေးလဲ၊ဝမ်းနည်းတတ်တဲ့ချစ်သူ၊ချန်ခဲ့” အစရှိတဲ့သီချင်းတွေဟာလည်းပရိတ်သတ်ကြား ရေပန်းစားအောင်မြင်ခဲ့တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ပရိတ်သတ်အချစ်တော် ကိုရေမွန်ဟာ လွန်ခဲ့တဲ့(၃)လက နာမကျန်းဖြစ်ကာ ကွယ်လွန်ခဲ့ပါတယ်။သူ့ရဲ့ မိသားစုဝင်များနှင့်တစ်နိုင်ငံလုံးမှ ပရိတ်သတ်များအားလုံးက အရမ်းကိုနှမြောတသဖြစ်ခဲ့ရပါ တယ်။အခုချိန်ထိလည်း သူ့ရဲ့ မိသားစုဝင်များ၊မိတ်ဆွေသူငယ်ချင်းများနှင့်ပရိတ်သတ်များက သူ့ကို အရမ်းသတိရလွမ်းဆွတ်နေကြပါတယ်။

သူနဲ့အနီးကပ်ဆုံး အခင်မင်ရဆုံး သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ဟန်နေတာက ယမန်နေ့ စက်တင်ဘာ(၂၄)ရက် ညနေက ကိုရေမွန်အ တွက် လွမ်းဆွတ်ခြင်းအမှတ်တရအနေနဲ့ သူငယ်ချင်းတွေစုပေါင်းကာ ကြယ်တံခွန် အမည်ရတဲ့ Music Video တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ဒီ သီချင်းကို Eternal gosh အနေနဲ့ဖန်တီးထားတာဖြစ်ပြီး Music Video မှာဆိုရင်တော့ ကိုရေမွန့်သူငယ်ချင်းများက ပါဝင်အားဖြည့်ကူညီထားတာဖြစ်ပါတယ်။ဒီသီချင်းလေးကြည့်ပြီး မျက်ရည်ကျရပါတယ် ကိုရေမွန်ရယ်။အေးချမ်းတဲ့နေရာတစ်ခုမှာအဆင်ပြေပါစေနော်။ပရိတ် သတ်ကြီးလည်း ကိုရေမွန်ကို အလွမ်းပြေနိုင်အောင် ဒီ ဗီဒီယိုလေးကိုဖော်ပြလိုက်ရပါတယ်။

Video Credit From Youtube

crd MM Load