Knowledge

ဇနီးသစ္နဲ႔အတူ ခရီးထြက္ၿပီး သြားလည္ဖို႔ရာအတြက္ သားအရင္းေခါက္ေခါက္ကိုမွ ေရာင္းစားခဲ့ေသာ ဖခင္အဖမ္းခံရ

တ႐ုတ္ႏိုင္ငံမွ အမ်ိဳးသားတစ္ဦးသည္ အိမ္ေထာင္က်ၿပီး ကေလးႏွစ္ေယာက္ရွိကာမွ ဇနီးျဖစ္သူႏွင့္ စကားမ်ားရန္ျဖစ္ၾကကာ သားသမီးမ်က္ႏွာလည္း ေထာက္မေနေတာ့ပဲ ကြာရွင္းခဲ့ၾကသည္။

ကေလးႏွစ္ေယာက္ကိုေတာ့ ခင္ပြန္းျဖစ္သူမွာ ၂ႏွစ္အ႐ြယ္သားေလးကို ေခၚထားၿပီး ဇနီးသည္မွာ သမီးေလးကို ေခၚေဆာင္ကာ မိဘအိမ္သို႔ ျပန္သြားေနခဲ့သည္။

အမ်ိဳးသားလည္း စိတ္ညစ္ညစ္ႏွင့္ သားေလးကို ေဆြမ်ိဳးအိမ္မွာ အပ္ထားၿပီး အေဝးတစ္ေနရာသို႔အလုပ္သြားလုပ္ၿပီးေနာက္ ဇနီးသစ္ႏွင့္ ထပ္မံဆုံေတြ႕ခဲ့သည္။

အမ်ိဳးသားသည္ ဇနီးသစ္နဲ႔ ဟန္းနီးမြန္းထြက္ရန္အတြက္ ပိုက္ဆံမရွိတာေၾကာင့္ သားျဖစ္သူကိုျပန္လာေခၚၿပီး ကေလးမရႏိုင္သည့္ဇနီးေမာင္ႏွံထံ ယြမ္ ၁၅၈၀၀၀နဲ႔ ေရာင္းခ်ခဲ့ၿပီး ဇနီးသစ္ႏွင့္အတူ ေပ်ာ္ေပ်ာ္ပါးပါး ခရီးထြက္ကာ ေလွ်ာက္လည္ခဲ့သည္။

ထိုစဥ္ ဇနီးေဟာင္းမွ သူမသားေလးကို လြမ္းလို႔ဆိုၿပီး လာေတြ႕ခဲ့ရာ ေဆြမ်ိဳးအိမ္မွာလည္း မရွိ၍ ဖခင္အေၾကာင္းစုံစမ္းခဲ့ရာမွ ကေလးကိုေရာင္းစားခဲ့မွန္းသိသြားၿပီး ရဲစခန္းဆီ ဖုန္းဆက္အေၾကာင္းၾကားခဲ့၍ အကူအညီေတာင္းခဲ့သည္။

Credit

Unicode

ဇနီးသစ်နဲ့အတူ ခရီးထွက်ပြီး သွားလည်ဖို့ရာအတွက် သားအရင်းခေါက်ခေါက်ကိုမှ ရောင်းစားခဲ့သော ဖခင်အဖမ်းခံရ

တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရှိကာမှ ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ကြကာ သားသမီးမျက်နှာလည်း ထောက်မနေတော့ပဲ ကွာရှင်းခဲ့ကြသည်။

ကလေးနှစ်ယောက်ကိုတော့ ခင်ပွန်းဖြစ်သူမှာ ၂နှစ်အရွယ်သားလေးကို ခေါ်ထားပြီး ဇနီးသည်မှာ သမီးလေးကို ခေါ်ဆောင်ကာ မိဘအိမ်သို့ ပြန်သွားနေခဲ့သည်။

အမျိုးသားလည်း စိတ်ညစ်ညစ်နှင့် သားလေးကို ဆွေမျိုးအိမ်မှာ အပ်ထားပြီး အဝေးတစ်နေရာသို့အလုပ်သွားလုပ်ပြီးနောက် ဇနီးသစ်နှင့် ထပ်မံဆုံတွေ့ခဲ့သည်။

အမျိုးသားသည် ဇနီးသစ်နဲ့ ဟန်းနီးမွန်းထွက်ရန်အတွက် ပိုက်ဆံမရှိတာကြောင့် သားဖြစ်သူကိုပြန်လာခေါ်ပြီး ကလေးမရနိုင်သည့်ဇနီးမောင်နှံထံ ယွမ် ၁၅၈၀၀၀နဲ့ ရောင်းချခဲ့ပြီး ဇနီးသစ်နှင့်အတူ ပျော်ပျော်ပါးပါး ခရီးထွက်ကာ လျှောက်လည်ခဲ့သည်။

ထိုစဉ် ဇနီးဟောင်းမှ သူမသားလေးကို လွမ်းလို့ဆိုပြီး လာတွေ့ခဲ့ရာ ဆွေမျိုးအိမ်မှာလည်း မရှိ၍ ဖခင်အကြောင်းစုံစမ်းခဲ့ရာမှ ကလေးကိုရောင်းစားခဲ့မှန်းသိသွားပြီး ရဲစခန်းဆီ ဖုန်းဆက်အကြောင်းကြားခဲ့၍ အကူအညီတောင်းခဲ့သည်။

Credit