News

တစ်သက်လုံး နိုင်ငံတော်က ချပေးထားတဲ့ ၀န်ထမ်းလိုင်းခန်းမှာပဲနေခဲ့ဖူးတော့ အိမ်တစ်အိမ်ရဲ့ တန်ဖိုးကို ဘယ်နားလည်ပါ့မလဲ ….

ကျွန်တော်တို့ တောင်ပေါ်က တောင်သူအများစုဟာ တစ်အိုးတစ်အိမ် ထူထောင်ပီဆိုရင်

အိမ်ဆိုတဲ့ အရာကို တဖြည်းဖြည်းချင်းဆောက်ကြရတာပါ၊ ငွေကို အလုံးအရင်းနဲ့ တစ်ခါတည်း ကန်ထရိုက်ကို အပ်လိုက်တာမျိုးမဟုတ်ဘဲ သီးနှံပေါ်ချိန် စပါးပေါ်ချိန်မှာ ရသမျှငွေလေးနဲ့ တဖြည်းဖြည်းချင်းစုပီး အိမ်ကို ဆောက်ကြရတာပါ

အိမ်တစ်အိမ် ပီး‌ဖို့ အနည်းဆုံး နှစ်တွေ ၊ငွေတွေ အကြာကြီး ရင်းထားရတာပါ ခင်ဗျားတို့ ဖျက်ဆီးလိုက်တဲ့ အိမ်ဟာ ကျွန် တော်တို့ရဲ့ “ချွေးနည်းစာ စစ်စစ်”တွေပါ

ကျွန်တော်တို့ လက်နဲ့ ဆောက်ခဲ့တဲ့ အိမ်ထဲမှာ နွေးထွေးမှုတွေ ၊ ကြင်နာမှုတွေ ၊ လုံခြုံမှုတွေ အပြည့်နဲ့ပါ

တစ်သက်လုံး နိုင်ငံတော်က ချပေးထားတဲ့ ၀န်ထမ်းလိုင်းခန်းမှာပဲနေခဲ့ဖူးတော့ အိမ်တစ်အိမ်ရဲ့ တန်ဖိုးကို ဘယ်နားလည်ပါ့မလဲ ….

မင်းတို့ဖျက်ဆီးခဲ့တဲ့ ပြည်သူ့အိုးအိမ်မနည်းတော့ဘူးနော် ဘယ် တော့မှ ပြည်သူ့မေတ္တာရဖို့ ဘဝဆက်တိုင်းမမျှော်လင့်ပါနဲ့ မအလတွေ

#Crd

Unicode







#Crd