News

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံပေါင်း ၁၁၉ ခု သဘောတူ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က စစ်တပ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သောနိုင်ငံရေးအကျပ် အတည်းကိုနိုင်ငံတကာက အမြန်ဆုံးတုံ့ ပြန်ရန် အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း ကုလ သမဂ္ဂက ယနေ့ သတင်းထုတ်ပြန်သည်။

သမ္မတဦး၀င်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့တောင်းဆိုထားတဲ့ ကုလသမဂ္ ဂ‌အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ဩဂုတ်လတုန်းက တင်သွင် းခဲ့တဲ့အဆိုကို တရုတ်အပါအ၀င် နိုင်ငံပေါင်း ၃၆ ခုက ကန့်ကွ က်ထားတဲ့အတွက် တလကျော်ကြာ

ယခု စက်တင်ဘာလကုန်မှ ထုတ်ပြန်နိုင်ခဲ့ပါတယ်။အတွင်းရေးမှုးချုပ်ရဲ့အဆိုကို နိုင်ငံပေါင်း ၁၁၉ ခုက ထောက်ခံခဲ့ကြပါတ ယ်။ အဆိုထဲမှာ စစ်အာဏာသိမ်းမှုကြောင့် ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေအတွက် ပိုမိုခက်ခဲစေတာ၊ စစ် တပ်ကိုဆန့်ကျင်ပြီး

ဒီမိုကရေစီလှုပ်ရှားမှုတွေမှာပါဝင်သူတွေနဲ့ သူတို့ရဲ့ဆွေမျို းသားချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ မတရားသတ်ဖြတ် ခံရ၊ ဖမ်းဆီးထိန်းသိမ်းခံရတာ‌တွေ၊ ပျောက်ဆုံးနေတာတွေ၊ ညအ ချိန်ဝင်ရောက်စီးနင်းတာတွေ၊ ခြိမ်းခြောက်တာနဲ့ ညှဉ်း‌ပန်းနှိပ် စက်ခြင်းများကိုခံနေရတာတွေ၊

လိင်အကြမ်းဖက်ခံနေရာတာတွေကို ဂူတာရပ်ကထောက်ပြခဲ့ပြီး စစ်တပ်ရဲ့ဒီလုပ်ရပ်‌တွေကို ရပ်တန့်ဖို့ နိုင်ငံတကာရဲ့ ညီ ညွတ်တဲ့လုပ်ဆောင်ချက်ကို တောင်းဆိုထားတာဖြစ်ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာစစ်တပ်ကို နိုင်ငံတ ကာနှင့်ဒေသတွင်းနိုင်ငံများက စုစည်းတုံ့ပြန်ကြရန် တိုက်တွန်းထားသည်။

ထိုအစီရင်ခံစာကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံကအတည်ပြုခဲ့ပြီး တ ရုတ်အပါအဝင် နိုင်ငံပေါင်း ၃၆ ခုက မဲမပေးဘဲ နေခဲ့ကြောင်း၊ ဘီလာရုက ကန့်ကွက်မဲပေးခဲ့ကြောင်း သိရှိရသည်။နိုင်ငံတကာကြိုးပမ်းအားထုတ်မှုသည်“ နိုင်ငံတော်သမ္မတ ဦး ဝင်းမြင့်၊

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားအစိုးရအရာရှိများအားချက်ချင်းလွှတ်ပေးခြင်း” နှင့်အတူလို က်ပါရမည်ဟု Guterres က သူ၏အစီရင်ခံစာတွင် ပြော ဆိုထားသည်။

စစ်တပ်ရဲအုပ်ချုပ်မှုကို စွက်ဖက် ကာကွယ်ဖို့ အခွင့်အလမ်းကကျဉ်းမြောင်းသွားနိုင်တယ်။ မြန်မာနိုင်ငံရှိပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကိုပံ့ပိုးရန်အရေးကြီးပါတယ်” ဟု Guterres ကဆက်လက်ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ၊ အာဖဂန်နစ္စတန် နှင့် အီသီယိုပီးယား နိုင်ငံသားများအတွက် ငြိမ်းချမ်း ရေး နှင့် တည်ငြိမ်မှု ရရှိရေးဆိုသည်မှာ ဝေးကွာလှသော အိမ်မက်များ ဖြစ်လာနေသည်ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

ကုလ သမဂ္ဂ အနေဖြင့် မိမိတို့၏ အကြပ်အတည်းကို ဖြေရှင်းပေးနိုင်စွမ်း မရှိ ဟု မည်သူတဦး တယောက်မှ ယုံကြည်ချင်း မခံရ ဖြစ်လာနေချိန်တွင် ပြုပြင် ပြောင်းလဲရန် အချိန်တန်လာပြီ ဖြစ်သည်။

အနည်းဆုံး လုံခြုံရေး ကောင်စီတွင် ဗီတို သုံးပြီး တင်သွင်းလာသည့် အဆိုကို ပယ်ချခံရတိုင်း အထွေထွေ ညီလာခံ ရှိ အဖွဲ့ဝင် ၁၉၃ နိုင်ငံ၏ မဲခွဲမှု ဖြင့် အဆုံး အဖြတ် ပေးရမည်ဟူသော ပြင် ဆင်ချက်ကို အနည်းဆုံးတော့ ပြုလုပ်သင့်လှပေသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမြန်ပြန်လည်ပြင်ဆင်ဖွဲ့စည် းဖို့ ဂျာမဏီ ဂျပန် အိန္ဒိယနဲ့ ဘရာဇီးလ် နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။ခေါတ်စနစ်တွေနဲ့ မကို က်ညီတော့တဲ့ လုံခြုံရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ အထွေထွေညီလာခံမှာကတည်းက

အဖွဲ့ဝင်နိုင်ငံအများစုက ထောက်ခံထားပြီးဖြစ်တယ်ဆိုပါတယ် ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ထောက်ခံထားတာဖြစ်လို့ အချိန်မဆွဲပဲ အကောင်အထည်ဖေါ်ဖို့ (၄) နိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

လုံခြုံရေးကောင်စီကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းဖို့အရေးဟာ ရှောင် လွှဲလို့မရတဲ့အရာဖြစ်တယ်ဆိုပါတယ်။ လောလောဆယ်မှာ ဗီ တိုအာဏာသုံးခွင့်ရှိတဲ့ လုံခြုံရေးကောင်စီအမြဲတမ်းကိုယ်စား လှယ်တွေအဖြစ်

အမေရိကန် တရုတ် ရုရှား ပြင်သစ်နဲ့ ဗြိတိန် (၅) နိုင်ငံပဲရှိပြီး G4 လို့ လူသိများတဲ့ ဂျပန် ဂျာမဏီ ဘရာဇီးလ်နဲ့ အိန္ဒိယ (၄) နိုင်ငံဟာ အမြဲတမ်းကိုယ်စားလှယ်နေရာရဖို့ ကြိုးစားနေတဲ့နိုင်ငံတွေဖြစ်ပါတယ်။

Credit

Zawgyi

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က စစ်တပ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သောနိုင်ငံရေးအကျပ် အတည်းကိုနိုင်ငံတကာက အမြန်ဆုံးတုံ့ ပြန်ရန် အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း ကုလ သမဂ္ဂက ယနေ့ သတင်းထုတ်ပြန်သည်။

သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့တောင်းဆိုထားတဲ့ ကုလသမဂ္ ဂ‌အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ဩဂုတ်လတုန်းက တင်သွင် းခဲ့တဲ့အဆိုကို တရုတ်အပါအဝင် နိုင်ငံပေါင်း ၃၆ ခုက ကန့် ကွက်ထားတဲ့အတွက် တလကျော်ကြာ

ယခု စက်တင်ဘာလကုန်မှ ထုတ်ပြန်နိုင်ခဲ့ပါတယ်။အတွင်းရေးမှုးချုပ်ရဲ့အဆိုကို နိုင်ငံပေါင်း ၁၁၉ ခုက ထောက်ခံခဲ့ကြပါတ ယ်။ အဆိုထဲမှာ စစ်အာဏာသိမ်းမှုကြောင့် ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေအတွက် ပိုမိုခက်ခဲစေတာ၊ စစ်တ ပ်ကိုဆန့်ကျင်ပြီး

ဒီမိုကရေစီလှုပ်ရှားမှုတွေမှာပါဝင်သူတွေနဲ့ သူတို့ရဲ့ဆွေမျိုး သားချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ မတရားသတ် ဖြတ် ခံရ၊ ဖမ်းဆီးထိန်းသိမ်းခံရတာ‌တွေ၊ ပျောက်ဆုံးနေတာတွေ၊ ညအ ချိန်ဝင်ရောက်စီးနင်းတာတွေ၊ ခြိမ်းခြောက်တာနဲ့ ညှဉ်း‌ပန်းနှိပ် စက်ခြင်းများကိုခံနေရတာတွေ၊

လိင်အကြမ်းဖက်ခံနေရာတာတွေကို ဂူတာရပ်ကထောက်ပြခဲ့ပြီး စစ်တပ်ရဲ့ဒီလုပ်ရပ်‌တွေကို ရပ်တန့်ဖို့ နိုင်ငံတကာရဲ့ ညီ ညွတ်တဲ့လုပ်ဆောင်ချက်ကို တောင်းဆိုထားတာဖြစ်ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာစစ်တပ်ကို နိုင်ငံတ ကာနှင့်ဒေသတွင်းနိုင်ငံများက စုစည်းတုံ့ပြန်ကြရန် တိုက်တွန်းထားသည်။

ထိုအစီရင်ခံစာကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံကအတည်ပြုခဲ့ပြီး တ ရုတ်အပါအဝင် နိုင်ငံပေါင်း ၃၆ ခုက မဲမပေးဘဲ နေခဲ့ကြောင်း၊ ဘီလာရုက ကန့်ကွက်မဲပေးခဲ့ကြောင်း သိရှိရသည်။နိုင်ငံတကာကြိုးပမ်းအားထုတ်မှုသည်“ နိုင်ငံတော်သမ္မတ ဦး ဝင်းမြင့်၊

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားအစိုးရအရာရှိများအားချက်ချင်းလွှတ်ပေးခြင်း” နှင့်အတူလို က်ပါရမည်ဟု Guterres က သူ၏အစီရင်ခံစာတွင် ပြော ဆိုထားသည်။

စစ်တပ်ရဲအုပ်ချုပ်မှုကို စွက်ဖက် ကာကွယ်ဖို့ အခွင့်အလမ်းကကျဉ်းမြောင်းသွားနိုင်တယ်။ မြန်မာနိုင်ငံရှိပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကိုပံ့ပိုးရန်အရေးကြီးပါတယ်” ဟု Guterres ကဆက်လက်ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ၊ အာဖဂန်နစ္စတန် နှင့် အီသီယိုပီးယား နိုင်ငံသားများအတွက် ငြိမ်းချမ်း ရေး နှင့် တည်ငြိမ်မှု ရရှိရေးဆိုသည်မှာ ဝေးကွာလှသော အိမ်မက်များ ဖြစ်လာနေသည်ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

ကုလ သမဂ္ဂ အနေဖြင့် မိမိတို့၏ အကြပ်အတည်းကို ဖြေရှင်းပေးနိုင်စွမ်း မရှိ ဟု မည်သူတဦး တယောက်မှ ယုံကြည်ချင်း မခံရ ဖြစ်လာနေချိန်တွင် ပြုပြင် ပြောင်းလဲရန် အချိန်တန်လာပြီ ဖြစ်သည်။

အနည်းဆုံး လုံခြုံရေး ကောင်စီတွင် ဗီတို သုံးပြီး တင်သွင်းလာသည့် အဆိုကို ပယ်ချခံရတိုင်း အထွေထွေ ညီလာခံ ရှိ အဖွဲ့ဝင် ၁၉၃ နိုင်ငံ၏ မဲခွဲမှု ဖြင့် အဆုံး အဖြတ် ပေးရမည်ဟူသော ပြင် ဆင်ချက်ကို အနည်းဆုံးတော့ ပြုလုပ်သင့်လှပေသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမြန်ပြန်လည်ပြင်ဆင်ဖွဲ့စ ည်းဖို့ ဂျာမဏီ ဂျပန် အိန္ဒိယနဲ့ ဘရာဇီးလ် နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။ခေါတ်စနစ်တွေနဲ့ မကိုက်ညီတော့တဲ့ လုံခြုံရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ အထွေထွေညီလာခံမှာကတည်းက

အဖွဲ့ဝင်နိုင်ငံအများစုက ထောက်ခံထားပြီးဖြစ်တယ်ဆိုပါတယ် ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ထောက်ခံထားတာဖြစ်လို့ အချိန်မဆွဲပဲ အကောင်အထည်ဖေါ်ဖို့ (၄) နိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

လုံခြုံရေးကောင်စီကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းဖို့အရေးဟာ ရှောင် လွှဲလို့မရတဲ့အရာဖြစ်တယ်ဆိုပါတယ်။ လောလောဆယ်မှာ ဗီ တိုအာဏာသုံးခွင့်ရှိတဲ့ လုံခြုံရေးကောင်စီအမြဲတမ်းကိုယ်စား လှယ်တွေအဖြစ်

အမေရိကန် တရုတ် ရုရှား ပြင်သစ်နဲ့ ဗြိတိန် (၅) နိုင်ငံပဲရှိပြီး G4 လို့ လူသိများတဲ့ ဂျပန် ဂျာမဏီ ဘရာဇီးလ်နဲ့ အိန္ဒိယ (၄) နိုင်ငံဟာ အမြဲတမ်းကိုယ်စားလှယ်နေရာရဖို့ ကြိုးစားနေတဲ့နိုင် ငံတွေဖြစ်ပါတယ်။

Credit