Celebrity News

သမီးလေးကိုယ်ဝန်ဆောင်စဉ်က ရိုက်ထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေကို အခုချိန်မှ ချပြလိုက်တဲ့ စည်ဖြိုးတို့ဇနီးမောင်နှံ

သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူတွေအဖြစ် အချိန်အကြာကြီး လက်တွဲခဲ့ကြသူတွေ ဖြစ်ပါတယ်။ အခုချိန်မှာတော့ တရားဝင် လက်ထပ်ထားပြီး ဇနီးမောင်နှံတွေအဖြစ် ပေါင်းသင်းနေကြပြီး သမီးလေးတစ်ယောက် မွေးဖွားထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကိုယ်ဝန်ရှိသွားတာကြောင့် ချက်ချင်း မင်္ဂလာဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

မထင်မှတ်တဲ့အခြေအနေတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို များစွာခံခဲ့ကြရသေးတာ ဖြစ်ပါတယ်။ အခုမှာတော့ စည်ဖြိုးတို့နှစ်ယောက်လုံး ချစ်ရတဲ့ သမီးလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို  ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်များကလည်း သူတို့ရဲ့ မိသားစုလေးကို ကြည့်ပြီး အားကျကြည်နူးနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းကတော့ သူတို့နှစ်ဦးရဲ့လူမှုကွန်ယက်မှာ ဓာတ်ပုံနဲ့ဗီဒီယိုလေးတွေ ဝေမျှပေးလာခဲ့ပါတယ်။ဒါကတော့ သမီးလေးကိုယ်ဝန်ဆောင်စဉ်က ရိုက်ထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေကို အခုချိန်မှချပြလိုက်တာ ဖြစ်ပါတယ်။ အားလုံးလည်း ကြည့်ရှုနိုင်စေရန် ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

newsathitnewsnewsathitnews