News

ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍ သတင်းအစအန လုံးဝပျောက်သွားခဲ့သည့် ဒုရဲအုပ်ချယ်ရီထက် သတင်းရပြီ

ဒုရဲအုပ် ချယ်ရီထက် မှာ နေပြည်တော်ရှိ ၎င်း၏ဝန်ထမ်းလိုင်းခန်းတွင်သာရှိနေခဲ့ပြီး အကျယ်ချုပ်သဘောဖြင့် ထိန်းသိမ်းထားရှိခဲ့ကာ ၂၁.၉.၂၀၂၁ ရက်နေ့တွင် စစ်ကောင်စီမှ ဒုရဲအုပ် ချယ်ရီထက် အားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်

ဒုရဲအုပ် ချယ်ရီထက် အား မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမသိရှိခဲ့ရပဲ ၂၃.၉.၂၀၂၁ ရက်နေ့တွင် အမှတ် ၁ မြို့မရဲစခန်း

နေပြည်တော် တွင် စစ်ကောင်စီဘက်မှ တရားလိုပြုလုပ်ကာ ၅၀၅ က ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း Myanmar Police CDM Channel သို့တပ်တွင်းဖရဲသီးများ၏သတင်းပေးပို့မှုများအရသိရှိရပါသည် Ref: ဗိုလ်ကြီး လင်းထက်အောင်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် တည်ဆဲအစိုးရထံမှ နိုင်ငံတော်အာဏာအား လုယူခဲ့ပြီး နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံ့ခေါင်းဆောင်များအားဖမ်းဆီးခဲ့ပါသည်

ထိုသို့ဖမ်းဆီးခဲ့ရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ သက်တော်စောင့်ဖြစ်သူ ဒုရဲအုပ် ချယ်ရီထက်မှာလည်း ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍ သတင်းအစအန လုံးဝပျောက်ကွယ်သွားခဲ့ပါသည်

ဒုရဲအုပ် ချယ်ရီထက်အား စကစ မှ ဖမ်းဆီးသွားသည်ဟူ၍လည်းကောင်း၊ ရာထူးတိုးပြီးဆက်လက်ခန့်ထားခဲ့သည်ဟူ၍လည်းကောင်း အမျိုးမျိုးသတင်းထွက်ပေါ်နေခဲ့သော်လည်း တပ်တွင်းသတင်းအရ ချယ်ရီထက် မှာ နေပြည်တော်ရှိ ၎င်း၏ဝန်ထမ်းလိုင်းခန်းတွင်သာရှိနေခဲ့ပြီး အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားရှိခဲ့ကာ ၂၁.၉.၂၀၂၁ ရက်နေ့တွင် စစ်ကောင်စီမှ ဒုရဲအုပ် ချယ်ရီထက် အားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါသည်

ဒုရဲအုပ် ချယ်ရီထက် အား မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမသိရှိခဲ့ရပဲ ၂၃.၉.၂၀၂၁ ရက်နေ့တွင် နေပြည်တော်အမှတ် ၁ မြို့မရဲစခန်း၌ စစ်ကောင်စီဘက်မှ တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း တပ်တွင်းဖရဲသီးများ၏ သတင်းပေးပို့မှုအရ သိရှိရပါသည်

Zawgyi Version

Crd