Knowledge

နှစ်ပေါင်း(၄၀၀၀)ကျော် သက်တမ်းရှိ အီဂျစ်ပိရမစ်ကြီးတစ်ခုကို ဖွင့်လိုက်တဲ့အခါ

နှစ်ပေါင်း(၄၀၀၀)ကျော် သက်တမ်းရှိ အီဂျစ်ပိရမစ်ကြီးတစ်ခုကို ဖွင့်လိုက်တဲ့အခါ

ရှေးခေတ်အီဂျစ်တွေရဲ့ မြင့်မားတဲ့ယဉ်ကျေးမှု အဆင်တန်ဆာတွေ ခြယ်မှုန်းထားတဲ့ ဒီသချိုင်းဂူဟောင်းကိုတော့ ၁၉၄၀ခုနှစ်လောက်ကတည်းက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ရာစုနှစ်ရဲ့ လေးပုံသုံးပုံကာလတည်းက တည်ဆောက်ခဲ့တဲ့ အီဂျစ်ဂူသချိုင်းတစ်ခုကို အီဂျစ်ရှေးဟောင်းပစ္စည်းလေ့လာရှာဖွေရေး ကျောင်းသားအဖွဲ့ကစတင်တွေ့ရှိခဲ့ပါ တယ်။

ဒီသင်္ချိုင်းဂူဟာ ရှေးအီဂျစ်လူအဖွဲ့အစည်းက အထက်တန်းမျိုးနွယ်တွေထဲက ပုဂ္ဂိုလ်တစ်ဦးရဲ့ဂူဖြစ်ပုံရပြီး ယင်းကာလကအဆင့်မြင့်ဆုံးသော လက်ရာတွေနဲ့ လှလှပပ ပုံဖော်တည်ဆောက်တာကိုတွေ့ရပါတယ်။ ယနေ့အချိန်မှာတော့ အများပြည်သူလေ့လာ ကြည့်ရှုနိုင်ရန် အီဂျစ်အစိုးရက ဖွင့်လှစ်ပြသဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဂူသချိုင်းဟာ မှာရှေးခေတ်အီဂျစ်တွေရဲ့ အဆင့်အတန်းမြင့်မားတဲ့ ဖော်ကျူးမှုတွေကို လာရောက်လေ့လာသူတွေ မြင်တွေ့ရမှာပါ။ ဒီဂူကို လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀လောက်ကတည်းက တွေ့ရှိခဲ့တာဖြစ်ပေမယ့် လိုအပ်တဲ့သုသေသနပြုမှုတွေ၊အတည်ပြုချက်တွေရယူနေရပြီး ဒေသတွင်း အခြေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ယနေ့အချိန်မှသာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို့ အီဂျစ်ယဉ်ကျေးမှုနဲ့ရှေးဟောင်းအနု ပညာလက်ရာများထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီး Khaled El Anany ကလာရောက် သတင်းယူတဲ့မီဒီယာတွေကို ရှင်းလင်းပြောဆိုခဲ့တာပါ။

ဝန်ကြီးကပဲ ဆက်လက်ပြီး ကျွန်တော်တို့အနေနဲ့ ဒီနေရာကို လွန်ခဲ့တဲ့ (၂)နှစ်၊(၃)နှစ်လောက် ကတည်းကဖွင့်ဖို့စီစဉ်ခဲ့ပေမဲ့ တစ်ခြားပြတိုက်တွေကို ဖွင့်လှစ်နေခဲ့ရတာကြောင့် ဒီဘက်ကို အာရုံအပြည့်အဝမစိုက်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ဖွင့်လှစ်ခဲ့ပြီး ဖြစ်တဲ့ Sohag’s ပြတိုက်ဆိုရင် ယခုလိုဖွင့်လှစ်ပြသဖို့ နှစ်(၃၀)လောက်အချိန်ယူ ပြင်ဆင်ခဲ့ ရပါတယ်။

ယနေ့မှာတော့ ကျွန်တော်တို့အနေနဲ့နှစ်ကာလများစွာ ဖွင့်လှစ်ဖို့ပြင်ဆင်ခဲ့ရတဲ့ဒီပြတိုက်ကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ပြီဖြစ်ပြီး ယခုလို နိုင်ငံတကာက သံတမန် တွေနဲ့ ပြည်တွင်း၊ပြည်ပမီဒီယာတွေကိုဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

ဒီသင်္ချိုင်းဂူဟာ သေဆုံးသူရဲ့ ခေါင်းတလားကိုတော့ မြေကြီး အတွင်းမြုပ်နှံသဂြိုလ်ထားတဲ့ Saqqara အမျိုးအစား ပိရမစ်ဖြစ်ပြီး နဲ့တစ်ခေတ်တစ်ခါက အီဂျစ်သမိုင်းမှာထင်ရှားခဲ့တဲ့ မြို့ပြတစ်ခုဖြစ်တဲ့ Memphis ဆိုတဲ့ စကားလုံးတွေအရ ဒီသချိုင်းဂူရဲ့ သက်တမ်းဟာ အနည်းဆုံးနှစ်(၄၀၀၀)လောက် ရှိနေပြီဖြစ်ပြီး ၂၃၀၀ ဘီစီ ပတ်ဝန်းကျင်ကတည်ဆောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပညာရှင် တွေကသတ်မှတ်ကြပါတယ်။ ဒါအပြင် ဒီသချိုင်းမှာမြုပ်နှံထားသူဟာ Mehu ဆိုတဲ့ အမျိုး သားဖြစ်ပြီး သူဟာ (၆) ဆက်မြောက်အီဂျစ်မင်းဆက် ရဲ့ ထိပ်တန်း မှူးမက်တစ်ဦးဖြစ်ပုံပေါ်ပါတယ်။

ဒါအပြင် သချိုင်းဂူနံရံမှာရှိတဲ့ အသေးစိတ်ခြယ်သ မှုတွေကြောင့် Mehu ဟာအသက်ရှိစဉ်က (၄၈) ခုထက်မနည်းသော ဆုတံဆိပ်တွေကို ပိုင်ဆိုင်ခဲ့သူ ဖြစ်ကြောင်း ပညာရှင်တွေက ခန့်မှန်းပြောဆိုကြပါတယ်။ သူဟာ Vizer (ထိပ်တန်းအမက်)တစ်ဦးဖြစ်ပြီး တရားစီရင်ရေးနယ်ပယ်မှာလည်း ထိပ်တန်း တရားသူကြီးတစ်ဦးလည်းဖြစ်ပါတယ်။

ဒါပေမဲ့ အီဂျစ်မင်းဆက်ရဲ့ (၆)ဆက်မြောက် ဘုရင်ဖြစ်တဲ့ Teti ရဲ့ အထူးအားထားရတဲ့အမက်ဖြစ်ပြီး နန်းတော်အတွင်းမှာလည်း အဓိက စီမံခန့်ခွဲအုပ်ချုပ်တဲ့သူလည်းဖြစ်ကြောင်း အီဂျစ်ရှေးဟောင်း သုသေသနပညာ ရှင် Zahi Hawassတွေ့ ရှိချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယခုဖွင့်လှစ်ထားရှိတဲ့ Mehu ရဲ့သချိုင်းဟာ(၂၆၄၉-၂၁၅၀ Bc)ကာလတုန်းကအီဂျစ်ပြည်ရဲ့ အနုသုခုမလက်ရာ များစွာ ကိုယနေ့တိုင်ထိန်းသိမ်းထားဆဲဖြစ်ကြောင်းကို သချိုင်းဂူအတွင်းကနံရံတွေမှာ ခြယ်မှုန်းထားတဲ့ လက်ရာတွေက သက်သေခံနေပါတယ်။ဒါအပြင် ကျယ်ဝန်းတဲ့ တံတိုင်းပါရှိပြီး အရောင်လေးရောင်စပ်တန်ဆာဆင်ထားတဲ့ အခန်းများစွာကိုလည်း ဒီသချိုင်းဂူအတွင်း မှာပါရှိပါတယ်။

ဒါအပြင် Mehu သချိုင်းရဲ့နံရံတွေမှာခြယ်သထားတဲ့ သင်္ကေတတွေဟာ ရှေးဟောင်းအီဂျစ်တွေရဲ့ နေထိုင်မှုပုံစံတွေဖြစ်တဲ့ သတ္ထုတူးခြင်း၊ ကောက်ပဲသီးနှံများကိုရိတ်သိမ်းခြင်း၊ သင်္ဘောများတည်ဆောက်ခြင်း၊ ပိုက်ကိုအသုံး ပြုပြီးငါးဖမ်းနည်း၊ အစားအသောက်ပြင်ဆင်ခြင်းတွေကို ဖော်ပြနေပါတယ်။ ရှေးဟောင်း အီဂျစ်တွေရဲ့ အမဲလိုက်ရာ ကျွမ်းကျင်လိမ္မာပြီး သူရသတ္တိနဲ့ပြည့်ဝမှုတွေကိုလည်း ဒီနံရံ တွေမှာရှိတဲ့ ပုံရိပ်တွေနဲ့ဖော်ကျူးထားတာကိုလည်းတွေ့ရပါတယ်။

အံ့သြစရာကောင်း တာကတော့ ရှေးအီဂျစ်တွေဟာ အထိမ်းအမှတ်ပွဲတော်တွေ ပြုလုပ်လေ့ရှိပြီး ဒီပွဲတော်တွေမှာ ဆန်းပြားတဲ့ကကွက်တွေနဲ့ အသုံးတော်ခံတဲ့ ကခြေသည်တွေလည်းရှိခဲ့ကြောင်း ကို အဲဒီMehu သချိုင်းပြတိုက်နံရံတွေကနေ ဖော်ပြလျက်ရှိနေတာပါ။

ဒီသချိုင်းမှာတွေ့ရှိတဲ့တရားဝင်အချက်အလက်တွေအရ Mehu ဟာသူရဲ့သားဖြစ်သူ Meren Ra၊သူရဲ့မြေးဖြစ်သူ Heteb Khaတို့နဲ့အတူ မြုပ်နှံသဂြိုလ်ခြင်းခံခဲ့ရပါတယ်။ ရှေး ဟောင်းပညာရှင်တွေရဲ့ အသေးစိတ်လေ့လာချက်တွေအရ သေးငယ်တဲ့ အကန့်တစ်ခု တွင်းမြုပ်

Crd