News

(၂၉)နှစ်ပြည့်မွေးနေ့လေးကို တော်လှန်ရေးနယ်မြေတစ်နေရာမှာပဲ နေထိုင်ရင်းဖြတ်သန်းခဲ့ရတဲ့အကြောင်းလေးကို ဖွင့်ဟလာတဲ့ သီဟထွန်

(၂၉)နှစ်ပြည့်မွေးနေ့လေးကို တော်လှန်ရေးနယ်မြေတစ်နေရာမှာပဲ နေထိုင်ရင်းဖြတ်သန်းခဲ့ရတဲ့အကြောင်းလေးကို ဖွင့်ဟလာတဲ့ သီဟထွန်း

နွေဦးတော်လှန်ရေးကြီးမှာ အနုပညာရှင်တွေကလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်ပြီး အရေးတော်ပုံကြီး အောင် မြင်ဖို့အတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ် ။

မင်းမော်ကွန်း၊ ကိုပေါက်၊ ထားထက်ထက်၊ဟားငါးကောင်၊မြနှင်းရည်လွင်၊ဟိန်းထက်စတဲ့ အနုပညာရှင်တွေလည်း လွတ် မြောက်နယ်မြေအသီးသီးကိုရောက်ရှိနေကြပြီး မော်ဒယ်လ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သီဟထွန်းလည်း ရောက်ရှိနေပြီဖြစ်ပါတယ်။

သီဟထွန်းက အရေးတော်ပုံကြီးစတင်ခဲ့တဲ့ အချိန်တည်းကစတင်ကာ ရှေ့ဆုံးကနေတက်တက်ကြွကြွပါ၀င်ခဲ့တဲ့သူဖြစ်ပြီး ၅၀၅(က)နဲ့လည်း ၀ရမ်းထုတ်ခံထားရတဲ့သူဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်လည်း သီဟထွန်းဟာ တော်လှန်ရေးနယ်မြေတစ်ခုကိုရောက်နေပြီး သူ့ရဲ့ (၂၉)နှစ်ပြည့်မွေးနေ့လေးကို တော်လှန်ရေးကိစ္စတွေပြုလုပ်ရင်း ကုန်ဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မွေးနေ့အမှတ်တရလေးအနေနဲ့လည်း သီဟထွန်းဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ မွေးနေ့မှာအလိုချင်ဆုံးအရာကတော့ တော်လှန်ရေးမှာလူတိုင်း အဘက်ဘက်ကနေအားမလျော့ကြပဲ ကြိုးစားပေးကြဖို့နဲ့ ဝေးကွာနေကြတဲ့မိသားစုတွေ မိတ်ဆွေတွေလည်း

အမြန်ဆုံးပြန်လည်ပေါင်းစည်းနိုင်ကြဖို့ပဲဖြစ်တယ်လို့ ရေးသားထားပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလို က်ပါတယ်။

#Crd…