News

ဆရာဝန်ဖြစ်ခါနီး ဒလန်ရဲ့ချောက်ချမှုကြောင့် အနာဂတ်အိပ်မက်တွေ ပျက်ဆီးခဲ့ရတဲ့ ဆေးကျောင်းသားလေးနှစ်ယောက်ရဲ့ စိတ်မကောင်းစရာဖြစ်ရပ်

ဆရာဝန်ဖြစ်ခါနီး ဒလန်ရဲ့ချောက်ချမှုကြောင့် အနာဂတ်အိပ်မက်တွေ ပျက်ဆီးခဲ့ရတဲ့ ဆေးကျောင်းသားလေးနှစ်ယောက်ရဲ့ စိတ်မကောင်းစရာဖြစ်ရပ်

အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တော်လှန်ရေးတိုက်ပွဲကြီး စတင်ခဲ့တာ အခုဆိုရင် (၇)လပြည့်သွားခဲ့ပြီဖြစ်ပြီး ပြည်သူတွေမှာလည်း အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေကြဆဲပါ။

ဖေဖော်ဝါရီလအစကတည်းက ပြုလုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေမှာ လူတန်းစားမျိုးစုံပါဝင်ခဲ့ပြီး အကြမ်းဖက်ဖမ်းဆီးခံသူတွေထဲမှာ ပညာတတ်လူငယ်တွေများစွာလည်း ပါဝင်ခဲ့ကြပါတယ်။

ဖမ်းဆီးခံရသူတွေက လူငယ်လေးနှစ်ယောက်ကတော့ ဒလန်ရဲ့ ချောက်ချသတင်းပေးမှုကြောင့် ဆရာဝန်ဖြစ်လုဆဲဆဲမှာပဲ ဖမ် းဆီးခံလိုက်ရပြီး အနာဂတ်တွေ ပျက်စီးခဲ့ကြရပါတယ်။

နှစ်ယောက်စလုံးဟာ ဆေးကျောင်း နောက်ဆုံးနှစ်ကျောင်း သာ းတွေဖြစ်ပြီး တစ်ယောက်က ဆန္ဒပြတဲ့အထဲပါတယ်ဆိုပြီး ထောင်(၃)နှစ်ချခံရသလို နောက်တစ်ယောက်ကတော့ ဒလန်ရဲ့ချောက်ချမှုကြောင့် အိမ်ထဲထိဝင်ဖမ်းခံရကာ ထောင်ထဲမှာအ ချုပ်ဘဝနဲ့ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဆရာဝန်လောင်းလူငယ်လေးနှစ်ယောက်ရဲ့ စိတ်မကောင်းစရာအဖြစ်အပျက်တွေကိုတော့ အင်းစိန်ထောင်မှာ ရင်းနှီးခဲ့တဲ့ အ ဆောင်တူလူငယ်တစ်ယောက်က ပြောပြထားတာ ဖြစ်ပြီး တ ခြားအဆောင်တွေမှာလည်း အဲ့ဒီလိုဆေးကျောင်းသားလေးတွေ ရှိသေးတယ်ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူ့ သူရဲကောင်းလေးတွေအားလုံး နေကောင်းကျန်းမာစွာနဲ့ အမြန်ဆုံးပြန်လည်လွတ် မြောက်ကြစေဖို့ ဆုတောင်းလိုက်ပါတယ်နော်။

#Credit

Zawgyi




နှစ်ယောက်စလုံးဟာ ဆေးကျောင်း နောက်ဆုံးနှစ်ကျောင်း သားတြွေဖစ်ပြီး တစ်ယောက်က ဆန္ဒပြတဲ့အထဲပါတယ်ဆိုပြီး ထောင်(၃)စ်ချခံရသလို နောက်တစ်ယောက်ကတော့ ဒလန်ရဲ့ချောက်ချမှုကြောင့် အိမ်ထဲထိဝင်ဖမ်းခံရကာ ထောင်ထဲမှာအ ချုပ်ဘဝနဲ့ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။



#Credit