Celebrity News

ပရိသတ်တွေနဲ့ပြန်ဆုံနိုင်ဖို့ တော်လှန်ရေးမှာ မဆုတ်မနစ်ကြိုးစားနေတဲ့ မင်းမော်ကွန်းအကြောင်း ပြောလာတဲ့ ရဲဘော်တစ်ဦး

ပရိသတ်တွေနဲ့ပြန်ဆုံနိုင်ဖို့ တော်လှန်ရေးမှာ မဆုတ်မနစ်ကြိုးစားနေတဲ့ မင်းမော်ကွန်းအကြောင်း ပြောလာတဲ့ ရဲဘော်တစ်ဦး

အာဏာသိမ်းမှုဖြစ်စဉ်စတင်ကတည်းက ပရိသတ်တွေရဲ့တစ် သားတည်းရပ်တည်ပေးခဲ့တဲ့ အကယ်ဒမီ မင်းမော်ကွန်းဟာ လက်ရှိမှာတော့ မိသားစုနဲ့အတူ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး ပြည်သူ့အောင်ပွဲအတွက် လက်နက်ကိုင်တော်လှန်ရေးမှာလည်း ပါဝင်နေခဲ့ပါတယ်။

မင်းမော်ကွန်းနဲ့အတူ တော်လှန်ရေးမှာပါဝင်နေတဲ့ ရဲဘော်တစ်ဦးဟာ တော်လှန်ရေးအပေါ်မှာထားတို့ သူတို့ရဲဘော်တွေရဲ့ စိတ် ဓာတ်အကြောင်းကို လူမှုကွန်ယက်မှာ ရင်ဖွင့်ပြီးပြောပြလာခဲ့ပါတယ်။

အတူနေရဲဘော်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့နဲ့ သူ့ကိုချစ်တဲ့ ပရိသတ်တွေက သူပြန် လာဖို့မျှော်လင့်နေကြကြောင်း အားပေးစကားပြောခဲ့တယ်လို့ဆိုပါတယ်။ မင်းမော်ကွန်းဟာလည်း ဒီတော်လှန်ရေးမှာ ရှိသမျှစိတ်တွေအားလုံးနှစ်မြုပ်ပြီး ကြိုးစားနေကြောင်း ပြည်သူအား လုံးကိုအသိပေးခဲ့ပါတယ်။

ပြည်သူတွေဟာလည်း အောင်မြင်ကျော်ကြားမှုတွေနဲ့ လုံးဝမသက်ဆိုင်တဲ့ တောထဲတောင်ထဲမှာ ဒုက္ခခံပြီး ပြည်သူ့အောင်ပွဲအတွက်ကြိုးစားပေးနေတာကို ကျေးဇူးတင်စရာကောင်းလွန်းကြောင်း မှတ်ချက်တွေပေးခဲ့ကြပါတယ်။

ဒီတော်လှန်ရေးကြီးမှာ ဘဝပေါင်းများစွာရင်းနှီးပေးဆပ်ခဲ့ရပြီး ပြည်သူတွေရဲ့မျက်ရည်တွေဟာလည်း ယနေ့ထက်တိုင်မတိတ်နိုင်ခဲ့သေးပါဘူး။ တောထဲမှာ ဒုက္ခခံပြီးပေးဆပ်နေရတဲ့ ပြည်သူ့ရဲဘော်တွေနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ဘဝတွေဟာလည်း ရင်နာစရာပါ။

အာဏာရှင်စနစ်ကိုအမြစ်ဖြတ်တိုက်ထုတ်ဖို့ဆိုတာ ဒီတော်လှန် ရေးကြီးကပဲ အဆုံးအဖြတ်ပေးနိုင်မှာပါ။ အားလုံးပျော်ရွှင်ရမယ့်နေ့ရက်တွေရောက်လာအောင် ပြည်သူ့ရဲဘော်တွေက အ စွမ်းကုန်ကြိုးစားနေတာမို့ အားလုံးကိုကျေးဇူးတင်ကြောင်း ပြ ည်သူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

#Credit

Zawgyi

အာဏာသိမ္းမႈျဖစ္စဉ္စတင္ကတည္းက ပရိသတ္ေတြရဲ့တစ္ သားတည္းရပ္တည္ေပးခဲ့တဲ့ အကယ္ဒမီ မင္းေမာ္ကြန္းဟာ လက္ရိွမွာေတာ့ မိသားစုနဲ႔အတူ လြတ္ေျမာက္နယ္ေျမတစ္ခုကို ေရာက္ရိွေနၿပီျဖစ္ၿပီး ျပည္သူ႔ေအာင္ပြဲအတြက္ လက္နက္ကိုင္ေတာ္လွန္ေရးမွာလည္း ပါဝင္ေနခဲ့ပါတယ္။

မင္းေမာ္ကြန္းနဲ႔အတူ ေတာ္လွန္ေရးမွာပါဝင္ေနတဲ့ ရဲေဘာ္တစ္ဦးဟာ ေတာ္လွန္ေရးအေပၚမွာထားတို႔ သူတို႔ရဲေဘာ္ေတြရဲ့ စိတ္ ဓာတ္အေၾကာင္းကို လူမႈကြန္ယက္မွာ ရင္ဖြင့္ၿပီးေျပာျပလာခဲ့ပါတယ္။

အတူေနရဲေဘာ္တစ္ေယာက္ျဖစ္တဲ့ မင္းေမာ္ကြန္းကိုလည္း က်န္းမာေရးဂရုစိုက္ဖို႔နဲ႔ သူ႔ကိုခ်စ္တဲ့ ပရိသတ္ေတြက သူျပန္ လာဖို႔ေမ်ွာ္လင့္ေနၾကေၾကာင္း အားေပးစကားေျပာခဲ့တယ္လို႔ဆိုပါတယ္။ မင္းေမာ္ကြန္းဟာလည္း ဒီေတာ္လွန္ေရးမွာ ရိွသမ်ွစိတ္ေတြအားလံုးႏွစ္ျမဳပ္ၿပီး ႀကိဳးစားေနေၾကာင္း ျပည္သူအား လံုးကိုအသိေပးခဲ့ပါတယ္။

ျပည္သူေတြဟာလည္း ေအာင္ျမင္ေက်ာ္ၾကားမႈေတြနဲ႔ လံုးဝမသက္ဆိုင္တဲ့ ေတာထဲေတာင္ထဲမွာ ဒုကၡခံၿပီး ျပည္သူ႔ေအာင္ပြဲအတြက္ႀကိဳးစားေပးေနတာကို ေက်းဇူးတင္စရာေကာင္းလြန္းေၾကာင္း မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။

ဒီေတာ္လွန္ေရးႀကီးမွာ ဘဝေပါင္းမ်ားစြာရင္းႏွီးေပးဆပ္ခဲ့ရၿပီး ျပည္သူေတြရဲ့မ်က္ရည္ေတြဟာလည္း ယေန့ထက္တိုင္မတိတ္ႏိုင္ခဲ့ေသးပါဘူး။ ေတာထဲမွာ ဒုကၡခံၿပီးေပးဆပ္ေနရတဲ့ ျပည္သူ႔ရဲေဘာ္ေတြနဲ႔ မတရားဖမ္းဆီးခ်ဳပ္ေနွာင္ခံခဲ့ရတဲ့ အျပစ္မဲ့ျပည္သူေတြရဲ့ဘဝေတြဟာလည္း ရင္နာစရာပါ။

အာဏာရွင္စနစ္ကိုအျမစ္ျဖတ္တိုက္ထုတ္ဖို႔ဆိုတာ ဒီေတာ္လွန္ ေရးႀကီးကပဲ အဆံုးအျဖတ္ေပးႏိုင္မွာပါ။ အားလံုးေပ်ာ္ရႊင္ရမယ့္ေန့ရက္ေတြေရာက္လာေအာင္ ျပည္သူ႔ရဲေဘာ္ေတြက အ စြမ္းကုန္ႀကိဳးစားေနတာမို႔ အားလံုးကိုေက်းဇူးတင္ေၾကာင္း ျပ ည္သူေတြက မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

#Credit