News

R2P အစည်းအဝေးတတ်ခွင့်ရသည့် ဦးကျော်မိုးထွန်းကို စစ်ကောင်စီမှာ တတ်ခွင့်မပြုရန်ကန့်ကွက်နေ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို R2P ဆိုင်ရာဝန်ကြီးများအဆင့် နှစ် ပတ်လည်အစည်းအဝေးမှာ။

တက်ရောက်မိန့်ခွန်းပြောကြားခဲ့တဲ့အပေါ် အာဏာသိမ်းစစ်ကေ ာင်စီအကြမ်းဖက်အဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချလို က်ပါတယ်။

စက်တင်ဘာ ၂၂ ရက်က (၇၆) ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံပြင်ပမှာ အဆိုပါ အစည်းအဝေးကို ။

Global Center for Responsibility to Protect (GCR2P) အဖွဲ့ကဦးဆောင် ကျင်းပရာမှာ သံ အမတ်ကြီး ဦးကျော်မိုးထွန်းပါဝင်တက်ရောက် မိန့်ခွန်းကြားခဲ့တာဖြစ်ပြီး။

စစ်ကောင်စီ ကိုယ်စားလှယ်ကတော့ တက်ရောက်ခွင့်မရခဲ့ပါဘူးဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီနိုင် ငံခြားရေးဌာနက စက် တင်ဘာ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန် ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အစည်းအ ဝေးမှာ ပါဝင်တက်ရောက်ခွင့်ပြုတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အ စည်းတွေရဲ့အပြုအမူကို ။

မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး ဒီဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေဖို

လှုံ့ဆော်အားပေးရာရောက်ကြောင်းနဲ့ ဦးကျော်မိုးထွန်းနဲ့ ထိတွေ့ဆောင်ရွက်တာ အားပေးအားမြှောက်ပြုတာတွေကို ။

ရှောင်ကြဉ်ဖို့လည်း နို င်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆိုတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဦးကျော်မိုးထွန်းဟာ NUG အဖွဲ့ကို ကိုယ်စားပြု မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်းသူ့ရဲ့ မိန့်ခွန်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့။

အသိုက်အဝန်းမှ မမှန်မကန် အခြေအမြစ် မရှိတဲ့စွပ်စွဲချက်များပါဝင်ပြီး၊ နိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာကို ထိပါးစေကာ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်နေတဲ့လက်ခံနိုင်ဖွယ်မရှိတဲ့ အချ က်အလက်တွေပါဝင်နေတယ်လို့ဆိုပါတယ်။

အလားတူ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ခွင့်မရတဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန် ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း။

အာဆီယံ –အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးများအစည်း အဝေးကို နေပြည်တော်ကနေ ဗီဒီယိုကွန် ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပြီး။

CRPH နဲ့ NUG တို့ ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချသွားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ်အသိ အမှတ်ပြုပြီး ။

အထွေထွေညီလာခံနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဆွေးနွေးခွင့် ပြုထားပါတယ်။
#Credit