News

ဒီးမော့ဆိုတိုက်ပွဲအတွင်း ပျောက်ဆုံးသွားသော PDF အမျိုးသမီးတပ်ဖွဲ့ဝင်အား ပြန်လည်ကယ်တင်နိုင်ခဲ့

ဒီးမော့ဆိုတိုက်ပွဲအတွင်း ပျောက်ဆုံးသွားသော PDF အမျိုးသမီးတပ်ဖွဲ့ဝင်အား ပြန်လည်ကယ်တင်နိုင်ခဲ့

ဒီးမော့ဆိုတိုက်ပွဲအတွင်း ပျောက်ဆုံးသွားသော PDF အမျိုး သမီးတပ်ဖွဲ့ဝင်အား ပြန်လည်ကယ်တင်နိုင်ခဲ့– စက်တင်ဘာ ၂၁၊ ၂၀၂၁။ကယားပြည်နယ်၊ဒီးမော့ဆိုမြို့ရှိခြောက်မိုင်ကျေ းရွာတွင်ယမန်နေ့ကတိုက်ပွဲအတွင်းပျောက်ဆုံးသွားသည့် PDF နှစ်ဦးမှအမျိုးသမီးတစ်ဦးကိုယနေ့နံနက် ကိုးနာရီခန့်တွင် ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။ယနေ့နံနက်၉နာရီခန့်တွင်ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသတင်းရင်းမြစ်တစ်ဦးကThe74 Mediaကိုပြောသည်

။“မနေ့ကတိုက်ပွဲမှာလူနှစ်ယောက်ပျောက်ဆုံးသွားပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေး တစ်ယောက်ပါ။ မိန်းကလေး တစ်ယောက်ကိုတော့ ဒီမနက်ကိုးနာရီလောက်မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်”ဟု သူကပြောသည်။

၎င်းနှင့်အတူ တိုက်ပွဲတွင် ပျောက်ဆုံးသွားသော အခြား PDF တပ်ဖွဲ့ဝင်တစ်ဦးမှာ ကျဆုံးသွားခဲ့ပြီး ရုပ်အလောင်းပြန်လည် ရရှိရန်အတွက်ကြိုးစားနေကြောင်း သူက ဆက်ပြောသည်။ကယ်ထုတ်နိုင်ခဲ့သည့် အမျိုးသမီးတွင် ထိခိုက်ဒဏ်ရာကြီးကြီ းမားမား မရရှိခဲ့သော်လည်း ကြောက်လန့်နေသေးကြောင်း သိရသည်။

စက်တင်ဘာလ၂၀ ရက် စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သော ဒီးမော့ဆိုတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး ခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။

ကယားပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉၃ ဦးနှင့် ဖမ်းဆီးခံရသူ ၁၃၉ ဦးရှိကြောင်းတိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) မှ စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်

crd