Celebrity News

သီလရှင်ကျောင်းမှာ လှုဖွယ်ပစ္စည်းမျိုးစုံ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်

သီလရှင်ကျောင်းမှာ လှုဖွယ်ပစ္စည်းမျိုးစုံ လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း

UNICODE VERSION

အနုပညာ ဂီတလောကမှာ ထူးခြားတဲ့ အသံကို ပိုင်ဆိုင်ထားတဲ့ အဆို တော် ထူးအယ်လင်း ကသီချင်းကောင်း များစွာကို သီဆိုလာခဲ့တာဆိုရင် ဆယ်စုနှစ်ကျော် တိုင်ကြာခဲ့တာ ဖြစ်ပြီးအောင်မြင်မှုတွေနဲ့ ဂီတလမ်းကြောင်းပေါ်မှာလျှောက်လှမ်း လာခဲ့တာပဲ ဖြစ်ပါတယ်။

ထူးအယ်လင်းကတော့ အနုပညာ အလုပ်မှာတင် အောင်မြင်ရုံမကပဲ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ သူကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ နည်းပါး နေပေမယ့်လည်း ပရဟိတအလုပ်တွေကိုပဲ တက်တက်ကြွကြွ အင်တိုက်အားတိုက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၂ရက်နေ့မှာ ထူးအယ်လင်း က မြိုင်သာယာရပ်ကွက်ရှိ သီလရှင်ကျောင်း( ၆၀ )ကျောင်းရှိ မယ်သီလရှင် အပါး ( ၇၂၀ ) အတွက် လှူဒါန်းမှု့တွေပြုလုပ်ခဲ့ပါတယ်။

” ဆန် ၊ ငါးသေတ္တာ ၊ ကြက်ဥ ၊ အာလူး ၊ ကြက်သွန် ၊ အသားတု ၊ ပုန်းရည်ကြီး ၊ ငါးငပိ ၊ ဝတ္ထုငွေ ၊ ကြာပန်းဖျားနာပျောက်ဆေး လှုဖွယ်ပစ္စည်းအမျိုးအမည် ( ၁၀ )မျိုးကို ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်း မြိုင်သာယာရပ်ကွက်ရှိ သီလရှင်ကျောင်း( ၆၀ )ကျောင်းရှိ


မယ်သီလရှင် အပါး ( ၇၂၀ ) အတွက် လှုဒါန်းခဲ့ပါတယ် …ခုနှစ်ရက်သားသမီး ရာဟုသားသမီးအပါ အလှုရှင်များ ကုသိုလ်ကောင်းမှုအစုစုတို့ကို မုဒိတာပွားများ၍ (၃၁) ဘုံကျင်လည်ကျက်စားကြကေုန်သောဝေနေယျအပေါင်း အထက်ဘဝဂ်

အောက်ဘဝဂ်ပါမကျန် သာဓု ခေါ်ဆို ကုသိုလ်အမျှရကြပါစေသာဓု သာဓု သာဓု ” ဆိုပြီး သူရဲ့ဖေ့ဘွတ်စာမျက်နှာမှာရေးသားထားတာကို တွေ့ရပါတယ်။

ကဲ Cele Only ပရိသတ်ကြီးရေ ထူးအယ်လင်း ရဲ့ ကြည်နူးဖွယ်ရာအလှူလေးကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။ စာဖတ်ပရိသတ်တစ်ဦးချင်းစီတိုင်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

ZAWGYI VERSION







Crd