Celebrity News









Unicode

အစာအိမ်ရောဂါကြောင့် အရေးပေါ် ဆေးရုံတက်လိုက်ရတဲ့ ခင်သဇင်

အစာအိမ်နဲ့ ဆေးရုံ ရောက်သွားတာပါစိတ်ခံစားချက် ပြင်းထန်တာ လူကို ထိခိုက်စေပါတယ်။ဝိတ်လည်း မလျှော့ပါဘူး အားကစားပဲ ပုံမှန်လုပ်တာပါငယ်ကတည်း က ဖြစ်လာတဲ့ ရောဂါ ဖြစ်တဲ့ အတွက်အစာအိမ်နဲ့ ဆေးရုံ ခနခနရောက်တာ ကိုယ့်အတွက် ရိုးတောင်ရိုးနေပါပြီ


ဒီကာလကြီးတွေက ပျော်စရာကောင်းမနေပါဘူးစိတ်ဆင်းရဲ စိတ်ဓာတ်ကျတာတွေနဲ့ လူတိုင်း နီးပါး ရင်ဆိုင်နေရမယ် ထင်ပါတယ်ကျန်းမာရေး အထူး ဂရုစိုက်ကြပါနော်နာတာရှည် ရောဂါမျိုး ဇင့်လို အဖြစ်မခံကြပါနဲ့


လောကကြီးမှာ ရှင်သန်ရတာ တပန်းရှုံးပါတယ်။ဒီအစာအိမ်ရောဂါကြောင့် ဘဝမှာ လိုချင်ရက်နဲ့စွန့်လွှတ်လိုက်ရတဲ့ ကိစ္စတွေ ခန ခန ကြုံခဲ့ရပါတယ်။ကျန်းမာခြင်းက တကယ်တော့ လာဘ်ကြီး တပါးပါပဲ။

စိတ်ပူပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ဇင်လည်း အမြန်နေကောင်းအောင် ကြိုးစားပါမယ်နော်။ချစ်တဲ့ ခင်သဇင် ဆိုပြီး သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာထက်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

Crd