Celebrity News

ပိုက်ဆံနဲ့ နာမည်ကြီးဖို့ထက် ကုသိုလ်ဖြစ်ရေးကိုသာ ပိုလိုချင်ပါတယ်ဆိုတဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး ခိုင်နှင်းဝေကတော့ လက်ရှိမှာအနုပညာအလုပ်တွေထက် လူသားအကျိုးပြု ပရဟိတလုပ်ငန်းတွေကို တစိုက်မတ်မတ်နဲ့ လုပ် ဆောင်နေခဲ့ပါတယ်။

ခိုးကိုးရာမဲ့လူမမယ်ကလေးငယ်တွေအတွက်လည်း ဂေဟာလေ းတည်ဆောက်ပြီး မိခင်အရင်းသဖွယ်စောင့်ရှောက်ပေးနေခဲ့ပါတယ်။

လူမမယ်ကလေးသူငယ်တွေအတွက်လည်း အားကြိုးမာန်တက်ဆောင်ရွက်နေသလို အကူညီလိုအပ်နေတဲ့သူတွေအတွက်လည်း နေ့စဉ်နေ့တိုင်းလိုလို လိုအပ်နေတဲ့ကူညီမှုတွေကို လုပ်ဆောင်နေခဲ့ပါသေးတယ်။

သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးမှုတွေကြုံတွေ့တဲ့အခါမှာလည်း ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးတွေအတွက်လည်း အချိန်သင့်အခါသင့်လှူဒါန်းပေးနေခဲ့ပါသေးတယ်။

အခုလို လူသားအကျိုးပြုလုပ်ငန်းတွေကို ပြန်လည်ရယူလိုခြင်းမျှော်လင့်ချက်မရှိဘဲ စိတ်ရင်းစေတနာအမှန်နဲ့ ကူညီနေတာကြောင့် ပရိသတ်တွေကလည်း ခိုင်နှင်းဝေကိုချီးကျူးနေခဲ့ရပါသေးတယ်။

ခိုင်နှင်းဝေကလည်း သူအခုလို အလှူလူသားအကျိုးပြု ပရဟိ တလုပ်ငန်းတွေကိုလုပ်ကိုင်တဲ့နေရာမှာ “ပိုက်ဆံနဲ့ နာမည်ကြီးဖို့ထက် ကုသိုလ်ဖြစ်ရေးကိုသာ ပိုလိုချင်ပါတယ်” ဆိုပြီး ကုသို လ်ရဖို့တစ်ခုတည်းသာမျှော်လင့်ကြောင့် သူရဲ့ စိတ်ထားလေးကိုပြောပြလာခဲ့ပါတယ်။

ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ စိတ်ထားလေးကတော့ တကယ်ကို သာဓုခေါ်ဆိုပြီးရင်းကို သာဓုခေါ်နေရတဲ့ စိတ်ထားလေးပါပဲနော်။

Source – Khine Hnin Wai

-Zawgyi Font ဖြင့် ဖတ်ရန်-









Source – Khine Hnin Wai