News

လူငယ်ကြယ်ပွင့်လေးတစ်ပွင့် ကြွေလွင့်ရပြန်













crd

unicode

ညီလေးတစ်ယောက် ရိုးသားတယ် ကြိုးစားတယ်

ငယ်ငယ်က စာအရမ်းတော်တယ် လူမှုဆက်ဆံရေးမှာလည်း သိပ်တော်တဲ့သူ မြန်မာ့ဂီတကိုလည်း ကျွမ်းကျင်ပိုင်နိုင်တယ်

လူတွေအပေါ် နစ်နာလိုစိတ်မရှိသူ အမြဲတမ်း အပြုံးချိုချိုနဲ့ စိတ်ထားကောင်းတဲ့သူ

ရပ်ကွက်ထဲမှာလည်း ရန်ဖြစ်ဖူးတယ်လို့ မကြားဖူးဘူး မသိဖူးဘူး…

အခုမှ အနာဂတ်တွေရဲ့အကြောင်း စိတ်ကူးယဉ်လို့ကောင်းတုန်းအရွယ် အသက် ၂ဝကျော်ပဲရှိတယ်

ကိုရေမွန်ရဲ့ အမှတ်တရအင်္ကျီ ဝယ်ထားပြီး သူ့လက်ထက်ရော က်တာ ခဏပဲရှိသေးတယ်

လွန်ခဲ့တဲ့သုံးရက်က စမ်းချောင်းအိမ်နောက်ဖေးတစ်ခုမှာ ခွေးတွေလိုက်ဖမ်း လိုက်ပစ်လို့ ပြေးထွက်ရင်း အသက်ပေးလိုက်ရတယ်ကြားတယ်

ငါတို့က သတ္တိမရှိဘူးလို့ထင်ခဲ့ဖူးသူက ငါတို့ထက် သတ္တိကြီးချက်က ရင်ပါကွဲရတယ် ညီလေးရေ …

မင်းကို ပစ်သတ်လိုက်တဲ့သူနဲ့ သူ့ရဲ့မိသားစုသိစေဖို့ မင်းအ ကြောင်း ရေးတာပါ။

လူငယ်တွေကိုပစ်သတ်တဲ့ အဲဒီမိသားစုတွေ ငါတို့လိုတုန်လှုပ်မကြေကွဲကြပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။

သူရဲကောင်း ညီလေး စောစကြ်ာအောင် လေးစားလျက်

မြန်မာနိုင်ငံမှာ ဝဋ်ကြွေးဆိုးတွေ လွန်မြောက်ပါစေ လွတ် မြောက်ပါစေ

crd