News

ကုန်တင်ကားတိမ်းမှောက်ပြီး လမ်းဘေးပြန့်ကျဲသွားတဲ့ ပြောင်းဆန်တွေကို ဆိုင်ကယ်တွေနဲ့ အလုအယက်သယ်ယူနေကြတဲ့ ပြည်သူများ

စက်တင်ဘာလ(၁၉)ရက်နေ့ မနေ့ကတော့ ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်း (၉)မိုင် (၂)ဖာလုံမှာ ပြောင်းဆန်တွေတင်လာတဲ့ ကုန်တင်ကားတစ်စီး တိမ်းမှောက်နေခဲ့ပါတယ်။

အဆိုပါကုန်တင်ကားဟာ လမ်းဘေးဓာတ်တိုင်ကို ဖိလှဲပြီး တိမ် းမှောက်နေခဲ့တာပဲ ဖြစ်ကာ ကားပေါ်ပါလာတဲ့ ပြောင်း ဆန်တွေဟာ လမ်းဘေးကို ပြန့်ကျဲသွားခဲ့ပါတယ်။

အဆိုပါကုန်တင်ကားမောင်းတဲ့ ယာဥ်မောင်းကတော့ ထွက်ပြေသွားတယ်လို့သိရပြီး ဓာတ်တိုင်ကို ဖိလှဲနေတာကြောင့် အနီးနားရှိ ရပ်ကွက်တွေမှာ မီးတွေပျက်နေခဲ့ပါတယ်။

ယခုမှာတော့ ယာဥ်မောင်းမရှိတာကို အခွင့်ကောင်းယူပြီး ပြည်သူအချို့ဟာ လမ်းဘေးပြန့်ကျဲနေတဲ့ ပြောင်းဆန်တွေကို အိတ်တွေနဲ့ထည့်ပြီး ဆိုင်ကယ်တွေနဲ့ အလုအယက် သယ်ယူနေကြပါတယ်။

အနီးနားရှိရပ်ကွက်နေ ပြည်သူတစ်ဦးကတော့ ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်း( ၉)မိုင် (၂)ဖာလုံက သူ့ရဲ့ အိမ်ရှေ့မှာ ကားတစ်စီး တိမ်းမှောက်နေကြောင်း၊ ကားသမားက ဘယ်ပျောက်သွားမှန်းမသိဘဲ ကားက မီးတိုင်ကို ဖိလှဲသွားလို့ သူ့အိမ်မှာမီးပျက်သွားပြီဖြစ်ကြောင်း ပြောဆိုထားခဲ့ပါတယ်။

အဆိုပါပြည်သူတစ်ဦးကတော့ တိမ်းမှောက်နေတဲ့ ကားကို ပိုင် ရှင်အနေနဲ့ အမြန်လာမထူရင် မီးပြန်လုပ်ဖို့ကြာသွားမှာဖြစ်ကြေ ာင်း၊ ထမင်းဟင်းချက်၊ ရေသုံးစရာမရှိတာကြောင့် သူ့အိမ်က ကလေးတွေဒုက္ခရောက်တော့မှာဖြစ်ကြောင်း၊ ကားပေါ်ပါလာတဲ့ ပြောင်းဆန်တွေကိုလည်း ဘယ်ကမှန်းမသိတဲ့လူတွေက ကြိုက်သလို လာသယ်နေကြလို့

ကုန်နေပြီဖြစ်ကြောင်း ရေးသားပြောဆိုထားခဲ့ပါတယ်။ လမ်းဘေးပြန့်ကျဲသွားတဲ့ ပြောင်းဆန်တွေကို ပိုင်ရှင်မသိဘဲ အိတ်တွေနဲ့သယ်ယူနေကြတဲ့ ပြည်သူအချို့ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

crd#original writer

zawgyi





အနီးနားရှိရပ်ကွက်နေ ပြည်သူတစ်ဉီးကတော့ ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်း( ၉)မိုင် (၂)ဖာလုံက သူ့ရဲ့ အိမ်ရှေ့မှာ ကားတစ်စီး တိမ်းမှောက်နေကြောင်း၊ ကားသမားက ဘယ်ပျောက်သွားမှန်းမသိဘဲ ကားက မီးတိုင်ကို ဖိလှဲသွားလို့ သူ့အိမ်မှာမီးပျက်သွားပြီဖြစ်ကြောင်း ပြောဆိုထားခဲ့ပါတယ်။

အဆိုပါပြည်သူတစ်ဉီးကတော့ တိမ်းမှောက်နေတဲ့ ကားကို ပိုင် ရှင်အနေနဲ့ အမြန်လာမထူရင် မီးပြန်လုပ်ဖို့ကြာသွားမှာဖြစ်ကြောင်း၊ ထမင်းဟင်းချက်၊ ရေသုံးစရာမရှိတာကြောင့် သူ့အိမ်က ကလေးတွေဒုက္ခရောက်တော့မှာဖြစ်ကြောင်း၊ ကားပေါ်ပါလာတဲ့ ပြောင်းဆန်တွေကိုလည်း ဘယ်ကမှန်းမသိတဲ့လူတွေက ကြိုက်သလို လာသယ်နေကြလို့


crd#original writer