Celebrity News

မိသားစုက သူ့ကို “ဒေါ်ငွေသိမ်း” လို့ခေါ်တဲ့အကြောင်းလေး သတိတရပြောလာတဲ့ ခင်လှိုင်ရဲ့ဇနီး အန်တီငယ်

ဘာမှမရှိတဲ့ဘဝကနေစခဲ့ရပေမယ့်အခုလိုအဆင်ပြေလာအောင် ဘယ်လိုစုဆောင်းရှာဖွေခဲ့ရလဲဆိုတာပြောပြလာတဲ့ခင်လှိုင်ရဲ့ဇနီးအန်တီငယ်သရုပ်ဆောင်ခင်လှိုင်ကတော့မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောလူထုလှုပ်ရှားမှုတွေမှာတက်ကြွစွာပါဝင်ခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

အာဏာသိမ်းမှုစတင်ဖြစ်ပွားခဲ့တဲ့ဖေဖော်ဝါရီ(၁)ရက်နေ့ကတည်းက ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ဟာသသရုပ်ဆောင်၊ ဒါရိုက်တာခင်လှိုင်တို့မိသားစုဟာလက်ရှိမှာလည်းဘေးလွတ်ရာကိုတိမ်းရှောင်နေရပြီးမိသားစုတွေ တကွဲတပြားဖြစ်နေဆဲပါပဲ။

လမ်းပေါ်ထွက်ပြီးဆန္ဒထုတ်ဖော်ကြတဲ့ပြည်သူများအဟာရပြည့်စေရန်အတွက်လည်းစားစရာသောက်စရာတွေလှူဒါန်းပေးခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာတော့အခြေအနေအရပ်ရပ်ကြောင့်တစ်မိသားစုလုံးဘေးကင်းရာသို့ခေတ္တခဏတိမ်းရှောင်နေရတာဖြစ်ပါတယ်။

နာမည်ကျော်ဟာသသရုပ်ဆောင်ကြီးဦးခင်လှိုင်ရဲ့ဇနီးအန်တီငယ်ကတော့အခုအချိန်အထိရောက်လာအောင်ရုန်းကန်ပြီးကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကိုပေါ်ပြူလာဂျာနယ်နဲ့အင်တာဗျူးမှာအခုလိုပဲဖြေဆိုထားပါတယ်။

“ကိုယ့်ဘဝကိုယ်ရုန်းပြီးရပ်တည်ခဲ့ရတာအမေတို့အဖေတို့ကကိုယ်တွေကိုမထောက်ပံ့နိုင်ဘူးအိမ်ထောင်စကျကတည်းကအန်တီငယ်တို့ကြိုးစားတယ်အမေတို့အဖေတို့ထားခဲ့တဲ့ပစ္စည်းတွေကိုဆိုအန်တီငယ်အကုန်မောင်နှမတွေကိုခွဲပေးတယ်အန်တီငယ်တို့လင်မယားအပ်ကနေစပြီးဒီဘဝကိုရပ်တည်ထားတာသားသမီးတွေကိုလည်းသွန်သင်တယ်ကိုခင်လှိုင်တပည့်တွေကိုလည်းသွန်သင်တယ်

စုပါပေါ့နော် ”

“အန်တီငယ်ကငယ်ငယ်ကတည်းကအစ်မတို့ချက်တာစားတာကိုယ်ကချက်တတ်ပေမယ့်

သူတို့ကချက်တာဝါသနာပါတော့သူတို့ပဲချက်နေတာနဲ့ကိုယ်ကထိုင်စားဖြစ်တာ”

“အန်တီငယ်ကကောက်ညှင်းနဲ့လုပ်တဲ့မုန့်လေးတွေကြိုက်တယ်

ဦးခင်လှိုင်ကအားလုံးလုပ်တတ်တော့အဆင်ပြေတယ်

ဟိုနေ့ကလည်းမုန့်ဆီကြော်စားချင်တယ်ပြောမိတာဒီနေ့ချက်ချင်းထကြော်ပေးတော့သူ့တပည့်တွေတောင်ပြောပြီးရယ်နေတာ”

“အန်တီငယ်အရင်ကတည်းကဘုရားမှာပုံးလေးထားပြီးလှူဖို့ဖယ်ထားတယ်

ပြီးတော့မှကိုယ်စားတယ်သားသမီးတွေပညာရေးအတွက်ဖယ်တယ်ပေါ့

အစကတည်းကအန်တီငယ်ကရွှေစုတယ်ဝတ်လည်းဝတ်တယ်ပေါ့ အိမ်တွေကားတွေဝယ်မယ်လို့

ဦးခင်လှိုင်ပြောလို့အန်တီငယ်ထုတ်ပေးရင်သူကအံ့သြနေရောမိန်းမဘယ်တုန်းကစုထားတာလဲဆိုပြီး”

“အန်တီငယ်ကဝင်ငွေထွက်ငွေအကုန်မှတ်တယ်ဒီဘယ်လောက်ဝင်လဲထွက်လဲဆိုတာလည်းသိရတယ်

ဘယ်လောက်စုမိတယ်ဆိုတာလည်းသိရတယ် ”

“သားသမီးတွေကိုလည်းဆုံးမတယ်ကိုယ်လုပ်တဲ့အလုပ်အကောင်းဆုံးလုပ်ပေါ့နော်

သူတို့ကိုကျတော့အန်တီငယ်ကဘွဲ့ရပညာတက်ဖြစ်စေချင်တယ်

ပညာကိုစုံအောင်ယူဘွဲ့ယူသင်တန်းတက်တွေတက်အမေတို့အဖေတို့ရှာနိုင်တုန်းအကုန်ရအောင်ယူပေါ့”

“အန်တီငယ်တွေယူတုန်းကအမေဆိုငယ်သေးတယ်ဆိုပြီး၃ခါခွဲတာ၃ခါလုံးပြန်လိုက်ပြေးတယ်

ယူပြီးတဲ့အခါကျတော့ဦးခင်လှိုင်လည်းကြိုးစားတယ်အန်တီငယ်လည်းစုတယ်ဒီလိုနဲ့ဒီအခြေအနေရောက်လာတာပေါ့”

“ဦးခင်လှိုင်တို့ကားရိုက်တဲ့အချိန်မှာသူ့တပည့်တွေကဆရာ ကျွန်တော်တို့အလုပ်မရှိတော့ဘူးဆိုတော့ဆန်နဲ့ဆီတစ်နိုင်တစ်ပိုင်ပေးလိုက်မယ်ပေါ့

ရပ်ကွက်ကလူတွေကလည်းအဆင်မပြေတဲ့အသံလေးတွေကြားတော့လှူဖြစ်သွားတာပေါ့”

“အခုဆိုကိုယ်တွေကကံကောင်းလို့အလုပ်လုပ်ရသလိုဖြစ်နေတယ်

ကိုယ်ရှာနိုင်မှကိုယ့်တပည့်သားသမီးတွေနဲ့၇ရက်သားသမီးပရိသတ်ကိုလှူနိုင်မှာလေ

အခုလည်းဆန်အိတ်၄၀ဆီအချိန်၁၀ကြက်သွန်ဖြူပေါ့”

“အန်တီငယ်ကိုဒေါငွေသိမ်းလို့စတာပေါ့ယောက်ျားရှာတာလည်းအကုန်သိမ်းတယ်

သားတို့သမီးတို့ကလေးတွေပိုက်ဆံပါသိမ်းတယ်ပေါ့

အန်တီငယ်ပျောက်ပြီးဒေါ်ငွေသိမ်းဖြစ်သွားတယ်”လို့သားသမီးတွေကအနုပညာကြေးတွေအပ်တဲ့အကြောင်းလည်းပြောပြခဲ့ပါတယ်

(Zawgyi)

ဘာမှမရှိတဲ့ဘဝကနေစခဲ့ရပေမယ့်အခုလိုအဆင်ပြေလာအောင်ဘယ်လိုစုဆောင်းရှာဖွေခဲ့ရလဲဆိုတာပြောပြလာတဲ့ခင်လှိုင်ရဲ့ဇနီးအန်တီငယ်

သရုပ်ဆောင်ခင်လှိုင်ကတော့မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုတွေမှာတက်ကြွစွာပါဝင်ခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

အာဏာသိမ်းမှုစတင်ဖြစ်ပွားခဲ့တဲ့ဖေဖော်ဝါရီ(၁)ရက်နေ့ကတည်းကပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ဟာသသရုပ်ဆောင်၊ဒါရိုက်တာခင်လှိုင်တို့မိသားစုဟာ

လက်ရှိမှာလည်းဘေးလွတ်ရာကိုတိမ်းရှောင်နေရပြီးမိသားစုတွေတကွဲတပြားဖြစ်နေဆဲပါပဲ။

လမ်းပေါ်ထွက်ပြီးဆန္ဒထုတ်ဖော်ကြတဲ့ပြည်သူများအဟာရပြည့်စေရန်အတွက်လည်းစားစရာသောက်စရာတွေလှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့အခြေအနေအရပ်ရပ်ကြောင့်တစ်မိသားစုလုံးဘေးကင်းရာသို့ခေတ္တခဏတိမ်းရှောင်နေရတာဖြစ်ပါတယ်။

နာမည်ကျော်ဟာသသရုပ်ဆောင်ကြီးဦးခင်လှိုင်ရဲ့ဇနီးအန်တီငယ်ကတော့

အခုအချိန်အထိရောက်လာအောင်ရုန်းကန်ပြီးကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကိုပေါ်ပြူလာဂျာနယ်နဲ့အင်တာဗျူးမှာအခုလိုပဲဖြေဆိုထားပါတယ်။

“ကိုယ့်ဘဝကိုယ်ရုန်းပြီးရပ်တည်ခဲ့ရတာအမေတို့အဖေတို့ကကိုယ်တွေကိုမထောက်ပံ့နိုင်ဘူး

အိမ်ထောင်စကျကတည်းကအန်တီငယ်တို့ကြိုးစားတယ်အမေတို့အဖေတို့ထားခဲ့တဲ့ပစ္စည်းတွေကိုဆိုအန်တီငယ်အကုန်မောင်နှမတွေကိုခွဲပေးတယ်

အန်တီငယ်တို့လင်မယားအပ်ကနေစပြီးဒီဘဝကိုရပ်တည်ထားတာ

သားသမီးတွေကိုလည်းသွန်သင်တယ်ကိုခင်လှိုင်တပည့်တွေကိုလည်းသွန်သင်တယ်

စုပါပေါ့နော် ”

“အန်တီငယ်ကငယ်ငယ်ကတည်းကအစ်မတို့ချက်တာစားတာကိုယ်ကချက်တတ်ပေမယ့်

သူတို့ကချက်တာဝါသနာပါတော့သူတို့ပဲချက်နေတာနဲ့ကိုယ်ကထိုင်စားဖြစ်တာ”

“အန်တီငယ်ကကောက်ညှင်းနဲ့လုပ်တဲ့မုန့်လေးတွေကြိုက်တယ်

ဦးခင်လှိုင်ကအားလုံးလုပ်တတ်တော့အဆင်ပြေတယ်

ဟိုနေ့ကလည်းမုန့်ဆီကြော်စားချင်တယ်ပြောမိတာဒီနေ့ချက်ချင်းထကြော်ပေးတော့သူ့တပည့်တွေတောင်ပြောပြီးရယ်နေတာ”

“အန်တီငယ်အရင်ကတည်းကဘုရားမှာပုံးလေးထားပြီးလှူဖို့ဖယ်ထားတယ်

ပြီးတော့မှကိုယ်စားတယ်သားသမီးတွေပညာရေးအတွက်ဖယ်တယ်ပေါ့

အစကတည်းကအန်တီငယ်ကရွှေစုတယ်ဝတ်လည်းဝတ်တယ်ပေါ့အိမ်တွေကားတွေဝယ်မယ်လို့

ဦးခင်လှိုင်ပြောလို့အန်တီငယ်ထုတ်ပေးရင်သူကအံ့သြနေရောမိန်းမဘယ်တုန်းကစုထားတာလဲဆိုပြီး”

“အန်တီငယ်ကဝင်ငွေထွက်ငွေအကုန်မှတ်တယ်ဒီလဘယ်လောက်ဝင်လဲထွက်လဲဆိုတာလည်းသိရတယ်

ဘယ်လောက်စုမိတယ်ဆိုတာလည်းသိရတယ် ”

“သားသမီးတွေကိုလည်းဆုံးမတယ်ကိုယ်လုပ်တဲ့အလုပ်အကောင်းဆုံးလုပ်ပေါ့နော်

သူတို့ကိုကျတော့အန်တီငယ်ကဘွဲ့ရပညာတက်ဖြစ်စေချင်တယ်

ပညာကိုစုံအောင်ယူဘွဲ့ယူသင်တန်းတက်တွေတက်အမေတို့အဖေတို့ရှာနိုင်တုန်းအကုန်ရအောင်ယူပေါ့”

“အန်တီငယ်တွေယူတုန်းကအမေဆိုငယ်သေးတယ်ဆိုပြီး၃ခါခွဲတာ ၃ခါလုံးပြန်လိုက်ပြေးတယ်

ယူပြီးတဲ့အခါကျတော့ဦးခင်လှိုင်လည်းကြိုးစားတယ်

အန်တီငယ်လည်းစုတယ်ဒီလိုနဲ့ဒီအခြေအနေရောက်လာတာပေါ့”

“ဦးခင်လှိုင်တို့ကားရိုက်တဲ့အချိန်မှာသူ့တပည့်တွေကဆရာကျွန်တော်တို့အလုပ်မရှိတော့ဘူးဆိုတော့ဆန်နဲ့ဆီတစ်နိုင်တစ်ပိုင်ပေးလိုက်မယ်ပေါ့

ရပ်ကွက်ကလူတွေကလည်းအဆင်မပြေတဲ့အသံလေးတွေကြားတော့လှူဖြစ်သွားတာပေါ့”

“အခုဆိုကိုယ်တွေကကံကောင်းလို့အလုပ်လုပ်ရသလိုဖြစ်နေတယ်

ကိုယ်ရှာနိုင်မှကိုယ့်တပည့်သားသမီးတွေနဲ့၇ရက်သားသမီးပရိသတ်ကိုလှူနိုင်မှာလေ

အခုလည်းဆန်အိတ်၄၀ဆီအချိန်၁၀ကြက်သွန်ဖြူပေါ့”

“အန်တီငယ်ကိုဒေါငွေသိမ်းလို့စတာပေါ့ယောက်ျားရှာတာလည်းအကုန်သိမ်းတယ်

သားတို့သမီးတို့ကလေးတွေပိုက်ဆံပါသိမ်းတယ်ပေါ့

အန်တီငယ်ပျောက်ပြီးဒေါ်ငွေသိမ်းဖြစ်သွားတယ်”လို့သားသမီးတွေက အနုပညာကြေးတွေအပ်တဲ့အကြောင်းလည်းပြောပြခဲ့ပါတယ်

Credit