Celebrity News

ခွန်အားတွေ လုံး၀ လျော့မသွားဘဲ ဒီမိုကရေစီပြန်ရပြီဆိုရင်တောင် SP ဆက်လုပ်သွားမယ်ဆိုတဲ့ ယွန်းဝတီလွင်မိုး

ခွန်အားတွေ လုံး၀ လျော့မသွားဘဲ ဒီမိုကရေစီပြန်ရပြီဆိုရင် တောင် SP ဆက်လုပ်သွားမယ်ဆိုတဲ့ ယွန်းဝတီလွင်မိုး

 

 

ကိုယ့်နိုင်ငံကိုယ် ကာကွယ်ဖို့ အမေက မွေးထုတ်ပေးလိုက်တာဆိုပြီး ခံပြင်းစွာနဲ့ ပြောလာခဲ့တဲ့ ယွန်းဝတီလွင်မိုး

သရုပ်ဆောင် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ပြ ည်ပနိုင်ငံတွင် ပညာသင်ကြား နေတာကြောင့်ဘဲ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ် နေတဲ့

 

 

 

လူထု လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်မပါဝင် ရတဲ့အတွက် စိတ်မကောင်း ဖြစ်နေတာပါ ။

ဒါပေမယ့်လည်း ဩစတေးလျသို့ ရောက်ရှိနေတဲ့ ပြည်သူများ နဲ့ ကျရာအခန်း ကဏ္ဍကနေ တာဝန်ကျေပွန်စွာ လုပ်ဆောင် နေတာပါနော် ။

 

 

 

တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေရုံတင်မကဘဲ လူမှုကွန်ယ က်များမှာလည်းသတင်းအချက်အလက်တွေကို

အချိန်နဲ့တစ်ပြေးညီတင်ပေးနေတာလည်း ဖြစ်ပါတယ်နော် ။

 

 

 

သူမရဲ့ Twitter အကောင့်ကနေ တစ်ဆင့်လည်း မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေတဲ့

အခြေအနေတွေကို နိုင်ငံ တကာမှသိရှိနိုင်အောင် ဝေမျှပေးနေတာပါနော် ။

 

 

 

အသက်ငယ်ပေမယ့်လည်း နိုင်ငံ့အရေးအတွက်တက်ကြွစွာပါ ဝင်ပေးနေတဲ့

ခေးလေးကို ပရိသတ်တွေကလည်း ချီးကျူးနေ ကြတာပါ ။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခေးလေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်

 

 

 

ကိုယ့်နိုင်ငံကိုပြန် ကယ်တင်ဖို့အတွက်မိခင်ဖြစ်သူက မွေးထုတ် ပေးလိုက်တယ်လို့မှတ်ယူလိုက်ကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်နော်။

သူမက “ရင်နာတယ် ။ စိတ်နာတယ် ။ မျက်ရည်များစွာကျရတယ် ။

ဒါပေမယ့်၊အကြမ်းဖက်သမားတွေ မြန်မာပြည်ကြီးမှာရှိနေသ ၍လုံးဝ လုံးဝအရှုံးမပေးဘူး ။

 

 

 

ခွန်အားတွေလုံးဝမလျော့သွားဘူး ။

မြန်မာပြည်ကြီး Democracy ရပြီးတဲ့နောက်၊ တိုက်ပွဲကြီးနိုင်ပြီးရင်တောင် ဒီမှာတင်မရပ်ပါဘူး ။

Social punishment ဆက်လုပ်မယ် ။

 

 

 

ဒီတစ်သက်တော့ ကိုယ့်နိုင်ငံကိုပြန် ကယ်တင်ဖို့ အမေမွေးလာတာလို့ပဲ မှတ်လိုက်ပါပြီ ။

YWLM.” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး

ပရိတ်သတ်တွေ အတွက် တင်ဆက်ပေး လိုက်ရပါတယ် ။

 

 

Credit