News

အောက်ဆီဂျင်အိုးများမရာမှ လက်ထိခိုက်မိပြီး လက်မြောက်လို့မရတဲ့အတွက် ထူးခန့်ကျော်ဆီမှာ ကုသမှုခံယူခဲ့ရတဲ့ ဝေဠုကျော်

ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသားကြီး ဝေဠုကျော်ကတော့ လက်မြှောက်လို့မရတဲ့ ဝေဒနာကို ခံစားနေခဲ့ရပါတယ်တဲ့။ ဝေဠုကျော်ကတော့ အောက်ဆီဂျင်အိုးများမရာမှ လက်ထိခိုက်မိပြီး လက်မြှောက်လို့ မရဖြစ်ခဲ့တာပါတဲ့။

ဝေဠုကျော်ကတော့ အခုလိုဝေဒနာခံစားနေရတဲ့ အတွက် ထူးခန့်ကျော်က သူ့ဆီမှာ လာရောက်ကုသမှုခံယူခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲမျှဝေခဲ့တာပဲဖြစ်ပါတ ယ်။

“အင်မတန်လေးစားရသောပရဟိတ မင်းသားကြီးကိုဝေဠုကျော် ရေဘေး မီးဘေး လေဘေးနှင့်ဘေးဒုက္ခအမျိုးမျိုးတို့အားလည်း မိမိရဲ့အသက်အားပဓာနမထားဘဲ အများအကျိုးအတွက်မိမိရဲ့အသက်ကိုမငဲ့ဘဲ အများအတွက်ပေးဆပ်နေရင်း အောက်ဆီဂျင်အိုးများမရာမှာ မိမိရဲ့လက်ထိခိုက်မိပြီးမြှောက် ၍မရဖြစ်ခဲ့လေသည်။

အခုလိုပရဟိတမင်းသားကြီးအကယ်ဒမီကိုဝေဠုကျော်အား တစ်ဒေါင့်တစ်နေရာမှ ပါရမီဖြည့်ပြီး ကိုဝေဠုကျော်ရဲ့ဘယ်ဘက်လက်မြှောက်မရခြင်းအား သက်သာလာအောင်ပါရမီဖြည့် ကုသမှု့ရခဲ့လိုလည်းအထူးပင်ကျေးဇူးတင်ရှိသလို

ယုံကြည်စွာဖြင့်ကျွန်တော်ထံလာရောက်ကုသပေးပါသော ပရ ဟိတအကယ်ဒမီမင်းသားကြီး ကိုဝေဠုကျော်အားခံစားနေရသောဝေဒနာများအမြန်မကြာ သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း

အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေနော်”လို့ အခုလို ပရဟိတလုပ်ငန်းတွေလုပ်ဆောင်နေတဲ့သူကို ပါရမီဖြည့်ကူညီခွင့်ရတဲ့အတွက် ပီတိဖြစ်ကြောင့်နဲ့အတူ ထူးခန့်ကျော်က မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

Crd

-Zawgyi Font ဖြင့် ဖတ်ရန်-








Crd