News




crd

unicode
မဟုတ်မမှန်တဲ့ သတင်းအမှားတွေတင်တာကို ရပ်တန့်ပေးဖို့တောင်းဆိုလာတဲ့ မြနှင်းရည်လွင်

ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေမှတဆင့် လူသိများလာခဲ့ပြီး အောင်မြင်နေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မြနှင်းရည်လွင်ကတော့ နွေဦးတော်လှန်ရေးကြီးမှာ တတ်တတ်ကြွကြွပါဝင်ခဲ့ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူရပ်တည်ပြီး ယုံချက်ကြည်တွေနဲ့ အနာဂတ်တွေအတွက် တော်လှန်ရေးတိုက်ပွဲကြီးမှာ ကြိုးစားပါဝင်နေတဲ့ သရုပ်ဆောင်မြနှင်းရည်လွင်ရဲ့ ခိုင်မာပြတ်သားတဲ့စိတ်ထားတွေကိုပရိသတ်တွေအားလုံးကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်။ ဖ.မ်.းဝ.ရ.မ်းထု.တ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေရပေမယ့် ေ.သွ.းမေ.အ.းဒူ.းမေ.ထ.ာက်ဘဲ လွတ်မြောက်နယ်မြေကို သွားရောက်ကာ ဆက်လက်တော်လှန်နေတာလည်း ဖြစ်ပါတယ်။မြနှင်းရည်လွင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်လွှင့်တဲ့ Radio အစီအစဉ်တွေမှာ တင်ဆက်သူအဖြစ်ပါဝင်သလို အခြား Campaign တွေ၊ စကားဝိုင်းတွေမှာလည်း Host အဖြစ် ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှာလည်း မြနှင်းရည်လွင်က ကျရာနေရာကနေ တာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ ဒီကနေ့မှာတော့ လူမှုကွန်ယက်ပေါ်မှာ မြနှင်းရည်လွင်နဲ့ ပတ်သက်ပြီး သတင်းအ.မှ.ားတချို့ပျံ့နှံနေခဲ့တာပဲ ဖြစ်ပါတယ်။ မြနှင်းရည်လွင်ဟာ အငြိမ်းစားသမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်ရဲ့ တူမအရင်းဆိုပြီး ဆိုရှယ်မီဒီယာများပေါ်မှာ ပျံ့နှံ့နေခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းအရာကို Thoon Waddy ဆိုတဲ့ လူမှုကွန်ယက်တစ်ခုမှစတင်ဖော်ပြရေးသားလာခဲ့တာပါ။ အဲ့ဒီ့နောက်မှာတော့ အငြိမ်းစားသမ္မတဟောင်း ဇနီးရဲ့တူမဆိုပြီး လူအများကြား ပြန့်နှံ့သွားစေခဲ့တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ အဆိုပါကိစ္စဟာ သတင်းအ.မှ.ားတစ်ခုသာဖြစ်ကြောင်းနဲ့သူနဲ့ပက်သက်တဲ့ သတင်းအ.မှ.ာ.း တင်တာတွေကိုလည်း ရပ်တန်းက ရပ်တန့်ပေးကြဖို့ မေတ္တာရပ်ခံထားတာပဲ ဖြစ်ပါတယ်နော်။ မမမြကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်