Celebrity News

သံဃာတော်တွေကို ဝါဆိုသင်္ကန်းနဲ့ အာရုံဆွမ်းကပ်လှူဒါန်းမှုတွေ ပြုလုပ်ကုသိုလ်ယူခဲ့တဲ့ ဦးမိုးဒီ

သံဃာတော်တွေကို ဝါဆိုသင်္ကန်းနဲ့ အာရုံဆွမ်းကပ်လှူဒါန်းမှုတွေ ပြုလုပ်ကုသိုလ်ယူခဲ့တဲ့ ဦးမိုးဒီ

ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ် ငလေးရော လူကြီးပါမကျန် အားလုံးချစ်ခင်အားပေးကြသူတွေထဲမှာ ဟာသလူရွှင် တော်ကြီး ဦးမိုးဒီကလည်း အပါအဝင်ပါပဲ။

ဦးမိုးဒီကတော့ လတ်တလောမှာ အခြေအနေတွေအကြောင်း ကြောင်းကြောင့် အနုပညာအလုပ်တွေရပ်နားထားပေမယ့် လှူ ဒါန်းမှုတွေ မကြာခဏပြုလုပ်နေသူပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လူရွှင်တော်မိုးစက်နဲ့အတူ ပရဟိတဂေဟာလေးတစ်ခုမှာ ကလေးတွေအတွက် လှူဒါန်းမှုပြုလုပ်ခဲ့သလို ဒီကနေ့မှာလည်း နေအိမ်မှာ အလှူလေးပြုလုပ်ခဲ့ပြန်ပါတယ်။

ဧစေမြိုင်ဘုန်းကြီးကျောင်းမှာ သံဃာတော်တွေကို ဝါဆို သင်္ကန်းနဲ့ အာရုံဆွမ်းကပ်လှူဒါန်းမှုတွေ ပြုလုပ်ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။

လှူဒါန်းမှုအစုစူ ပုံရိပ်လေးတွေကိုတော့ သားဖြစ်သသ လူရွှင် တော်ကောင်းစံက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှထားတာ ဖြစ်ပါတယ်။

ဦးမိုးဒီတို့ မိသားစုလေးရဲ့ ကောင်းမှုကုသိုလ်လေးတွေကိုလည်း ပရိသတ်တွေက ဝမ်းသာစွာနဲ့ သာဓုခေါ် ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်။

crd#original writer

Zawgyi







crd#original writer