News

သမီးအရင်းဖြစ်သူရဲ့ အိမ်ပေါ်ကနှင်ချတာကိုခံခဲ့ရတဲ့ အသက်(၇၅)နှစ်အရွယ် ဖခင်ကြီး

အင်္ဂလန်နိုင်ငံ၊ မစ်ဒယ်ဘရော့မှာနေထိုင်တဲ့ Frank Jones လို့အမည်ရတဲ့ အသက်(၇၅)နှစ်အရွယ် ပင်စင်စားအဖိုးအိုဟာ ဒီအသက်ဒီအရွယ်ရောက်မှ သမီးအရင်းကိုယ်တိုင်က အိမ်ကနှင်ချတာကို ခံခဲ့ရပါတယ်။ Jones ရဲ့ဇနီး Frances ဟာ အသက်(၇၉)နှစ်ရှိပြီဖြစ်ပြီး၊ သူမကိုတော့ သမီးအရင်းဖြစ်သူက Dementia ရောဂါသည်တွေစောင့်ရှောက်တဲ့ ဂေဟာကို ပို့ခဲ့ပါတယ်။

အခုအခါမှာ Jones ဟာ အလွန်စိတ်မကောင်းဖြစ်နေပြီး၊ (၅၃)နှစ်ကြာ အိမ်ထောင်သက်ခိုင်မြဲခဲ့တဲ့ ဇနီးသည်အတွက် အိမ်မရှိတော့ဘူးလို့ ဆိုပါတယ်။ Jones ကို နှင်ချခဲ့တဲ့ သမီးကြီးကတော့ Lisa Crossman ဖြစ်ပြီး သူမက အသက် (၃၃)နှစ်အရွယ်ရှိပါပြီ။ တကယ်တော့ ဒီအိမ်ကို မိဘတွေဆီကနေ အချိုအချောင်ရလို့ Lisa က ပြန်ဝယ်ထားတာပါ။

အဲဒီနောက် မကြာမီမှာ မိခင်ကြီးကို စောင့်ရှောက်ရေးဂေဟာပို့ခဲ့ပြီး၊ ဖခင်ဖြစ်သူကိုတော့ အိမ်ကနေထွက်သွားဖို့ ပြောခဲ့ပါတယ်။ မကြာမီမှာ သူမက ဒီအိမ်ကို ပြန်ရောင်းတော့မှာလို့ ဆိုပါတယ်။ Jones ကတော့ သူ့ရဲဇနီး ဆေးရုံက ပြန်လာတဲ့အခါ နေစရာအိမ်မရှိတော့မှာကို စိုးရိမ်နေတာပါ။

သူက Mirror သတင်းစာနဲ့တွေ့ဆုံစဉ်မှာ ” အခုတော့ သင်တော်သလို ရွက်ဖျင်တဲလေး ထိုးပြီးနေရမှာပေါ့ … ဒါပေမယ့် ဇနီးနဲ့အတူ ကိုယ့်အိမ်ကို ပြန်လိုချင်ပါတယ် … ကျွန်တော် အခုဆို ကောင်းကောင်းမအိပ်ရလို့ (၈)ပေါင်အထိ အလေးချိန်ကျဆင်းသွားပါပြီ … အခုဆို သမီးတွေ မြေးတွေကို မမြင်ရတော့ဘူးပေါ့ … သူတို့ကို ဆုံးရှုံးခဲ့ရလို့ သိပ်ကို ရှက်မိပါတယ် “လို့ ပြောခဲ့ပါတယ်။

Lisa ဟာ ၂၀၀၄ ခုနှစ်က ပေါင် (၁၄၀,၀၀၀)တန်တဲ့ အိမ်ကို ပေါင် (၆) သောင်းနဲ့ ဈေးဖြတ်ပြီး ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မိဘနှစ်ဦးစလုံးကို ခြံထဲက ဘန်ဂလိုကို ပြောင်းရွှေ့နေစေပြီး၊ ဒီအတိုင်း အလကားထားတာတော့ မဟုတ်ပါဘူး။ သူ့ကို တစ်လ ပေါင် (၃၂၀)ပေးရပါတယ်။ မကြာမီမှာပဲ ဇနီးဖြစ်သူက ဆေးရုံတက်ရဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် သမီးဖြစ်သူ Lisa ကတော့ သူမရဲ့လုပ်ရပ်ကို ကာကွယ်ပြောကြားခဲ့ပါတယ်။ သူမက “အဖေက ရှင်တို့မသိလို့ပါ.. သိပ်ကြောက်စရာကောင်းတယ် … အခု အမေလည်း ဒီမှာမရှိတော့ သူ့ကို ကာကွယ်ပေးမယ့်သူမရှိတော့ဘူး … ဒီတော့ ကျွန်မတို့ ညီအစ်မနှစ်ယောက် ဆက်ပြီးတိုင်ပင်ခဲ့တယ် … ဒီလိုလုပ်မှ အိမ်ကို အရှင်းပိုင်ရမှာပါ “လို့ ပြောခဲ့ပါတယ်။

Credit